ကားပျက်တိုင်း ဝပ်ရှော့ပို့စရာမလိုအောင် ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ အခြေခံအချက်လေးများ
ကားတစ်စီးမှာ ပျက်နိုင်ချေ၊ ဖြစ်နိုင်ချေတွေက အများကြီးပါ။ သို့ပေမယ့် အချို့ပျက်ဆီးမှုများက ဝပ်ရှော့ပို့စရာမလိုပဲ ကိုယ်တိုင်ပြင်လို့ရတာရှိပါတယ်။
အချို့ကျတော့လည်း ကိုယ်တိုင်ပြင်လို့မရပေမယ့် သိထားတော့ ဝပ်ရှော့ပို့တဲ့အခါ ကိုယ်ကအညာမခံရမှာဖြစ်ပါတယ်။ဒါကြောင့်မို့အခြေခံအားဖြင့် ကားပိုင်ဆိုင်သူအားလုံး သိထားသင့်တဲ့ အခြေခံကားဗဟုသုတလေးကို ရေးသားမျှဝေပေးလိုက်ရပါတယ်။ မီးခိုးအထွက်လွန်နေရင် သေချာပါတယ်။
ဆီယိုနေပါပြီ။ ဒီမှာမီးခိုးအရောင်ကို ထပ်ခွဲရပါအုံးမယ်။ မီးခိုးအမည်းရောင်ဆိုရင် အင်ဂျင်ဆီယိုနေခြင်းဖြစ်ပါတယ်။ မီးခိုးအဖြူ ဘက် နည်းနည်းလိုက်ရင် ရေယိုနေခြင်းဖြစ်ပါတယ်။
ရေယိုဆိုတာ အင်ဂျင်အအေးခံဖို့အတွက် ပေးထားတဲ့ရေလမ်းကြောင်းကနေ ပေါက်ထွက်ပြီး ဆလင်ဒါထဲဝင်ရောလို့ ဖြစ်ပါတယ်။ မီးခိုအပြာရောင် သို့မဟုတ် အခြားသောရောင်စုံဆိုရင် ဒါချောစီ (ကားချောစီ) ယိုနေခြင်းဖြစ်ပါတယ်။
ဘယ်လိုပြင်မလဲ – ဆိုင်သာပို့ပါ။ ဒါက လက်တည့်စမ်းပြီး လျှောက်ပြင်ရမယ့် ပြဿဿနာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေကတော့ အင်ဂျင်ပေါက်ကွဲခြင်းဖြစ်ပါတယ်။ဆလင်ဒါရဲ့ လုပ် ဆောင်ချက်က ပုံမှန် မဟုတ်တော့ပဲ မီးလောင်မယ့်အနေအထားထိကို ရောက်စေပါတယ်။
ပါဝါမှန်ပူနေရင် ပူနေရင် ဒီတိုင်းကြည့်မနေပါနဲ့။ ရှော့ရှိပါတယ်။ ဒါအတွင်းမှာထည့်ထားတဲ့ အမဲဆီတစ်မျိုး က တော်တော်လေး အပူဒဏ်ခံနေရခြင်းဖြစ်ပါတယ်။ ကိုယ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မှန်ကအပေါ်တက်သွားတာမှန်ပေမယ့် နောက်ကွယ်မှာ သူအလုပ်လုပ်လိုက်ရတဲ့ ဖက်ရှင်တွေ တော်တော်လေးစုံပါတယ်။
အီလက်ထရောနစ်နဲ့ ဟိုက်ဒရော လစ်စနစ် ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။တစ်ခုပျက်ရင် နှစ်ခုလုံးကိုအလုပ် မလုပ်စေတော့ပါဘူး။ ဒီလိုပြင်မလဲ ဆီအစားထိုးပေးရမှာဖြစ်ပါတယ်။ ဆီဆိုလို့ တွေ့ကရာဆီ မဟုတ်ပါဘူး။ သူ့အမျိုးအစားနဲ့သူ သတ်မှတ်ထားတာရှိပါတယ်။
ကိုယ်တိုင်ဖွင့်ကြည့်နိုင်တယ်ဆိုရင် ကြည့်နိုင်ပါတယ်။ အတွင်းမှာ အသုံးပြုတဲ့ဆီတစ်မျိုးကို စနစ်တကျပြန်အစားထိုးပေးဖို့တော့လိုပါတယ်။ ဝပ်ရှော့ပို့တာပိုအန္တာရယ်ကင်းပါတယ်။ ဝပ်ရှော့ပို့ပေမယ့် သူတို့ပြန်ထည့်ပေးမယ့်ဆီကို သေချာစစ်ဆေးစေချင်ပါတယ်။
မှန်အတင်အချ စနစ်မှာသုံးတဲ့ Grease oil က တော်ရုံဆီများနဲ့မတူပါဘူး။ တလွဲထည့်ရင် ခဏတာကောင်းပေမယ့် ရေရှည်မှာ အန္တရာယ်ရှိပါတယ်။
စက်ကောင်းကောင်းမနိုးရင် အရင်ကဆို သော့တစ်ချက်လှည့်ရုံနဲ့ စက်နိုးပေမယ့် နောက်ပိုင်းကျအဲ့လိုမဟုတ်တော့ဘူး ဆိုတာမျိုးလည်းဖြစ်ပါတယ်။ မြင်းဟီးသလိုပဲ တစ်ဟီးဟီးနဲ့ထမြည်လို့ ရပ်သွားပါတယ်။ တစ်ခါခါတော့အဲ့လိုမြည်ပြီး စက်နိုးသွားပါတယ်။
Engine Starting မှာ ဒါတွေဖြစ်တာ အဓိကက ဘက်ထရီပါပဲ။ ဘကျင်္ထကောငျးရငျ ဒါမျိုးဖြစ်စရာအကြောင်းမရှိပါဘူး။ ဓာတ်ဆီကားမှာဆို Spark ရိုက်ဖို့အတွက် ဘက်ထရီကလုပ်ပေးပြီး ဒီဇယ်မှာကျတော့ ကားအင်ဂျင်လည်ဖို့အတွက် ဘက်ထရီကစမောင်းပေးရပါတယ်။
ဘယ်လိုပြင်မလဲ ကား စ စချင်းမှာမနိုးဘူးဆိုရင် ဘက်ထရီကြိုးလွတ်နေလားဆိုတာ စက်ဖုံးမှာ အကြမ်းဖျင်း ကိုယ်တိုင်ဝင်စစ်နိုင်ပါတယ်။ ဒါလည်းမလွတ်ဘူးဆို ဘက်ထရီမကောင်းလို့ဆိုတာ ပထမဦးဆုံးကောက်ချက် ချနိုင်ပါတယ်။ ဒါလည်းမဟုတ်သေးဘူးဆိုရင် အခြားအပြစ်တင်စရာများလည်း ရှိနေပါသေးတယ်။
ဒါကြောင့် ဘယ်လိုမှမရနိုင်တော့ဘူးဆိုရင်း ကားဘီးအူတိုင်ကို လည်စေဖို့အတွက် နောက်ကနေအကူအညီနဲ့တွန်းခိုင်းပြီး စက်နိုးရတဲ့အဆင့်အထိကို လုပ်ရပါတော့မယ်။ ပြီးတော့မှာ Engine Starting System ပြဿနာကို ဝပ်ရှော့ဆရာများနဲ့ ပူးပေါင်းဖြေရှင်းနိုင်ပါတယ်။
ကားမောင်းနေရင်းနဲ့ရပ်ရင် မောင်းနေရင်းနဲ့ရပ်တာ အဓိက အကြောင်းအရင်းက အင်ဂျင်လည်တာရပ်ခြင်းပါပဲ။ ဒါဆို အင်ဂျင်က ဘာလို့ လည်နေရင်းနဲ့ ရပ်ရလည်းဆိုတာက ရှင်းပါတယ်။ အင် ဂျင်ဆီလမ်းကြောင်းပိတ်တယ်ဆိုတာ အကြမ်းဖျင်း သိရှိနိုင်ပါတယ်။ ဒါကအဖြစ်နိုင်ဆုံး အခြေအနေတစ်ခုကို ပြောတာပါ။ နောက်ထပ်ဖြစ်နိုင်ချေတွေလည်း ရှိနေတတ်ပါသေးတယ်။
ဘယ်လိုပြင်မလဲ ဆီပိုက်ကိုပြန်စစ်ရမှာပါ။ ပြီးတော့ဆီဗုံးမှာ ဆီ ကျန် မကျန်လည်း စစ်ရပါအုံးမယ်။ တစ်ခါခါကျ ဒိုင်ခွက်က အမှားပြနေတာမျိုးတို့ကလည်း ရှားရှားပါးပါး ကြုံတွေ့ရတတ်ပါတယ်။ အင်ဂျင်ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီလမ်းကြောင်း စနစ်တစ်ခုလုံး အမှားအယွင်းရှိမရှိ ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။
ဓာတ်ဆီကားမှာဆိုရင် ကာပရိုက်တာကိုပါ စစ်ဆေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်စီးတဲ့ ကားရဲ့ အကြမ်းဖျင်းဖွဲ့စည်းတည်ဆောက်ပုံ၊ အတွင်းခန်း တည်ဆောက်ပုံတို့ကို သေချာလေ့လာထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
မူရင်း Credit