Local News

နေ့စဉ် ရေမချိုးတဲ့ဇနီးကို ကွာရှင်းဖို့ ကြိုးစားခဲ့တဲ့အမျိုးသား

တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ မိမိကိုယ်တိုင်အတွက်သာမက ပတ်ဝန်းကျင်က လူတွေအတွက်ပါ အရေးကြီးပါတယ်။တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက်နဲ့ပါ အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒက်ရှ် ပြည်နယ်က အမျိုးသား တစ်ယောက်က သူ့ဇနီးကို ကွာရှင်းဖို့ လွန်ခဲ့တဲ့ ၂ နှစ်က ကြိုးစားဖူးပါတယ်။ ကွာရှင်းချင်ရတဲ့ အကြောင်းရင်းကတော့ ရေချိုးဖို့ ထပ်ကာထပ်ကာ ပြောပေမယ့် မချိုးတာကြောင့် နေ့တိုင်းနီးပါး ရန်ဖြစ်နေရလို့ပါ။

နေ့တိုင်းပြောပေမယ့် မချိုးတာကြောင့် တစ်ခါတရံ ပြောပါသေးတယ်။ ဒါပေမယ့်လည်း တစ်ခါတလေတောင်မှ အဲဒီအမျိုးသမီးက ရေမချိုးခဲ့ပါဘူး။အဲဒီလိုနဲ့ သူတို့ရဲ့ ဆွေးနွေးမှုက အဆုံးသတ်ပြီး ကွာရှင်းဖို့ စဉ်းစားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်မှာ အသက် ၁ နှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။

သူ့အမျိုးသမီးနဲ့ ကွာရှင်းချင်တဲ့ အကြောင်းကို ကွာရှင်းစာချုပ် ကိုတောင် ယူလာပြီး ပြောတယ်လို့ အမျိုးသမီး ကာကွယ်ရေးအသင်းက အကြံပေးသူက ပြောပြပါတယ်။ အမျိုးသားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သိသွားတဲ့အခါ ရေမချိုးတဲ့ အမျိုးသမီးက ကွာရှင်းမှု မလုပ်ချင်ကြောင်း၊ ကူညီပေးစေလိုကြောင်း အမျိုးသမီး ကာကွယ်ရေးအသင်းကို ပြောပါတယ်။

ရေနေ့စဉ် မချိုးတာက ပြဿနာ အသေးလေး ဖြစ်ပြီးတော့ ဖြေရှင်းလို့ ရနိုင်ကြောင်း၊ ကွာရှင်းတဲ့အခါ ကလေးကိုပါ ထိခိုက်လာနိုင်ကြောင်း အမျိုးသမီး ကာကွယ်ရေးအသင်းနဲ့ မိဘတွေက အမျိုးသားဖြစ်သူကို ဖြောင်းဖြပြောဆိုကြပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုပြဿနာက အကြမ်းဖက်တာ၊ ရာဇဝတ်မှုမြောက်နဲ့ အကျုံးမဝင် တာကြောင့်လည်း ကွာရှင်းမှုကို အသိအမှတ် မပြုပေးတာပါ။ တချို့ အကြောင်းအရာတွေက တစ်ဖက်လူအတွက် အသေးအဖွဲလို့ ထင်ရပေမယ့် အသေးအဖွဲကနေ အစိုင်အခဲ ဖြစ်လာတဲ့အခါ မထင်ထားလောက်တဲ့ ထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။

(Zawgyi)

နေ့စဉ် ရေမချိုးတဲ့ဇနီးကို ကွာရှင်းဖို့ ကြိုးစားခဲ့တဲ့အမျိုးသား

တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ မိမိကိုယ်တိုင် အတွက်သာမက ပတ်ဝန်းကျင်က လူတွေအတွက်ပါ အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက်နဲ့ပါ အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒက်ရှ် ပြည်နယ်က အမျိုးသား တစ်ယောက်က သူ့ဇနီးကို ကွာရှင်းဖို့ လွန်ခဲ့တဲ့ ၂ နှစ်က ကြိုးစားဖူးပါတယ်။ ကွာရှင်းချင်ရတဲ့ အကြောင်းရင်းကတော့ ရေချိုးဖို့ ထပ်ကာထပ်ကာ ပြောပေမယ့် မချိုးတာကြောင့် နေ့တိုင်းနီးပါး ရန်ဖြစ်နေရလို့ပါ။

နေ့တိုင်းပြောပေမယ့် မချိုးတာကြောင့် တစ်ခါတရံပြောပါသေးတယ်။ ဒါပေမယ့်လည်း တစ်ခါတလေတောင်မှ အဲဒီအမျိုးသမီးက ရေမချိုးခဲ့ပါဘူး။ အဲဒီလိုနဲ့ သူတို့ရဲ့ ဆွေးနွေးမှုက အဆုံးသတ်ပြီး ကွာရှင်းဖို့ စဉ်းစားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်မှာ အသက် ၁ နှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။

သူ့အမျိုးသမီးနဲ့ ကွာရှင်းချင်တဲ့ အကြောင်းကို ကွာရှင်းစာချုပ် ကိုတောင် ယူလာပြီး ပြောတယ်လို့ အမျိုးသမီး ကာကွယ်ရေးအသင်းက အကြံပေးသူက ပြောပြပါတယ်။ အမျိုးသားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သိသွားတဲ့အခါ ရေမချိုးတဲ့ အမျိုးသမီးက ကွာရှင်းမှု မလုပ်ချင်ကြောင်း၊ ကူညီပေးစေလိုကြောင်း အမျိုးသမီး ကာကွယ်ရေး အသင်းကို ပြောပါတယ်။

ရေနေ့စဉ် မချိုးတာက ပြဿနာ အသေးလေး ဖြစ်ပြီးတော့ ဖြေရှင်းလို့ ရနိုင်ကြောင်း၊ ကွာရှင်းတဲ့အခါ ကလေးကိုပါ ထိခိုက်လာနိုင်ကြောင်း အမျိုးသမီး ကာကွယ်ရေးအသင်းနဲ့ မိဘတွေက အမျိုးသားဖြစ်သူကို ဖြောင်းဖြပြောဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပြဿနာက အကြမ်းဖက်တာ၊ ရာဇဝတ်မှုမြောက်နဲ့ အကျုံးမဝင်တာကြောင့်လည်း ကွာရှင်းမှုကို အသိအမှတ် မပြုပေးတာပါ။

တချို့ အကြောင်းအရာတွေက တစ်ဖက်လူအတွက် အသေးအဖွဲလို့ ထင်ရပေမယ့် အသေးအဖွဲကနေ အစိုင်အခဲ ဖြစ်လာတဲ့အခါ မထင်ထားလောက်တဲ့ ထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။

Zombie (Lovemedia)