News

မသန်မစွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း လောကဓံကို အရှုံးမ‌ပေးတဲ့ ကလေးငယ်

မသန္မစြမ္းတစ္ေယာက္ျဖစ္ေပမယ့္လည္း ေလာကဓံကို အရႈံးမ‌ေပးတဲ့ ကေလးငယ္

ခုေဖာ္ျပေပးမွာကေတာ့ အ႐ြယ္နဲ႔မမွ်ေအာင္ေလာကဓံကိုအရႈံးမေပးတဲ့ ကေလးတစ္ေယာက္အေၾကာင္းပဲ ျဖစ္ပါတယ္။ သူကေတာ့ (၆)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေဘာစ္နီးယား ႏိုင္ငံက ကေလးတစ္ေယာက္ပါ။ မ်က္ႏွာျမင္ခ်စ္ခင္ပါေစ႐ုပ္ေလးနဲ႔ျပည့္စုံတဲ့ (၆)ႏွစ္သားေလး Ismail Zulfic မွာ တျခားကေလးေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ ကိုယ္လက္အဂၤါ မစုံလင္တာပါပဲ။ မသန္စြမ္းကေလးငယ္တစ္ေယာက္ျဖစ္တဲ့ Ismail ဟာ ေမြးရာပါ ေျခလက္အဂၤါ ခ်ိဳ႕ယြင္းေနတာေၾကာင့္ သူ႔အတြက္ေတာ့ သူမ်ားေတြထက္ခက္ခက္ခဲခဲ အသက္ရွင္ေနရတာပါ။

ဲဒါေပမယ့္ သူတို႔လိုမသန္စြမ္းကေလးငယ္ေလးေတြကို ျပဳစုပ်ိဳးေထာင္ေပးတဲ့ ေရကူးသင္တန္းေက်ာင္းရွိပါတယ္။ သူ႔ရဲ႕မိဘေတြကလည္း Spid ဆိုတဲ့ အခမဲ့သင္ၾကားေပးတဲ့ မသန္စြမ္းကေလးငယ္ေရကူးသင္တန္းေက်ာင္းေလးကို ပို႔ေပးခဲ့ပါတယ္။ ေရကူးဝါသနာပါတဲ့ Ismail လည္း အဲ့ဒီေရကူးသင္တန္းကို ေ႐ြးခ်ယ္ျဖစ္ခဲ့ပါတယ္။

အစပိုင္းကေတာ့ Ismail ဟာ ေရေၾကာက္တတ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဆင္ေျပခဲ့ပါတယ္။ မသန္စြမ္းကေလးငယ္ေတြရဲ႕ ခႏၶာကိုယ္အေနအထားကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္မတူၾကေပမယ့္လည္း သူတို႔ျဖစ္ခ်င္တာေလးေတြျဖစ္ခြင့္ရဖို႔ မိဘေတြအေနနဲ႔ သူတို႔ဆႏၵေလးေတြကို လုပ္ခြင့္ေပးလိုက္ပါလို႔ သင္တန္းနည္းျပ Amel က ေျပာပါတယ္။

Ismail ရဲ႕ ေရေၾကာက္တဲ့စိတ္ကို ေပ်ာက္သြားေစဖို႔ ေရကူးသင္ရာမွာ သီးသန႔္အခ်ိန္ေပးရတယ္လို႔ ဆိုပါတယ္။ သားေလး Ismail ရဲ႕ မိဘေတြကေတာ့ သူတို႔ရဲ႕သားျဖစ္သူကို ကြၽမ္းကြၽမ္းက်င္က်င္ ေရကူးတတ္ေစဖို႔ ထရိန္နင္ေတြေပးေစပါတယ္။ သင္တန္းေက်ာင္းရဲ႕ေလ့က်င့္ေပးမႈေတြနဲ႔အတူ သူ႔ရဲ႕ အေလွ်ာ့မေပးတဲ့ စိတ္ဓာတ္ႀကံ့ခိုင္မႈေတြေၾကာင့္ အခုဆိုရင္ သူက အေတာ္ေလး ေရကူးကြၽမ္းက်င္ေနတဲ့အဆင့္ေရာက္ေနပါၿပီ။ ႀကိဳးစားမႈရလာဒ္ေတြေၾကာင့္ အေကာင္းဆုံး မသန္စြမ္းေရကူးသမားဆုအျဖစ္ ေ႐ႊတံဆိပ္ဆု ရရွိခဲ့ပါတယ္။ ပရိသတ္ေတြလည္း ဘယ္လိုအခက္အခဲဒုကၡေတြပဲႀကဳံႀကဳံ စိတ္ဓာတ္မက်ပါနဲ႔။

Unicode

ခုဖော်ပြပေးမှာကတော့ အရွယ်နဲ့မမျှအောင်လောကဓံကိုအရှုံးမပေးတဲ့ ကလေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူကတော့ (၆)နှစ်အရွယ်သာရှိသေးတဲ့ ဘောစ်နီးယား နိုင်ငံက ကလေးတစ်ယောက်ပါ။ မျက်နှာမြင်ချစ်ခင်ပါစေရုပ်လေးနဲ့ပြည့်စုံတဲ့ (၆)နှစ်သားလေး Ismail Zulfic မှာ တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့ ကိုယ်လက်အင်္ဂါ မစုံလင်တာပါပဲ။ မသန်စွမ်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ Ismail ဟာ မွေးရာပါ ခြေလက်အင်္ဂါ ချို့ယွင်းနေတာကြောင့် သူ့အတွက်တော့ သူများတွေထက်ခက်ခက်ခဲခဲ အသက်ရှင်နေရတာပါ။

ဲဒါပေမယ့် သူတို့လိုမသန်စွမ်းကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ ရေကူးသင်တန်းကျောင်းရှိပါတယ်။ သူ့ရဲ့မိဘတွေကလည်း Spid ဆိုတဲ့ အခမဲ့သင်ကြားပေးတဲ့ မသန်စွမ်းကလေးငယ်ရေကူးသင်တန်းကျောင်းလေးကို ပို့ပေးခဲ့ပါတယ်။ ရေကူးဝါသနာပါတဲ့ Ismail လည်း အဲ့ဒီရေကူးသင်တန်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်းကတော့ Ismail ဟာ ရေကြောက်တတ်ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေခဲ့ပါတယ်။ မသန်စွမ်းကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အနေအထားကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပေမယ့်လည်း သူတို့ဖြစ်ချင်တာလေးတွေဖြစ်ခွင့်ရဖို့ မိဘတွေအနေနဲ့ သူတို့ဆန္ဒလေးတွေကို လုပ်ခွင့်ပေးလိုက်ပါလို့ သင်တန်းနည်းပြ Amel က ပြောပါတယ်။

Ismail ရဲ့ ရေကြောက်တဲ့စိတ်ကို ပျောက်သွားစေဖို့ ရေကူးသင်ရာမှာ သီးသန့်အချိန်ပေးရတယ်လို့ ဆိုပါတယ်။ သားလေး Ismail ရဲ့ မိဘတွေကတော့ သူတို့ရဲ့သားဖြစ်သူကို ကျွမ်းကျွမ်းကျင်ကျင် ရေကူးတတ်စေဖို့ ထရိန်နင်တွေပေးစေပါတယ်။ သင်တန်းကျောင်းရဲ့လေ့ကျင့်ပေးမှုတွေနဲ့အတူ သူ့ရဲ့ အလျှော့မပေးတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် အခုဆိုရင် သူက အတော်လေး ရေကူးကျွမ်းကျင်နေတဲ့အဆင့်ရောက်နေပါပြီ။ ကြိုးစားမှုရလာဒ်တွေကြောင့် အကောင်းဆုံး မသန်စွမ်းရေကူးသမားဆုအဖြစ် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ပရိသတ်တွေလည်း ဘယ်လိုအခက်အခဲဒုက္ခတွေပဲကြုံကြုံ စိတ်ဓာတ်မကျပါနဲ့။