Cele News

သူမဘဝမှာ မိုက်မဲမှုတစ်ခုကြောင့် ကလေးတစ်ယောက် မွေးခဲ့ရတဲ့အကြောင်း ပရိတ်သတ်ကို ရင်ဖွင့်လာခဲ့တဲ့ လပြည့်ကဗျာ

သူမဘဝမှာ ပြင်ဆင်လို့မရတဲ့ မိုက်မဲမှု တစ်ခုကြောင့် ကလေးတစ်ယောက် မွေးခဲ့ရတဲ့ အကြောင်း ပရိတ်သတ်ကို ရင်ဖွင့်လာခဲ့တဲ့ လပြည့်ကဗျာ

မဂ်လာပါ ပရိတ်သတ်ကြီးရေ အဆိုတော် ရေမွန် ရဲ့ ညီမ လေးလပြည့်ကဗျာက ငါ့ မိုက်မဲမူတစ်ခုကြောင့် ကလေးတစ်ယောက်မွေးလာတယ် ဆိုပြီး ပရိတ်သတ်တွေကို အခုလို ရင်ဖွင့်ပြောပြလာခဲ့တာဖြစ် ပါတယ်နော်။

လပြည့်ကဗျာက ကလေးတယောက် လူလောကထဲကို ၀င်လာတဲ့အခါ အဖေအမေ ဘယ်သူလဲဆိုတာ အရေးပါလာတယ်၊ Cele လို့ သတ်မှတ်ထားတဲ့သူဆို ပိုပြီးတောင် စိတ်၀င်စားကြသေးတယ်။ အမေးရှိရင် အဖြေလဲရှိရမယ်လေ ဘယ်သူ့ ကလေးလဲလို့မေးခဲ့တဲ့အခါပြောပြရမယ့် တာ၀န်ငါ့မှာရှိတယ်၊ ပြောတဲ့စကားတွေထဲလဲတခွန်းမှက လိမ်ကကျစ် ပြောမထားဘူး။

ငါ့မိုက်မဲမူတခုကြောင့် ကလေးတယောက်ကို ၆နှစ်ကျော်တာ၀န်ယူပီးမွေးလာတယ်။ ဆက်ပြီးလဲ လူတလုံးသူတလုံးဖြစ်အောင် ပြုစုပျိုးထောင်ပီးမွေးဦးမှာ၊ကိုယ်လူစိတ်မရှိခဲ့လို့ ဖြစ်ခဲ့တဲ့ကိစ္စမှာအ ကုန်လုံးက ဝိုင်းဆဲတော့မှ အရှက်ကွဲသလို လာမလုပ်နဲ့၊ ပြောသွားတဲ့အထဲလဲ နာမည်အပြည့်အစုံတလုံးမှ ပြောမထားဘူး။

လူစိတ်မရှိ နှမချင်းသားချင်း ကိုယ်ချင်းမစာတဲ့ လုပ်ရပ်လုပ်ထားပီး အဆဲခံရတော့မှ စပ်မနေနဲ့၊ နင့်အကြောင်းကော၊ နင့် မိသားစုအကြောင်းကော၊ ရွံလွန်းလို့ နာမည်တောင်ထည့်သုံးမထားဘူး၊အရင်လိုပဲ နော်၊ ရုံးချိန်း နီးရင် သူငယ်ချင်းနဲ့ ပုံတွေတင်၊ ကလေးအမေတယောက်ကို အရှက်လိုက်ခွဲ ပြီးယုတ်မာတတ်တုန်းပဲ။

တရားရုံးမှာသာ နင်တို့နိုင်မယ်၊ သံသရာမှာကော ၊ လူ့လောက အသိုင်း ဝိုင်းမှာကော နင်တို့ဟာအရှုံးသမားပဲ ၊အဲ့တာ မြဲမြဲ မှတ်ထား ၊ နင်နဲ့ ပတ်သက်ပီး ပြောတဲ့စကားက ဒီစာနောက်ဆုံးပဲ။

ငါ့ဘ၀မှာ အမုန်းဆုံး ၊ အရွံဆုံးလို့ သတ်မှတ်ထားတဲ့ လူတယောက်အကြောင်းကို အဖက်လုပ်ပီးပြောမနေဘူး ဆိုပြီးရေးသားထားပါတယ်။

စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။ ဖတ်ရှူ့ ပေးတဲ့ ပရိတ်သတ်ကြီးလည်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေနော်။

credit