News

ရန္ကုန္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ ယေန႔ည စစ္ကားလွည့္လည္ခ်ိန္ ဗုံးေပါက္၊ စစစ္သားတခ်ိဳ႕ ထိခိုက္မႈရွိႏိုင္ၿပီး ပရဟိတလူငယ္ ၂၀ နီးပါးကို စစ္တပ္ က ႐ိုက္ႏွက္ဖမ္းဆီး

ရန္ကုန္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ ယေန႔ည စစ္ကားလွည့္လည္ခ်ိန္ ဗုံးေပါက္၊ စစစ္သားတခ်ိဳ႕ ထိခိုက္မႈရွိႏိုင္ၿပီး ပရဟိတလူငယ္ ၂၀ နီးပါးကို စစ္တပ္ က ႐ိုက္ႏွက္ဖမ္းဆီး

ရန္ကုန္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ ယေန႔ည စစ္ကားလွည့္လည္ခ်ိန္ ဗုံးေပါက္၊ စစစ္သားတခ်ိဳ႕ ထိခိုက္မႈရွိႏိုင္ၿပီး ပရဟိတလူငယ္ ၂၀ နီးပါးကို စစ္တပ္ က ႐ိုက္ႏွက္ဖမ္းဆီး

ရန္ကုန္၊ စက္တင္ဘာ ၂၉

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ ယေန႔ည ၉ နာရီ ၂၃ မိနစ္က ဗုံးေပါက္ကြဲခဲ့ၿပီး စစ္ေကာင္စီတပ္မ်ားက အနီးအနားမွ ျပည္သူမ်ားကို ႐ိုက္ႏွက္ စစ္ေဆး ညႇဥ္းပန္းမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံမွသိရွိရသည္။
ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္း ၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ၁၄ လမ္းထိပ္ ၊ A/B ၾကားတြင္ ယေန႔ည၉ နာရီ ၂၃ မိနစ္အခ်ိန္ခန႔္က က်ယ္ေလာင္ေသာ အသံျဖင့္ ဗုံးေပါက္ကြဲခဲ့ေၾကာင္း၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္အေျခစိုက္ ပရဟိတအသင္း ၂ ခုမွ လူငယ္ ၂၀ နီးပါးကိုစစ္တပ္က ႐ိုက္ႏွက္ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။

“ဗုံးေပါက္တာကေတာ့ အရမ္းအင္အားျပင္းတယ္။ စစ္ကားလာတဲ့အခ်ိန္ ဗုံးကေပါက္တာ။စစ္သား အေသအေပ်ာက္နဲ႔ ဒဏ္ရာရတာရွိႏိုင္တယ္။ သူတို႔ကားအလာအခ်ိန္မွာ ဗုံးက ေပါက္တာဆိုေတာ့။ အဲဒါ 9B သဘာ၀ဓမၼဂယာပရဟိတအသင္းနဲ႔ ယုဇန YEG ပရဟိတအသင္းက လူငယ္ ၂၀ ေလာက္ကို အကုန္ စစ္ တပ္က ႐ိုက္ႏွက္ဖမ္းသြားတယ္။ မတရားဘူး ပရဟိတလုပ္ေနတဲ့လူေတြကို ႐ိုက္ႏွက္ဖမ္းတာ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ယမန္ေန႔ကလည္း ေတာင္ဒဂုံ၊ ၅၇ ရပ္ကြက္၊ ျမကန္သာအနီး စစ္ေကာင္စီယာဥ္တန္း ျဖတ္သန္းသြားခ်ိန္ ဗုံးေပါက္ကြဲခဲ့ၿပီး စစ္ေကာင္စီ တပ္သား ၂ ဦး ေသဆုံးခဲ့ေၾကာင္း၊ အဆိုပါတိုက္ခိုက္မႈကို ACPLF က လုပ္ေဆာင္ေၾကာင္း အာဏာ သိမ္းဆန႔္က်င္ေရးႏွင့္ ျပည္သူ႔လြတ္ေျမာက္ေရးအဖြဲ႕ – ACPLF ကထုတ္ျပန္ထားသည္။

ဓာတ္ပုံ- ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ညပိုင္းျမင္ကြင္း။

Photo – CJ

Unicode

ရန်ကုန်၊ ယုဇနဥယျာဉ်မြို့တော်တွင် ယနေ့ည စစ်ကားလှည့်လည်ချိန် ဗုံးပေါက်၊ စစစ်သားတချို့ ထိခိုက်မှုရှိနိုင်ပြီး ပရဟိတလူငယ် ၂၀ နီးပါးကို စစ်တပ် က ရိုက်နှက်ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ယနေ့ည ၉ နာရီ ၂၃ မိနစ်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များက အနီးအနားမှ ပြည်သူများကို ရိုက်နှက် စစ်ဆေး ညှဉ်းပန်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် ၁၄ လမ်းထိပ် ၊ A/B ကြားတွင် ယနေ့ည၉ နာရီ ၂၃ မိနစ်အချိန်ခန့်က ကျယ်လောင်သော အသံဖြင့် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ယုဇနဥယျာဉ်မြို့တော်အခြေစိုက် ပရဟိတအသင်း ၂ ခုမှ လူငယ် ၂၀ နီးပါးကိုစစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဗုံးပေါက်တာကတော့ အရမ်းအင်အားပြင်းတယ်။ စစ်ကားလာတဲ့အချိန် ဗုံးကပေါက်တာ။စစ်သား အသေအပျောက်နဲ့ ဒဏ်ရာရတာရှိနိုင်တယ်။ သူတို့ကားအလာအချိန်မှာ ဗုံးက ပေါက်တာဆိုတော့။ အဲဒါ 9B သဘာဝဓမ္မဂယာပရဟိတအသင်းနဲ့ ယုဇန YEG ပရဟိတအသင်းက လူငယ် ၂၀ လောက်ကို အကုန် စစ် တပ်က ရိုက်နှက်ဖမ်းသွားတယ်။ မတရားဘူး ပရဟိတလုပ်နေတဲ့လူတွေကို ရိုက်နှက်ဖမ်းတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း တောင်ဒဂုံ၊ ၅၇ ရပ်ကွက်၊ မြကန်သာအနီး စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားချိန် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ACPLF က လုပ်ဆောင်ကြောင်း အာဏာ သိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ – ACPLF ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယုဇနဥယျာဉ်မြို့တော် ညပိုင်းမြင်ကွင်း။

Photo – CJ