ကမ္ဘာပေါ်မှာ ရှေ့ကတည်းက သဘာဝအတိုင်းဖြစ်တည်နေကြတဲ့ ဧရာမတွင်းနက်ကြီး တွေထဲမှာ ယီမင်နိုင်ငံ အဲမဟာ ကန္တာရထဲက ငရဲတွင်းလို့ လူသိများခဲ့တဲ့ တွင်းနက်ကြီးလည်း အပါအဝင်ဖြစ်ပါတယ်။
အဆိုပါ တွင်းနက်ကြီးရဲ့ အောက်ကြမ်းပြင်မှာ မည်သည့်အရာတွေ ရှိတယ်ဆိုတာကို လေ့လာဖို့ လိုဏ်ဂူ စူးစမ်းရှာဖွေရေးအဖွဲ့တွေ အကြိမ်ကြိမ် ကြိုစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
တွင်းနက်ကြီးရဲ့ အဝဟာ မီတာ (၃၀)ကျယ်ပြီးအနက်မှာ (၁၁၂) မီတာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ငရဲတွင်းလို့ လူသိများခဲ့တဲ့ တွင်းနက်ကြီးရဲ့ ကြမ်းပြင်အထိ ပထမဆုံး အကြိမ်ဆုံး လူဆင်းသက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများက ဆိုထားပါတယ်။
ဒီငရဲတွင်း ကြမ်းပြင်ထိကို အိုမန်နိုင်ငံ လိုဏ်ဂူ စူးစမ်းရှာဖွေရေးအဖွဲ့က လူပထမဆုံး ခြေချနိုင်ခဲ့ပြီး တွင်းအထဲကအရာကို လေ့လာမှုတွေပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီတွင်းနက်ကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းကဖြစ်တည် လာခဲ့တာလို့ ယူဆရပြီး ရေစီးဝင်ရာကနေ အခုလို တွင်းနက်ကြီး ဖြစ်လာခဲ့တာပါ။
ဒေသခံတွေကြားမှာတော့ အဆိုပါတွင်းနက်ကြီးဟာ နတ်ဆိုးတွေအတွက် ထောင်လို့ ဒဏ္ဍာရီဆန်ဆန် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ယခုဆိုရင် ဒီတွင်းနက်ကြီးထဲကို ပထမဆုံး စူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
သတင်းအရင်းမြစ်: Source – RT