ဖုန်းဆော့လို့ဆိုပြီး အိမ်ကရိုက်နှက်ကာ မောင်းထုတ်လိုက်တာကြောင့် တံတားပေါ်ကနေခုန်ချဖို့ကြိုးစားနေတဲ့ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ ပြည်သူတစ်ဦး
ပြည်သူလူထုကတော့ မိမိရဲ့မျက်စိရှေ့မှာ အခက်အခဲဖြစ်နေတဲ့သူတွေကို တွေ့တိုင်း စေတနာအပြည့်နဲ့ကူညီပေးလိုက်တာဖြစ်ပါတယ်။ဒီကာလမှာဆိုရင် စားဝတ်နေရေးကြပ်တည်းလို့ ကိုယ်ကိုယ်ကို သတ်သေဖို့ကြိုးစားနေကြတဲ့သူတွေကိုလည်း ပြည်သူတွေကကယ်တင်ပေးနေကြတာဖြစ်ပါတယ်။
မနေ့ကဆိုရင်လည်း ညနေ (၆)နာရီအချိန်တွင် မိုးညှင်းမြို့၊သံတံတားပေါ်မှ ကလေးငယ်တစ်ယောက် ခုန်ချဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမြင်ကွင်းကို တွေ့မြင်သွားတဲ့ မိန်းကလေးလည်း ကလေးကို ပြေးဆွဲပြီး “ဘာလို့ခုန်ချတာလဲ” လို့မေးခဲ့တာဖြစ်ပါတယ်။
ကလေးကတော့ “အိမ်ကဖုန်းဆော့လို့ရိုက်ပြီးမောင်းထုတ်ခဲ့တာ”ဆိုပြီး ပြန်ဖြေပါတယ်။ ကလေးလေးကဦးလေး၊အဒေါ်တွေနဲ့ နေထိုင်ပြီး မိဘတွေကတော့ စစ်ကိုင်းမှာလို့သိရပါတယ်။
(၄)တန်းအရွယ်ပဲရှိသေးတဲ့ ကလေးကို ကယ်တင်ပေးတဲ့မိန်းကလေးလည်း အိမ်ခေါ်သွားပြီး မုန့်ကျွေးထားတာဖြစ်ပါတယ်။ ကယ်တင်ရှင်မိန်းကလေးအနေနဲ့လည်း ကလေးကိုအိမ်မှာခေါ်ထားလို့အဆင်မပြေတာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာတာဖြစ်ပါတယ်။
ကလေးကတော့ သူမနဲ့ပဲ နေချင်တယ်လို့ပြောပြီး အိမ်ပြန်ရမှာ အရမ်းကြောက်နေရှာတာဖြစ်ပါတယ်။ ဒါ့ကြောင့် မိန်းကလေးက ကလေးစိတ်ကျေနပ်အောင် ခဏခေါ်ထားပြီးလူသားအချင်းချင်းကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးခဲ့ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီနေ့ညနေ 6နာရီ မိုးညှင်းမြို့သံတံတားပေါ်မှာ ကလေးတစ်ယောက် ခုန်ချဖို့လုပ်နေလို့ ပြေးဆွဲလိုက်ရတယ်😭
ဘာလို့လုပ်တာလဲမေးတော့ အိမ်ကဖုန်းဆော့လို့ရိုက်ပြီး မောင်းထုတ်ခဲ့တာတဲ့ ဦးလေးတွေအဒေါ်တွေနဲ့နေတာပါ
မိဘတွေကစစ်ကိုင်းမှာတဲ့🥺 အလုပ်ရချင်တယ်လို့ပြောတယ်
အခုမှ 4 တန်းတဲ့ အခုဗိုက်ဆာတယ်ဆိုလို့ မုန့်ကျွေးနေပါတယ်
ညီမအိမ်မှာခေါ်ထားဖို့အဆင်မပြေလို့ ကူညီပေးကြပါဦးရှင်🙏🙏
ကလေးလေးက ကျွန်မနဲ့ပဲနေချင်တယ်လို့ပြောနေပါတယ်
သူအိမ်ပြန်ရမှာသိပ်ကြောက်နေရှာတာ လောလောဆယ်သူစိတ်ကျေနပ်အောင် ခေါ်ထားပေးပါတယ်ရှင်
ဘာရည်ရွယ်ချက်မှမရှိပါဘူး
ဒီကလေးမှမဟုတ် ဘယ်လိုအကျင့်ရှိတဲ့ကလေးပဲဖြစ်နေပါစေ ကိုယ့်မျက်စိရှေ့ဒီလိုလုပ်နေတာကိုတော့ ရပ်ကြည့်မနေနိုင်ပါဘူးနော်
လူအချင်းချင်းကိုယ်ချင်းစာတတ်ကြပါစေ
Thi Thi Soe
(Zawgyi)
ဖုန္းေဆာ့လို႔ဆိုၿပီး အိမ္က႐ိုက္ႏွက္ကာေမာင္းထုတ္လိုက္တာေၾကာင့္ တံတားေပၚကေနခုန္ခ်ဖို႔ႀကိဳးစားေနတဲ့ကေလးငယ္ကို ကယ္တင္ေပးခဲ့တဲ့ ျပည္သူတစ္ဦး
ျပည္သူလူထုကေတာ့ မိမိရဲ႕မ်က္စိေရွ႕မွာ အခက္အခဲျဖစ္ေနတဲ့သူေတြကို ေတြ႕တိုင္း ေစတနာအျပည့္နဲ႔ကူညီေပးလိုက္တာျဖစ္ပါတယ္။
ဒီကာလမွာဆိုရင္ စားဝတ္ေနေရးၾကပ္တည္းလို႔ ကိုယ္ကိုယ္ကို သတ္ေသဖို႔ႀကိဳးစားေနၾကတဲ့သူေတြကိုလည္း ျပည္သူေတြကကယ္တင္ေပးေနၾကတာျဖစ္ပါတယ္။
မေန႔ကဆိုရင္လည္း ညေန (၆)နာရီအခ်ိန္တြင္ မိုးညႇင္းၿမိဳ႕၊သံတံတားေပၚမွ ကေလးငယ္တစ္ေယာက္ ခုန္ခ်ဖို႔ႀကိဳးစားခဲ့တာျဖစ္ပါတယ္။
အဲ့ဒီျမင္ကြင္းကိုေတြ႕ျမင္သြားတဲ့ မိန္းကေလးလည္း ကေလးကို ေျပးဆြဲၿပီး “ဘာလို႔ခုန္ခ်တာလဲ” လို႔ေမးခဲ့တာျဖစ္ပါတယ္။
ကေလးကေတာ့ “အိမ္ကဖုန္းေဆာ့လို႔႐ိုက္ၿပီးေမာင္းထုတ္ခဲ့တာ”ဆိုၿပီး ျပန္ေျဖပါတယ္။
ကေလးေလးကဦးေလး၊အေဒၚေတြနဲ႔ ေနထိုင္ၿပီး မိဘေတြကေတာ့ စစ္ကိုင္းမွာလို႔သိရပါတယ္။
(၄)တန္းအ႐ြယ္ပဲရွိေသးတဲ့ ကေလးကို ကယ္တင္ေပးတဲ့မိန္းကေလးလည္း အိမ္ေခၚသြားၿပီး မုန႔္ေကြၽးထားတာျဖစ္ပါတယ္။
ကယ္တင္ရွင္မိန္းကေလးအေနနဲ႔လည္း ကေလးကို အိမ္မွာေခၚထားလို႔အဆင္မေျပတာေၾကာင့္ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာတာျဖစ္ပါတယ္။
ကေလးကေတာ့ သူမနဲ႔ပဲ ေနခ်င္တယ္လို႔ေျပာၿပီး အိမ္ျပန္ရမွာ အရမ္းေၾကာက္ေနရွာတာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ မိန္းကေလးက ကေလးစိတ္ေက်နပ္ေအာင္ ခဏေခၚထားၿပီး လူသားအခ်င္းခ်င္းကိုယ္ခ်င္းစာစိတ္နဲ႔ ကူညီေပးခဲ့ေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ဒီေန႔ညေန 6နာရီ မိုးညႇင္းၿမိဳ႕သံတံတားေပၚမွာ ကေလးတစ္ေယာက္ ခုန္ခ်ဖို႔လုပ္ေနလို႔ ေျပးဆြဲလိုက္ရတယ္😭
ဘာလို႔လုပ္တာလဲေမးေတာ့ အိမ္ကဖုန္းေဆာ့လို႔႐ိုက္ၿပီး ေမာင္းထုတ္ခဲ့တာတဲ့
ဦးေလးေတြအေဒၚေတြနဲ႔ေနတာပါ
မိဘေတြကစစ္ကိုင္းမွာတဲ့🥺
အလုပ္ရခ်င္တယ္လို႔ေျပာတယ္
အခုမွ 4 တန္းတဲ့
အခုဗိုက္ဆာတယ္ဆိုလို႔ မုန္႔ေကြၽးေနပါတယ္
ညီမအိမ္မွာေခၚထားဖို႔အဆင္မေျပလို႔ ကူညီေပးၾကပါဦးရွင္🙏🙏
ကေလးေလးက ကြၽန္မနဲ႔ပဲေနခ်င္တယ္လို႔ေျပာေနပါတယ္
သူအိမ္ျပန္ရမွာသိပ္ေၾကာက္ေနရွာတာ
ေလာေလာဆယ္သူစိတ္ေက်နပ္ေအာင္ ေခၚထားေပးပါတယ္ရွင္
ဘာရည္႐ြယ္ခ်က္မွမရွိပါဘူး
ဒီကေလးမွမဟုတ္ ဘယ္လိုအက်င့္ရွိတဲ့ကေလးပဲျဖစ္ေနပါေစ
ကိုယ့္မ်က္စိေရွ႕ဒီလိုလုပ္ေနတာကိုေတာ့ ရပ္ၾကည့္မေနႏိုင္ပါဘူးေနာ္
လူအခ်င္းခ်င္းကိုယ္ခ်င္းစာတတ္ၾကပါေစ
Thi Thi Soe