Local News

ပရိတ်ရွတ်ဖတ်နေစဉ် အသံသိပ်မထွက်တတ်တာကြောင့် သံဃာအချင်းချင်းပြစ်တင်ဝေဖန်ရာမှ သည်းမခံနိုင်ဘဲ ဓါးထိုးမှုဖြစ်ပွား

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်းပလွေးမြို့နယ် ဘန်းစီထောင်းရပ်ကွက် ဝပ်ဆိုင်းဘုန်းတော်ကြီးကျောင်းမှာ စက်တင်ဘာ (၂၈) ရက် ညနေ (၅) နာရီအချိန် သံဃာနှစ်ပါး အချင်းချင်းစကားများရန်ဖြစ်ကာကုဋီထဲတွင် ဓါးထိုးမှုဖြစ်ကြောင်းကို ကျောင်းထိုင်ဆရာတော်မှ သက်ဆိုင်ရာကိုအကြောင်းကြားတိုင်ချက်ဖွင့်ခဲ့တာကြောင့်တာဝန်ရှိသူရဲများက ပြစ်မှုကျူးလွန်သူ ဥူးဇင်းကို လူဝတ်လဲစေကာဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ အသက် (၃၇) နှစ်အရွယ် လူအမည် ချန်ချိုင်းဆိုသူသည် ရဟန်းဝတ်ဘဝနဲ့ ယခုဘုန်းကြီးကျောင်းမှာဝါဆိုနေပြီး ယခင်ကဆွမ်းစားပင့်ခြင်း အိမ်သစ်တက်ပင့်ခြင်းတို့ကို သိပ်ကြွလေ့မရှိပေမယ့်ယခုနောက်ပိုင်း ကျောင်းသံဃာအင်အားနည်းပါးလာတာကြောင့် မကြာခဏအပြင်ကိုကြွရသလို နာရေးဈာပနပင့်ရင်လည်းကြွရတယ်လို့ဆိုပါတယ်။

နာရေးတစ်ခုကို ပင့်ဖိတ်စဉ် ပရိတ်တရားများရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ ၎င်းမှာ အသံမထွက်တဲ့အတွက်” ဖရဘွန်းလို့ ”အမည်ရတဲ့ ကိုယ်တော်က မကြာခဏဆိုသလို သူ့ကိုပြသနာရှာလေ့ရှိကြောင်းပြောခဲ့ပါတယ်။

ပရိတ်သုတ်တော်တွေဝါးချတယ်ဆိုပြီး ကျောင်းကိုပြန်ရောက်တိုင်းပြစ်တင်ကဲ့ရဲ့ဝေဖန်မှုတွေကို သည်းခံခဲ့ပေမယ့် အခင်းဖြစ်ပွားရာနေ့မှာတော့ သည်းခံခဲ့သမျှကို စိတ်မထိန်းနိုင်တော့ဘဲ အသင့်ဆောင် ထားတဲ့ (၅) လက်မအသွားဓားနဲ့ ပြစ်တင်ခဲ့သူ ဥူးဇင်းကို ကုဋီထဲထိလိုက်ပြီး ထိုးခဲ့ကြောင်း ဝန်ခံ ဖြောင့်ချက်ပေးခဲ့ပါတယ်။

သွေးအိုင်ထဲလဲနေတဲ့ဘုန်းဘုန်းကိုတော့ ပရဟိတအဖွဲ့တွေက ဆေးရုံကို အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်လို့သိရှိရပါတယ်။ ပြည်သူတွေကို တရားပြနေတဲ့ သံဃာတော်တွေ ကိုယ်တိုင် စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ပြုမူမိတာဟာ မဖြစ်သင့်တဲ့လုပ်ရပ်တစ်ခုပါ။

(Zawgyi)

ပရိတ္႐ြတ္ဖတ္ေနစဥ္ အသံသိပ္မထြက္တတ္တာေၾကာင့္ သံဃာအခ်င္းခ်င္းျပစ္တင္ေဝဖန္ရာမွ သည္းမခံႏိုင္ဘဲ ဓါးထိုးမႈျဖစ္ပြားထိုင္းႏိုင္ငံ ႏြန္ထဘူရီခ႐ိုင္ ဘန္းပေလြးၿမိဳ႕နယ္ ဘန္းစီေထာင္းရပ္ကြက္ ဝပ္ဆိုင္းဘုန္းေတာ္ႀကီးေက်ာင္းမွာစက္တင္ဘာ (၂၈) ရက္ ညေန (၅) နာရီအခ်ိန္ သံဃာႏွစ္ပါး အခ်င္းခ်င္းစကားမ်ားရန္ျဖစ္ကာကုဋီထဲတြင္ ဓါးထိုးမႈျဖစ္ေၾကာင္းကို ေက်ာင္းထိုင္ဆရာေတာ္မွ သက္ဆိုင္ရာကိုအေၾကာင္းၾကားတိုင္ခ်က္ဖြင့္ခဲ့တာ ေၾကာင့္တာဝန္ရွိသူရဲမ်ားက ျပစ္မႈက်ဴးလြန္သူ ဥဴးဇင္းကို လူဝတ္လဲေစကာဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။

ျဖစ္စဥ္မွာ အသက္ (၃၇) ႏွစ္အ႐ြယ္ လူအမည္ ခ်န္ခ်ိဳင္းဆိုသူသည္ ရဟန္းဝတ္ဘဝနဲ႔ ယခုဘုန္းႀကီးေက်ာင္းမွာဝါဆိုေနၿပီးယခင္ကဆြမ္းစားပင့္ျခင္း အိမ္သစ္တက္ပင့္ျခင္းတို႔ကို သိပ္ႂကြေလ့မရွိေပမယ့္ယခုေနာက္ပိုင္း ေက်ာင္းသံဃာအင္အားနည္းပါးလာတာေၾကာင့္ မၾကာခဏအျပင္ကိုႂကြရသလို နာေရးဈာပနပင့္ရင္လည္းႂကြရတယ္လို႔ဆိုပါတယ္။

နာေရးတစ္ခုကို ပင့္ဖိတ္စဥ္ ပရိတ္တရားမ်ား႐ြတ္ဖတ္သရဇၩာယ္တဲ့အခါ ၎မွာ အသံမထြက္တဲ့အတြက္” ဖရဘြန္းလို႔ ” အမည္ရတဲ့ကိုယ္ေတာ္ကမၾကာခဏဆိုသလို သူ႔ကိုျပသနာရွာေလ့ရွိေၾကာင္းေျပာခဲ့ပါတယ္။

ပရိတ္သုတ္ေတာ္ေတြဝါးခ်တယ္ဆိုၿပီး ေက်ာင္းကိုျပန္ေရာက္တိုင္းျပစ္တင္ကဲ့ရဲ႕ေဝဖန္မႈေတြကို သည္းခံခဲ့ေပမယ့္အခင္းျဖစ္ပြားရာေန႔မွာေတာ့ သည္းခံခဲ့သမွ်ကို စိတ္မထိန္းႏိုင္ေတာ့ဘဲ အသင့္ေဆာင္ ထားတဲ့ (၅) လက္မအသြားဓားနဲ႔ျပစ္တင္ခဲ့သူ ဥဴးဇင္းကို ကုဋီထဲထိလိုက္ၿပီး ထိုးခဲ့ေၾကာင္း ဝန္ခံ ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။

ေသြးအိုင္ထဲလဲေနတဲ့ဘုန္းဘုန္းကိုေတာ့ ပရဟိတအဖြဲ႕ေတြက ေဆး႐ုံကို အခ်ိန္မီပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္လို႔သိရွိရပါတယ္။ျ ပည္သူေတြကို တရားျပေနတဲ့ သံဃာေတာ္ေတြ ကိုယ္တိုင္ စိတ္မထိန္းႏိုင္ဘဲ ေဒါသအေလ်ာက္ ျပဳမူမိတာဟာ မျဖစ္သင့္တဲ့လုပ္ရပ္တစ္ခုပါ။

Source: SiThu Maung