ဗဟုသုတ

ကိုယ်တိုင်မှာ တစ်နေ့ကို ထမင်းသုံးနပ်ပြည့်အောင် မစားရသော်လည်း ကောက်တွေ့သောပိုက်ဆံအိတ်ကို ပိုင်ရှင်ထံပြန်ပေးဖို့ ကြိုးစားခဲ့သည့် ၈ နှစ်အရွယ် ညီအစ်ကိုနှစ်ဦး

ကိုယ်တိုင်မှာ တစ်နေ့ကို ထမင်းသုံးနပ်ပြည့်အောင်မစားရသော်လည်း ကောက်တွေ့သောပိုက်ဆံအိတ်ကို ပိုင်ရှင်ထံပြန်ပေးဖို့ ကြိုးစားခဲ့သည့် ၈ နှစ်အရွယ် ညီအစ်ကိုနှစ်ဦး

ငယ်စဥ်အခါ ကလေးတို့၏ ဖြူစင်ရိုးသားလှသော စိတ်ထားတို့ကို ပတ်ဝန်းကျင်က အရောင်အမျိုးမျိုး ပြောင်းလဲစေတတ်တာလည်းဖြစ်ပါတယ်။ ကလေးတို့သည်ကား လောကသဘာဝ ၏ အကြောင်းကို ဘာမှသိရှိသေးခြင်းမရှိသော်လည်း ဘဝကို ရိုးသားစွာဖြတ်သန်းနေကြသူများဖြစ်ပေသည်။

ယခုတွင်လည်း အသက်၈နှစ်အရွယ် ကလေးနှစ်ဦး၏ အပြုအမူတစ်ခုသည် အသက်ကြီးသူကပင် လေးစား အတုယူဖွယ်ရာ ဖြစ်စေခဲ့ပါတယ်။ အသက်၈နှစ်အရွယ် ညီအကိုနှစ်ဦးဟာ အခြားသူငယ်ချင်းများနှင့်အတူ လမ်းကြားတစ်ခုတွင် ဆော့ကစားနေခဲ့ကြတာဖြစ်ပါတယ်။

ထိုအချိန်တွင် ပိုက်ဆံအိတ်တစ်ခုကို ကောက်တွေ့သောအခါ ယူဆောင်ခြင်းမရှိဘဲ လုံခြုံးရေးဝန်ထမ်းတစ်ဦးထံသို့ သွားရောက်ကာ ပေးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

လုံခြုံရေးဝန်ထမ်းဟာလည်း ကလေးတို့၏ ရိုးသားဖြူစင်မှုကို လေးစားခဲ့ရပြီး ကလေးတို့၏အကြောင်းကို သိရှိလိုက်ရသောအခါ ပို၍လေးစားခဲ့ရပါတယ်။ အကြောင်းကတော့ ကလေးငယ်တို့ဟာ ငွေကြေးချို့တဲ့သည့် မိသားစုကဖြစ်ပြီး အစားအသောက်စားရန်ပင် ခက်ခဲနေသူတွေဖြစ်ပါတယ်။