Local News

ကားထဲမှာ သီချင်းထိုင်ဆိုပေးရုံနဲ့ Taxi အခမဲ့စီးခွင့်ပေးတဲ့ ကားဆရာ(ရုပ်သံ)

ကားထဲမှာ သီချင်းထိုင်ဆိုပေးရုံနဲ့ Taxi အခမဲ့စီးခွင့်ပေးတဲ့ ကားဆရာ(ရုပ်သံ)

ထိုင်ဝမ်နိုင်ငံရှိ အသက် ၅၇ နှစ် အရွယ် Tu Ching Liang အမည်ရှိတဲ့ Taxi driver တစ်ဦးဟာ ခရီးသည်တွေအား သူတို့ရဲ့လမ်းကြောင်းပေါ်သွားနေစဉ်အတွင်း သူ့အတွက် ကာရာအိုကေသီချင်း သီဆိုပေးသူတွေအား ၎င်းတို့ရဲ့လိုရာခရီးကို အခမဲ့ပို့ဆောင်ပေးနေပါတယ်။

Tu ဟာ သူ့ရဲ့YouTube channel မှာ ပုံမှန်မဟုတ်တဲ့ လျှော့စျေးအစီအစဉ်ရဲ့နောက်ကွယ်မှ သန်းပေါင်းများစွာသောဗီဒီယိုတွေကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ Tu ဟာ အခုလိုမလုပ်ခင် လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ခရီးသည်တွေကို သီချင်းခေါင်းစဉ် ခန့်မှန်းခိုင်းတဲ့အစီအစဉ်နဲ့ စတင်ခဲ့တာပါ။

အခုတော့ ကားထဲကို ကင်မရာတွေတပ်ပြီး ခရီးသည်တွေကို ကာရာအိုကေ ဆိုခိုင်းတဲ့အစီအစဉ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။“ ငါ ကားမောင်းလာတာ သက်တမ်း ၂၇ နှစ်ရှိနေပါပြီ ၊ ကာရာအိုကေဆိုပြီး ဆုချတဲ့အစီအစဉ်ကို ၈ နှစ် ကြာလုပ်ခဲ့တယ် ၊ ဗီဒီယိုရိုက်တာကိုတော့ ၆ နှစ်ကြာလုပ်ခဲ့တယ် ၊ ဗီဒီယိုအခုပေါင်း ၁၀,၀၀၀ ကျော် ရိုက်ကူးခဲ့ပြီး ငါ မတူညီတဲ့နိုင်ငံ ၁၀ခုရဲ့ TV show မှာ ပါခဲ့ဖူးတယ်” လို့ Tu က သူစတင်ခဲ့တဲ့အချိန်ကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာ Tu ရဲ့YouTube channel ဟာ subscriber ပေါင်း ၂၀,၀၀၀ ကျော်ရှိနေပြီး သူဟာ international influencer တစ်ယောက်လည်း ဖြစ်နေပါပြီ။Tu က “ထိုင်ဝမ်လူမျိုးတွေက သီချင်းဆိုရတာကိုနှစ်သက်ကြတယ် ၊ ဒါပေမဲ့ ကားအပြင်ဘက်မှာ ထွက်နေတဲ့အသံကြောင့် ရဲတွေက ဒဏ်ငွေရိုက်နိုင်ပြီး လူတွေက တစ်ခါတစ်ရံ ဖျော်ဖြေတင်ဆက်ရမှာကို ရှက်နေတတ်ကြတယ် ၊

တစ်ကယ်တော့ သူတို့ရဲ စွမ်းသတ္တိကို လေ့ကျင့်ပေးဖို့ပါ ၊သူတို့ရဲ့လေ့ကျင့်မှုက မပြောနိုင်ဘူး တစ်ချိန်ချိန်မှာ စူပါစတားဖြစ်လာနိုင်တာဘဲ မဟုတ်လား ”လို့ဆိုပြီး သူ့သဘောကျတဲ့ အဆိုတော် ကို မေးတော့ Tu က Ed Sheeran ကို ရွေးချယ်ခဲ့ပါသေးတယ်။