ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းသုံးနိုင်ဖို့အတွက် (၁) နာရီ တစ်သောင်းနှုန်းပေးကာ သုံးစွဲနေရေကြောင်း ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။
အွန်လိုင်းပေါ်က အလုပ်လုပ်ကိုင်နေသူတွေအတွက်တော့ မဖြစ်မနေ အသုံးပြုရမှာကြောင့် တစ်နာရီတစ်သောင်းပေးကာ သုံးစွဲနေကြတာတွေလည်းရှိနေပါတယ်။ ဖုန်းဆိုင်အကြီးတွေမှာ တစ်နာရီတစ်သောင်းပေးသုံးနေရသလို ဟိုတယ်တွေမှာလည်း ညလုံးပေါက်ကိုတစ်သိန်းနဲ့ အသုံးပြုနိုင်တာတွေလည်းရှိနေပါတယ်။
ယခင်ကလွတ်လွတ်လပ်လပ်သုံးစွဲနိုင်ပြီး သတင်းအချက်အလက် ပွင့်ပွင့်လင်းလင်း ဝေမျှနိုင်တဲ့ အခြေအနေကနေ အင်တာနက်ကို တစ်နာရီ တစ်သောင်းပေးသုံးရတဲ့အထိ ဆုတ်ယုတ်သွားတာတော့ တကယ်ကိုရင်နာစရာကောင်းလွန်းပါတယ်။
” တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လို system (စနစ်) စက်တွေနဲ့သုံးလဲဆိုတာတော့မသိဘူး။
ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂) ဆိုင် (၃) ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည (၁) သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်းရှိတယ် “လို့ ဒေသခံတွေကဆိုပါတယ်။
များသောအားဖြင့် Online Shop သမားတွေနဲ့ ကျောက်သမားအများစုက သုံးစွဲနေကြကြောင်းလည်း သိရပါတယ်။ သတင်းအချက်အလက်စီးဆင်းမှုကို ဖြတ်တောက်ချင်တာကြောင့် အခုလို အင်တာနက်လိုင်းတွေဖြတ်ခဲ့တာလို့ ဒေသခံတစ်ချို့ကဆိုပါတယ်။
အခုလိုဖြတ်တောက်ထားတာ သြဂုတ်လ (၂၀) ရက်နေ့ကတည်းကဖြစ်ပြီး အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ကို တောင်းဆိုထားကြပေမယ့် လက်ရှိအချိန်ထိကတော့ အင်တာနက်လိုင်းတွေ ဆက်လက်ဖြတ်တောက်ခံနေရဆဲဖြစ်ပါတယ်။
(Zawgyi)
အင္တာနက္ရရွိႏိုင္ဖို႔ တစ္နာရီတစ္ေသာင္းႏႈန္းေပးကာ သုံးစြဲေနရတဲ့ ဖာကန႔္ေဒသရဲ႕ လက္ရွိအေျခအေန
ဖားကန႔္ၿမိဳ႕နယ္၊ ဆိုင္းေတာင္က ဖုန္းဆိုင္ႀကီးအခ်ိဳ႕မွာ အင္တာနက္လိုင္းသုံးႏိုင္ဖို႔အတြက္ (၁) နာရီ တစ္ေသာင္းႈန္းေပးကာ သုံးစြဲေနေရေၾကာင္း ေဒသခံေတြရဲ႕ေျပာစကားအရ သိရပါတယ္။
အြန္လိုင္းေပၚက အလုပ္လုပ္ကိုင္ေနသူေတြအတြက္ေတာ့ မျဖစ္မေန အသုံးျပဳရမွာေၾကာင့္ တစ္နာရီတစ္ေသာင္းေပးကာ သုံးစြဲေနၾကတာေတြလည္းရွိေနပါတယ္။
ဖုန္းဆိုင္အႀကီးေတြမွာ တစ္နာရီတစ္ေသာင္းေပးသုံးေနရသလို ဟိုတယ္ေတြမွာလည္း ညလုံးေပါက္ကိုတစ္သိန္းနဲ႔ အသုံးျပဳႏိုင္တာေတြလည္းရွိေနပါတယ္။
ယခင္ကလြတ္လြတ္လပ္လပ္သုံးစြဲႏိုင္ၿပီး သတင္းအခ်က္အလက္ ပြင့္ပြင့္လင္းလင္း ေဝမွ်ႏိုင္တဲ့ အေျခအေနကေန အင္တာနက္ကိုတစ္နာရီတစ္ေသာင္းေပးသုံးရတဲ့အထိ ဆုတ္ယုတ္သြားတာေတာ့ တကယ္ကိုရင္နာစရာေကာင္းလြန္းပါတယ္။
” တစ္နာရီတစ္ေသာင္းနဲ႔ ေပးသုံးေနရတယ္။ ဘယ္လို system (စနစ္) စက္ေတြနဲ႔သုံးလဲဆိုတာေတာ့မသိဘူး။ဖုန္းဆိုင္ႀကီး အခ်ိဳ႕မွာပဲရတယ္။ (၂) ဆိုင္ (၃) ဆိုင္ေပါ့။ဟိုတယ္မွာက တစ္ညအျပတ္ဆိုရင္ တစ္ည (၁) သိန္းေပါ့။
အဲဒီလို ရတဲ့ေနရာလည္းရွိတယ္ “လို႔ ေဒသခံေတြကဆိုပါတယ္။မ်ားေသာအားျဖင့္ Online Shop သမားေတြနဲ႔ ေက်ာက္သမားအမ်ားစုကသုံးစြဲေနၾကေၾကာင္းလည္း သိရပါတယ္။
သတင္းအခ်က္အလက္စီးဆင္းမႈကိုျဖတ္ေတာက္ခ်င္တာေၾကာင့္ အခုလို အင္တာနက္လိုင္းေတြျဖတ္ခဲ့တာလို႔ ေဒသခံတစ္ခ်ိဳ႕ကဆိုပါတယ္။
အခုလိုျဖတ္ေတာက္ထားတာ ၾသဂုတ္လ (၂၀) ရက္ေန႔ကတည္းကျဖစ္ၿပီး အင္တာနက္လိုင္းေတြျပန္ဖြင့္ေပးဖို႔ကို ေတာင္းဆိုထားၾကေပမယ့္လက္ရွိအခ်ိန္ထိကေတာ့ အင္တာနက္လိုင္းေတြ ဆက္လက္ျဖတ္ေတာက္ခံေနရဆဲျဖစ္ပါတယ္။
Source: NUM