ဗဟုသုတ

စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…!

စပ္ေဆးနဲ႔ ပတ္သက္လို႔ လူအေတာ္မ်ားမ်ား မသိေသးတဲ့ အႏၲရာယ္ဆိုးက်ိဳးမ်ား…!

(၁) ေဆးခန္းကဝန္ထမ္းေကာင္မေလးရဲ႕အေမ တေလာကဆုံးသြားရွာတယ္။ ဧရာဝတီတိုင္းဘက္က ႐ြာေလး တစ္႐ြာမွာ ေနတာ။ အသက္ ၅၀ မာမာခ်ာခ်ာႀကီး၊ ေန႔တိုင္းလယ္ထဲကိုင္းထဲ ဆင္းအလုပ္လုပ္ေနက်။ ကိုယ္လက္ ေတြ ကိုက္လို႔ဆိုၿပီး စပ္ေဆးေတြ ဝယ္ေသာက္တာ ေဆးက ေသာက္လိုက္တာနဲ႔ခ်က္ခ်င္းသက္သာတယ္တဲ့။ မနက္တစ္ထုပ္၊ ညတစ္ထုပ္ ေန႔တိုင္း ေသာက္တယ္။ ေျခာက္လေလာက္ၾကာေတာ့ တေရွာင္ေရွာင္ ျဖစ္လာလို႔ ၿမိဳ႕တက္ေဆး႐ုံျပေတာ့ ေသြးတိုး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္ အစုံျဖစ္ေနၿပီ။ မမီေတာ့ဘူး။ ဆုံးသြားရွာတယ္။

“အဲ့ဒီစပ္ေဆးေတြအႏၲရာယ္ကို နင္မသိဘူးလားဟယ္”လို႔ သူ႔ကိုေငါက္မိတယ္။

“သမီးကိုလည္း ဘာမွမေျပာဘူး။ ေဆး႐ုံတက္မွသိရတာ”တဲ့။ ဪ ပညာမတတ္၊ အသိဉာဏ္ခ်ိဳ႕တဲ့ျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာေတြ။

(၂) ေဆးခန္းလာျပတဲ့လူနာတစ္ေယာက္။ အသက္ ၅၀ေက်ာ္၊ အထက္တန္းျပဆရာမ။

“မ်က္ႏွာႀကီးကေဖာသြပ္သြပ္ျဖစ္ေနတာ တစ္လေလာက္ရွိၿပီ”တဲ့။ တန္းေမးလိုက္တယ္။

“စပ္ေဆးေတြ ေသာက္ေနလား”ဆိုေတာ့ အူလည္ခ်ာလည္ျပန္ၾကည့္တယ္။ “အင္း”တဲ့။

“အဲ့ဒီေဆးေတြ ခုပါလား၊ ျပ” ဆိုေတာ့ထုတ္ျပတယ္။ ထင္တဲ့အတိုင္းပဲေလ။

“ေသာက္တာဘယ္ေလာက္ၾကာၿပီလဲ”ဆိုေတာ့ “ႏွစ္လရွိၿပီ”တဲ့။

“ဆရာမရယ္ စပ္ေဆးေတြက ဒီေလာက္အႏၲရာယ္မ်ားတာမသိဘူးလားဗ်ာ” ဆိုေတာ့

“ေဆးက ေကာင္းပါတယ္။ အကိုက္အခဲေတြသက္သာတယ္။ ခုလာျပတာက မ်က္ႏွာေဖာသြပ္သြပ္ျဖစ္ေနလို႔ လာျပတာ”ဆိုပဲ။

ဪ ရန္ကုန္ၿမိဳ႕လည္ေခါင္က ေခတ္ပညာတတ္တစ္ေယာက္ကေတာင္ ဒီလိုျပန္ေျဖတာ။

(၃) ေနာက္လူနာတစ္ေယာက္ကေတာ့ နယ္ကအလုပ္လာလုပ္တဲ့အမ်ိဳးသားတစ္ေယာက္။ ပညာေတာ့ သိပ္မတတ္ဘူး။

အလူမီနီယမ္လုပ္တယ္။ စကားေျပာလည္လည္ဝယ္ဝယ္ရွိတယ္။

“က်ေနာ္ ကိုယ္လက္ေတြကိုက္တယ္ေျပာလို႔ နယ္ကညီမကလွမ္းပို႔ေပးတာဆရာ၊ ၾကည့္ရတာ အဂၤလိပ္ေဆး ေတြပဲ၊

မသကၤာလို႔ ဆရာ့ကိုလာျပတာ” တဲ့။

ေဆးထုပ္ေလးမွာ ျမန္မာလို အကိုက္အခဲေပ်ာက္ ဘာညာသာရကာဆိုၿပီးနာမည္တပ္ထားတယ္။ ေဆးတစ္ထုပ္ မွာ ေဆးလုံးေလးေျခာက္လုံးပါတယ္။ ေသခ်ာၾကည့္ေတာ့ ထင္တဲ့အတိုင္းပဲ။ အကိုက္အခဲေပ်ာက္ေဆးကို သုံးမ်ိဳး၊ စတီး႐ြိဳက္က ႏွစ္မ်ိဳး၊ အေပါစားအားေဆးေလးက တစ္ေတာင့္။

“ခင္ဗ်ားေသာက္လိုက္ေသးလား”ဆိုေတာ့

“မေသာက္ရဲလို႔ ဆရာ့လာျပတာ” တဲ့။

ကဲ အသက္ဉာဏ္ေစာင့္၊ ဥစၥာကံေစာင့္တဲ့။ ဉာဏ္ဆိုတာ အတန္းပညာေတြ အမ်ားႀကီးတတ္တဲ့ ဉာဏ္ပညာကို ေျပာတာမဟုတ္ဘူး။

ခုလိုမ်ိဳး ျဖစ္ႏိုင္၏၊ မျဖစ္ႏိုင္၏ကို နည္းနည္းေလး ေတြးေတာဆင္ျခင္တတ္တဲ့ဉာဏ္ကို ေျပာတာ။

(၄) အမွန္အတိုင္းေျပာရရင္ လြန္ခဲ့တဲ့ဆယ္ႏွစ္၊ က်ေနာ္တို႔ေဆးခန္းနဲ႔ ေဆးဆိုင္ေလးစဖြင့္ဖြင့္ခ်င္း တုန္းက စပ္ေဆး ေရာင္းခဲ့ဖူးတယ္။ ဒါေပမယ့္ ကေလးမေလးေတြကို ေသေသခ်ာခ်ာမွာထားတယ္။ စတီး႐ြိဳက္ေဆး၊ ပိုးသတ္ေဆး၊ ေသြးက်ေဆး၊ ဆီးခ်ိဳက်ေဆးေတြ လုံးဝမသုံးရဘူး။ ျဖစ္တဲ့ေရာဂါနဲ႔ တြဲရမယ့္ေဆးစာရင္းကို ေသေသခ်ာခ်ာ ေရးမွတ္ၿပီးကပ္ထားခိုင္းတယ္။

ေဆးတြဲကလည္း မ်ားမ်ားစားစားလည္းမရွိပါဘူး။ ကိုက္ခဲဖ်ားနာ၊ ေခ်ာင္းဆိုးႏွာေစး၊ ဗိုက္ေအာင့္ဗိုက္နာ၊ ဝမ္းပ်က္ဝမ္းေလွ်ာ စတဲ့ေလးငါးမ်ိဳးေလာက္ပါပဲ။ အဲ့ဒါထက္ေက်ာ္ၿပီး လုံးဝမစပ္ေပးရဘူး။ တျခားေရာဂါ လကၡဏာဆို ဆရာဝန္နဲ႔ဝင္ျပခိုင္းတယ္။ လုံးဝလုံးဝကို သံမဏိစည္းမ်ဥ္းထုတ္ထားတယ္။

ဒါေပမယ့္မရဘူး။ အျပင္ကေန နမူနာလာျပတဲ့ေဆးတြဲေလးေတြကို အတုယူၿပီးစပ္ေရာင္းၾကတယ္။ တကယ္က သူတို႔ပိုက္ဆံရတာလည္း မဟုတ္ဘူး။ ေျပာရရင္ လက္ယားတာေပါ့။ ေဆးကလည္း အဆင္သင့္ရွိေနတယ္။ စပ္ေပးလိုက္ရင္လည္း ေက်းဇူးအတင္ခံရမယ္ဆိုေတာ့ စပ္ေရာင္းၾကတာေပါ့။ အဲ့ဒီကိစၥ က်ေနာ္သိေတာ့ အႀကီးအက်ယ္ဆူပူေသာင္းက်န္းပါေတာ့တယ္။ အဲ့ဒီေနာက္ပိုင္း ဆိုင္မွာ လုံးဝစပ္ေဆးမေရာင္းခိုင္းေတာ့ဘူး။ တကယ္ေရာင္းျဖစ္ခဲ့တာလည္း ေလးငါးလေလာက္ပဲ ၾကာခဲ့ပါတယ္။

ခုဆို ေဆးခန္းကေကာင္မေလးေတြက က်ေနာ္တို႔ကေနလူနာေတြကိုၫႊန္ေပးေရးေပးလိုက္တဲ့ေဆးေတြ အလြတ္ကို ရေနၿပီ။ ဘယ္ေဆးက ဘာအာနိသင္ရွိတယ္။ အႏၲရာယ္ဘယ္ေလာက္ရွိတယ္ဆိုတာလည္း ေကာင္းေကာင္းသိေနၾကၿပီ။ ဒါေပမယ့္ စပ္ေဆးဆိုရင္ေတာ့ ႏိုးပါ။ က်ေနာ့္ ေဆးခန္း၊ ေဆးဆိုင္မွာ စပ္ေဆး လုံးဝမေရာင္းပါ။ ေရာဂါသက္သာခ်င္ရင္ ဆရာဝန္နဲ႔ဝင္ျပပါ။

တခါတေလ ကိုယ္ရွိေနတဲ့အခ်ိန္ ေဆးလာဝယ္တဲ့ သူက ဘာျဖစ္လို႔ညာျဖစ္လို႔ ေဆးေလးေရာင္းေပးပါဆိုတာနဲ႔ႀကဳံရင္ေတာ့ ဘယ္ေဆးဘယ္ေဆးေပးလိုက္ဆိုၿပီး ေရာင္းေပးလိုက္တာေတာ့ရွိပါတယ္။ တခါတရံပါ။ ေဆးေဈးပဲယူခိုင္းပါတယ္။ ေဆးတြဲၿပီးတစ္ခြက္ ဘယ္ေလာက္ ဆိုတာမ်ိဳး မယူပါဘူး။

(၅) အဲ့ဒီစပ္ေဆးျပႆနာက ေတာ္ေတာ္ႀကီးပါတယ္။ ၾကားလိုက္ၾကမွာေပါ့။ သက္တမ္းကုန္ေနတဲ့ေဆးေတြကို ေဈးေပါေပါနဲ႔လိုက္ဝယ္၊ ေဆးကဒ္ေတြကိုေဖာက္၊ ေဆးလုံးေတြကိုတြဲၿပီး စပ္ေဆးထုပ္ေတြထုပ္ေရာင္းၾကတဲ့အေၾကာင္း။ ေတာ္ေတာ္ကို ဆိုးပါတယ္။ မသုံးသင့္တဲ့ ေဆးအမ်ိဳးအစားကိုမွ သက္တမ္းကလြန္ေနေသး၊ ဘုမသိဘမသိနဲ႔ အမ်ိဳးအစားတူေဆးေတြကို သုံးေလးလုံး ေရာထည့္ေပး၊ စတီး႐ြိဳက္ကိုေတာ့ အမုန္းကိုသုံးတာ၊ ဒက္ဆာ၊ ပရက္ဒနီစလုံး သုံးေလးလုံးထည့္တာ။ လနဲ႔ခ်ီစြဲေသာက္ဖို႔မေျပာနဲ႔ တစ္ခြက္ေသာက္ျပ၊ ဆယ္သိန္းေပးမယ္ဆိုရင္ေတာင္မေသာက္ပါဘူး။ တကယ္ပါ။

ၿပီးေတာ့ က်ေနာ့္ေဆးခန္းမွာ သက္တမ္းလြန္ေနတဲ့ေဆးေတြကို ဒီအတိုင္းမပစ္ပါဘူး။ သုံးေလးလစာစုထားၿပီး ပါကင္အထပ္ထပ္နဲ႔ လုံလုံၿခဳံၿခဳံထုပ္ပါတယ္။ ေဆး႐ုံေဆးခန္းသီးသန႔္အမႈိက္သိမ္းကားလာေတာ့မွ သုံးၿပီးသား ေဆးထိုးအပ္ေဟာင္းေတြနဲ႔ေရာၿပီး ပစ္ပါတယ္။ သူတို႔ကေတာ့ အဲ့ဒါေတြကို ေရေဝးသုႆန္ မီးသၿဂိဳလ္စက္ထဲ သြားထည့္ရတယ္လို႔ေတာ့ ေျပာတာပါပဲ။

(၆) စတီး႐ြိဳက္အေၾကာင္းလည္း ေရးၾကတာမ်ားေနပါၿပီ။

စတီး႐ြိဳက္ဆိုတာ သုံးတတ္ရင္နတ္ေဆးလိုပါပဲ။ အလာဂ်ီျဖစ္တာ၊ ရင္ၾကပ္ေရာဂါ၊ ေသြးေလးဘက္နာလိုေရာဂါ စတဲ့ေနရာေတြမွာ မျဖစ္မေနသုံးၾကရပါတယ္။ တကယ္စြမ္းပါတယ္။ သူ႔မွာက ေရာင္ရမ္းမႈ မွန္သမွ်ကို အျမန္ဆုံး သက္သာေစတဲ့ အာနိသင္ရွိပါတယ္။ ေသာက္မိလို႔ အာနိသင္ေလးသိေတာ့ ထပ္ေသာက္ခ်င္လာပါတယ္။

အာနိသင္သာ သိတာ၊ ေဘးထြက္ဆိုးက်ိဳးကိုေတာ့ မသိၾကပါဘူး။ သူက ခႏၶာကိုယ္ရဲ႕

ခုခံအားကို ေလွ်ာ့ခ်လိုက္ပါတယ္။ ေရာဂါေပါင္းစုံဝင္လာပါတယ္။ ေျပာရရင္ေတာ့ အရွည္ႀကီးပါ။ ရွင္းေလရႈပ္ေလျဖစ္မွာပါ။

အတိုခ်ဳပ္ေျပာရရင္ သိၾကားမင္းဝရဇိန္လက္နက္နဲ႔ ၾကမ္းပိုးသတ္သလိုျဖစ္ေနပါတယ္။ ၾကမ္းပိုးတစ္ေကာင္ေတာ့ ေသသြားပါရဲ႕။

တစ္အိမ္လုံးျပာက်သြားတဲ့အျဖစ္မ်ိဳးပါ။

(၇) ေရးခ်င္တာကေတာ့ အမ်ားႀကီးပါ။ စာရွည္ရင္မဖတ္ၾကလို႔ ဒီေလာက္နဲ႔ပဲျဖတ္ပါမယ္။ ဒီပို႔စ္ေလးေၾကာင့္

အနည္းဆုံးလူတစ္ေယာက္ေလာက္ စပ္ေဆးအႏၲရာယ္က လြတ္ေျမာက္တယ္ ဆိုရင္ပဲ ေက်နပ္လွပါၿပီ။

Credit – ဥကၠာၾကည္ဝင္း

Unicode

(၁) ဆေးခန်းကဝန်ထမ်းကောင်မလေးရဲ့အမေ တလောကဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲကိုင်းထဲ ဆင်းအလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတော့ တရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။

“အဲ့ဒီစပ်ဆေးတွေအန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကိုငေါက်မိတယ်။

“သမီးကိုလည်း ဘာမှမပြောဘူး။ ဆေးရုံတက်မှသိရတာ”တဲ့။ ဪ ပညာမတတ်၊ အသိဉာဏ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ။

(၂) ဆေးခန်းလာပြတဲ့လူနာတစ်ယောက်။ အသက် ၅၀ကျော်၊ အထက်တန်းပြဆရာမ။

“မျက်နှာကြီးကဖောသွပ်သွပ်ဖြစ်နေတာ တစ်လလောက်ရှိပြီ”တဲ့။ တန်းမေးလိုက်တယ်။

“စပ်ဆေးတွေ သောက်နေလား”ဆိုတော့ အူလည်ချာလည်ပြန်ကြည့်တယ်။ “အင်း”တဲ့။

“အဲ့ဒီဆေးတွေ ခုပါလား၊ ပြ” ဆိုတော့ထုတ်ပြတယ်။ ထင်တဲ့အတိုင်းပဲလေ။

“သောက်တာဘယ်လောက်ကြာပြီလဲ”ဆိုတော့ “နှစ်လရှိပြီ”တဲ့။

“ဆရာမရယ် စပ်ဆေးတွေက ဒီလောက်အန္တရာယ်များတာမသိဘူးလားဗျာ” ဆိုတော့

“ဆေးက ကောင်းပါတယ်။ အကိုက်အခဲတွေသက်သာတယ်။ ခုလာပြတာက မျက်နှာဖောသွပ်သွပ်ဖြစ်နေလို့ လာပြတာ”ဆိုပဲ။

ဪ ရန်ကုန်မြို့လည်ခေါင်က ခေတ်ပညာတတ်တစ်ယောက်ကတောင် ဒီလိုပြန်ဖြေတာ။

(၃) နောက်လူနာတစ်ယောက်ကတော့ နယ်ကအလုပ်လာလုပ်တဲ့အမျိုးသားတစ်ယောက်။ ပညာတော့ သိပ်မတတ်ဘူး။

အလူမီနီယမ်လုပ်တယ်။ စကားပြောလည်လည်ဝယ်ဝယ်ရှိတယ်။

“ကျနော် ကိုယ်လက်တွေကိုက်တယ်ပြောလို့ နယ်ကညီမကလှမ်းပို့ပေးတာဆရာ၊ ကြည့်ရတာ အင်္ဂလိပ်ဆေး တွေပဲ၊

မသင်္ကာလို့ ဆရာ့ကိုလာပြတာ” တဲ့။

ဆေးထုပ်လေးမှာ မြန်မာလို အကိုက်အခဲပျောက် ဘာညာသာရကာဆိုပြီးနာမည်တပ်ထားတယ်။ ဆေးတစ်ထုပ် မှာ ဆေးလုံးလေးခြောက်လုံးပါတယ်။ သေချာကြည့်တော့ ထင်တဲ့အတိုင်းပဲ။ အကိုက်အခဲပျောက်ဆေးကို သုံးမျိုး၊ စတီးရွိုက်က နှစ်မျိုး၊ အပေါစားအားဆေးလေးက တစ်တောင့်။

“ခင်ဗျားသောက်လိုက်သေးလား”ဆိုတော့

“မသောက်ရဲလို့ ဆရာ့လာပြတာ” တဲ့။

ကဲ အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်တဲ့။ ဉာဏ်ဆိုတာ အတန်းပညာတွေ အများကြီးတတ်တဲ့ ဉာဏ်ပညာကို ပြောတာမဟုတ်ဘူး။

ခုလိုမျိုး ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ကို နည်းနည်းလေး တွေးတောဆင်ခြင်တတ်တဲ့ဉာဏ်ကို ပြောတာ။

(၄) အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ဆယ်နှစ်၊ ကျနော်တို့ဆေးခန်းနဲ့ ဆေးဆိုင်လေးစဖွင့်ဖွင့်ချင်း တုန်းက စပ်ဆေး ရောင်းခဲ့ဖူးတယ်။ ဒါပေမယ့် ကလေးမလေးတွေကို သေသေချာချာမှာထားတယ်။ စတီးရွိုက်ဆေး၊ ပိုးသတ်ဆေး၊ သွေးကျဆေး၊ ဆီးချိုကျဆေးတွေ လုံးဝမသုံးရဘူး။ ဖြစ်တဲ့ရောဂါနဲ့ တွဲရမယ့်ဆေးစာရင်းကို သေသေချာချာ ရေးမှတ်ပြီးကပ်ထားခိုင်းတယ်။

ဆေးတွဲကလည်း များများစားစားလည်းမရှိပါဘူး။ ကိုက်ခဲဖျားနာ၊ ချောင်းဆိုးနှာစေး၊ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော စတဲ့လေးငါးမျိုးလောက်ပါပဲ။ အဲ့ဒါထက်ကျော်ပြီး လုံးဝမစပ်ပေးရဘူး။ တခြားရောဂါ လက္ခဏာဆို ဆရာဝန်နဲ့ဝင်ပြခိုင်းတယ်။ လုံးဝလုံးဝကို သံမဏိစည်းမျဉ်းထုတ်ထားတယ်။

ဒါပေမယ့်မရဘူး။ အပြင်ကနေ နမူနာလာပြတဲ့ဆေးတွဲလေးတွေကို အတုယူပြီးစပ်ရောင်းကြတယ်။ တကယ်က သူတို့ပိုက်ဆံရတာလည်း မဟုတ်ဘူး။ ပြောရရင် လက်ယားတာပေါ့။ ဆေးကလည်း အဆင်သင့်ရှိနေတယ်။ စပ်ပေးလိုက်ရင်လည်း ကျေးဇူးအတင်ခံရမယ်ဆိုတော့ စပ်ရောင်းကြတာပေါ့။ အဲ့ဒီကိစ္စ ကျနော်သိတော့ အကြီးအကျယ်ဆူပူသောင်းကျန်းပါတော့တယ်။ အဲ့ဒီနောက်ပိုင်း ဆိုင်မှာ လုံးဝစပ်ဆေးမရောင်းခိုင်းတော့ဘူး။ တကယ်ရောင်းဖြစ်ခဲ့တာလည်း လေးငါးလလောက်ပဲ ကြာခဲ့ပါတယ်။

ခုဆို ဆေးခန်းကကောင်မလေးတွေက ကျနော်တို့ကနေလူနာတွေကိုညွှန်ပေးရေးပေးလိုက်တဲ့ဆေးတွေ အလွတ်ကို ရနေပြီ။ ဘယ်ဆေးက ဘာအာနိသင်ရှိတယ်။ အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာလည်း ကောင်းကောင်းသိနေကြပြီ။ ဒါပေမယ့် စပ်ဆေးဆိုရင်တော့ နိုးပါ။ ကျနော့် ဆေးခန်း၊ ဆေးဆိုင်မှာ စပ်ဆေး လုံးဝမရောင်းပါ။ ရောဂါသက်သာချင်ရင် ဆရာဝန်နဲ့ဝင်ပြပါ။

တခါတလေ ကိုယ်ရှိနေတဲ့အချိန် ဆေးလာဝယ်တဲ့ သူက ဘာဖြစ်လို့ညာဖြစ်လို့ ဆေးလေးရောင်းပေးပါဆိုတာနဲ့ကြုံရင်တော့ ဘယ်ဆေးဘယ်ဆေးပေးလိုက်ဆိုပြီး ရောင်းပေးလိုက်တာတော့ရှိပါတယ်။ တခါတရံပါ။ ဆေးဈေးပဲယူခိုင်းပါတယ်။ ဆေးတွဲပြီးတစ်ခွက် ဘယ်လောက် ဆိုတာမျိုး မယူပါဘူး။

(၅) အဲ့ဒီစပ်ဆေးပြဿနာက တော်တော်ကြီးပါတယ်။ ကြားလိုက်ကြမှာပေါ့။ သက်တမ်းကုန်နေတဲ့ဆေးတွေကို ဈေးပေါပေါနဲ့လိုက်ဝယ်၊ ဆေးကဒ်တွေကိုဖောက်၊ ဆေးလုံးတွေကိုတွဲပြီး စပ်ဆေးထုပ်တွေထုပ်ရောင်းကြတဲ့အကြောင်း။ တော်တော်ကို ဆိုးပါတယ်။ မသုံးသင့်တဲ့ ဆေးအမျိုးအစားကိုမှ သက်တမ်းကလွန်နေသေး၊ ဘုမသိဘမသိနဲ့ အမျိုးအစားတူဆေးတွေကို သုံးလေးလုံး ရောထည့်ပေး၊ စတီးရွိုက်ကိုတော့ အမုန်းကိုသုံးတာ၊ ဒက်ဆာ၊ ပရက်ဒနီစလုံး သုံးလေးလုံးထည့်တာ။ လနဲ့ချီစွဲသောက်ဖို့မပြောနဲ့ တစ်ခွက်သောက်ပြ၊ ဆယ်သိန်းပေးမယ်ဆိုရင်တောင်မသောက်ပါဘူး။ တကယ်ပါ။

ပြီးတော့ ကျနော့်ဆေးခန်းမှာ သက်တမ်းလွန်နေတဲ့ဆေးတွေကို ဒီအတိုင်းမပစ်ပါဘူး။ သုံးလေးလစာစုထားပြီး ပါကင်အထပ်ထပ်နဲ့ လုံလုံခြုံခြုံထုပ်ပါတယ်။ ဆေးရုံဆေးခန်းသီးသန့်အမှိုက်သိမ်းကားလာတော့မှ သုံးပြီးသား ဆေးထိုးအပ်ဟောင်းတွေနဲ့ရောပြီး ပစ်ပါတယ်။ သူတို့ကတော့ အဲ့ဒါတွေကို ရေဝေးသုဿန် မီးသဂြိုလ်စက်ထဲ သွားထည့်ရတယ်လို့တော့ ပြောတာပါပဲ။

(၆) စတီးရွိုက်အကြောင်းလည်း ရေးကြတာများနေပါပြီ။

စတီးရွိုက်ဆိုတာ သုံးတတ်ရင်နတ်ဆေးလိုပါပဲ။ အလာဂျီဖြစ်တာ၊ ရင်ကြပ်ရောဂါ၊ သွေးလေးဘက်နာလိုရောဂါ စတဲ့နေရာတွေမှာ မဖြစ်မနေသုံးကြရပါတယ်။ တကယ်စွမ်းပါတယ်။ သူ့မှာက ရောင်ရမ်းမှု မှန်သမျှကို အမြန်ဆုံး သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ သောက်မိလို့ အာနိသင်လေးသိတော့ ထပ်သောက်ချင်လာပါတယ်။

အာနိသင်သာ သိတာ၊ ဘေးထွက်ဆိုးကျိုးကိုတော့ မသိကြပါဘူး။ သူက ခန္ဓာကိုယ်ရဲ့

ခုခံအားကို လျှော့ချလိုက်ပါတယ်။ ရောဂါပေါင်းစုံဝင်လာပါတယ်။ ပြောရရင်တော့ အရှည်ကြီးပါ။ ရှင်းလေရှုပ်လေဖြစ်မှာပါ။

အတိုချုပ်ပြောရရင် သိကြားမင်းဝရဇိန်လက်နက်နဲ့ ကြမ်းပိုးသတ်သလိုဖြစ်နေပါတယ်။ ကြမ်းပိုးတစ်ကောင်တော့ သေသွားပါရဲ့။

တစ်အိမ်လုံးပြာကျသွားတဲ့အဖြစ်မျိုးပါ။

(၇) ရေးချင်တာကတော့ အများကြီးပါ။ စာရှည်ရင်မဖတ်ကြလို့ ဒီလောက်နဲ့ပဲဖြတ်ပါမယ်။ ဒီပို့စ်လေးကြောင့်

အနည်းဆုံးလူတစ်ယောက်လောက် စပ်ဆေးအန္တရာယ်က လွတ်မြောက်တယ် ဆိုရင်ပဲ ကျေနပ်လှပါပြီ။

Credit – ဥက္ကာကြည်ဝင်း