ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။
မင်းမော် ကွန်း ကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာ သက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။
အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရား ဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်.။ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။
အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်.မင်းသားမင်းမော်ကွန်းကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။
နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။ တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာလောလောဆယ်မှာလွတ်မြောက် နယ်မြေတစ်ခုကိုရောက်ရှိနေတယ်လို့လည်း သိရှိရပြီး သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကိုတွန်းလှန်နေတာပဲဖြစ်ပါတယ်။
အာဏာရှင်ကိုတွန်းလှန်နေကြတဲ့အထဲမှာမိသားစုတွေကိုလည်း ခွဲထားခဲ့ရတာမို့ ကလေးငယ်လေးတွေရှိတဲ့ မိသားစုတွေကတော့ စိတ်ဒဏ်ရာတွေရရှိမှာလည်း သေချာပါတယ်နော်.အခု တစ်ခါမှာဆိုရင် သရုပ်ဆောင်မင်းမော်ကွန်းရဲ့ အိမ်ကို စက်တင် ဘာလ၂၆ ရက်နေ့၊ မနက် ၄နာ ရီလောက်က စကစတွေဝင်ရောက်ရှာဖွေပြီး ချိတ်ပိတ်လိုက်တယ်လို့သိရှိရပါတယ်။
မင်းမော်ကွန်းကတော့ ဘာဖြေရှင်းချက်မှ ပေးမလာသေးပါဘူးနော်ပရိသတ်ကြီးလည်း သတင်းမှားတွေသာ ဖြစ်ပါစေလို့ ဆုတောင်းပေးကြပါအုံးနော်
Credit; Cele Worldmdatenews