Local News

အင်တာနက်မှာ ဦးလေးဖက်တီးလို့ အမည်ပြောင်ရထားတဲ့ မျောက်ဖက်တီးကြီး

အစားအသောက် အလွန်သောင်းကျန်းလွန်းလို့ မျောက်ဖတ်တီးဘဝကို ရှားရှားပါးပါး ရောက်နေတဲ့ မျောက်တစ်ကောင်ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။

အဲဒီမျောက်ကြီးကို Uncle Fatty လို့ ချစ်စနိုး အမည်ပြောင် ပေးထားပြီး၊ သူဟာ ဘယ်တော့မှ ဗိုက်ဝတယ်ရယ်လို့ မရှိပဲ ၊ ခရီးသွားတွေ ပစ်ချပေးသမျှ အစားအသောက်တွေကို ဒိုင်ခံစားသောက်နေလေ့ရှိပါတယ်။

ဦးလေးဖတ်တီးမျောက်ကြီးဟာ ကျန်းမာရေးကြောင့်မဟုတ်ပဲ၊ အမှန်တကယ်ကို အစားအသောက် သောင်းကျန်းလို့သာ ဒီအခြေအနေကို ရောက်လာရတာဖြစ်တယ်လို့ တိရစ္ဆာန်ချစ်သူတွေက အတည်ပြုခဲ့ပါတယ်။ အခုအချိန်မှာတော့ ဦလေးဖတ် တီးကို ဝိတ်ပြန်ကျစေဖို့ ရေကူးခြင်း၊ ပြေးခြင်းစတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ ၎င်းတို့အဖွဲ့က စီမံနေပါတယ်။

ဘန်ကောက်ရှိ တိရစ္ဆာန်ရုံမှာ ဦးလေးဖတ်တီးက နေထိုင်တာဖြစ်ပြီး၊ တိ/ရုံတာဝန်ရှိသူ Kawinoat MongKholtechaphat က ” သူက ဝမှာပေါ့ဗျာ .. လူတွေ ပစ်ပေးသမျှ အစားအစာတွေကို သူချည်းပဲ ဒိုင်ခံစားနေတာလေ “လို့ ပြောခဲ့ပါတယ်။

Kawinoat က ” သူ့ကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီးပါပြီ … သူက ကျန်းမာရေးမကောင်းလို့ ဒီလိုဖြစ်လာတာ မဟုတ်ပါဘူး .အစားအစာတွေ စားလွန်းလိုပ ဖြစ်လာတာပါ … သူက မျောက်ထဲမှာတော့ ဗိုလ်ပေါ့ဗျာ .. နောက် သင်စရာရှိတာတွေကိုလည်း သူက မျောက်တွေကို သင်ပေးပါတယ် … “လို့ ပြောခဲ့ပါတယ်။

ဦလေးဖတ်တီးဟာ National Parks, Wildlife and Plant Conservation မှာ ယခင်က နေထိုင်ခဲ့ပြီး၊ အခုအခါ ကျန်မားရေးတွေ ထပ်မံစစ်ဆေးဖို့အတွက် မိုင် 100 အဝေးက Nakhon Nayok wildlife Rescue Centre ဆီကို ခေတ္တပို့ထားတယ်လို့ သိရပါတယ်။