မီးချောင်းအလင်းလို တောက်ပနေဟန်တူတဲ့ ခဲခြစ်ပန်းချီကို လှပစွာ ရေးဆွဲပြခဲ့သူ
ပန်းချီ၊ပန်းပု စတဲ့အနုပညာများရဲ့ တီထွင်ဖန်တီးမှုက ပုံစံအမျိုးမျိုးအဖြစ် ထွက်ပေါ်လာတတ်ကြပါတယ်။Enrique Bernal အမည်ရှိတဲ့ အနုပညာရှင်တစ်ဦးဟာ အခုပန်းချီကားရဲ့ပုံကြမ်းတွေကို ခဲတံဖြင့် လက်တွေ့ကျကျရေးဆွဲထားခဲ့ပြီး ဘယ်လို အသက်ဝင်တောက်ပအောင် လုပ်မရလဲဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Bernal ဟာ လူတွေရဲ့ပုံတူမှ တိရိစ္ဆာန်တွေအထိ လှပတဲ့ပန်းချီကားအမျိုးမျိုးကို ရေးဆွဲလေ့ရှိပါတယ်။Bernalက ခဲတံဖြင့် ပုံကြမ်းကိုရေးဆွဲပြီးနောက် ဘောပင်နှင့် စက်ခဲတံတွေကို အသုံးပြုပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ပန်းချီကားတွေကို ဒီဂျစ်တယ်အလင်းရောင်ထည့်ရန် Medibang Paint ခေါ် တဲ့ အက်ပလီကေးရှင်းကို အသုံးပြုပါတယ်။
ပုံထဲရှိအလင်းရောင်တွေက သဘာဝမီးချောင်းအလင်းရောင်အရင်းအမြစ်ကို တုပထားတာပါ။ Bernal ဟာ ထူးခြားဆန်းကြယ်တဲ့ အလင်းအားဖြင့် နွေးထွေးနေသလိုထင်ရတဲ့ ပန်းချီကားတစ်ခု ဖြစ်စေဖို့ ၎င်းအပေါ်မှ အလင်းရောင်နည်းနည်းဖြင့် နေသားတကျနေရာချထားခဲ့ပါသေးတယ်။
Bernal ဟာ ဆန်းသစ်တဲ့တီထွင်မှုဖြစ်စေရန် သူ့ရဲ့ပန်းချီကားအချို့တွေမှာ အခြားတောက်ပတဲ့ တက်တူးများနှင့်လိပ်ပြာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထပ်မံထည့်ထားခဲ့ပါသေးတယ်။
#6
#7
#8
#9
#10
#11
#12
#13
#14
#15
#16