Local News

တစ်မိသားစုလုံး အသတ်ခံရလို့ ကြေကွဲနေတဲ့ ရဲမေ မလေး

မနက်မိုးလင်းတာနဲ့ ငါ့မိသားစုကို လွမ်းတယ်. ငါ့မှာ အဖေခေါ်စရာ မရှိတော့ဘူး. အမေခေါ်စရာမရှိတော့ဘူး. မမခေါ်စရာ မရှိတော့ဘူး. ညီမလေး ခေါ်စရာမရှိတော့ဘူး တူမလေးခေါ်စရာမရှိတေ့ဘူး။

နစ်နာတာက မိသားစု နှစ်စု တစ်အိမ်လုံးလူ‌တွေကော မီးရှို့ခံရတာ ငါ့မိသားစု လေ နင်တို့မှာလည်း မိသားစုရှိတယ် ရွာမီးလောင်တာပဲ မြင်ကြတယ် မိသားစု တစ်စုလုံးအရင်မီးရှို့သတ်ခံရတာက ဘယ်ပျောက်သွားရတာလဲ။

ငါ့ကြောင့် ငါ့မိသားစုကြောင့် ငါရွာက ဘယ်ချိန်က ပြေးခဲ့ရဘူးလဲ ဘယ်ချိန်က ဒုက္ခရောက်ဖူးလဲ ဘယ်သူများ နစ်နာဖူး လဲ ကျီကုန်းရွာတစ်ရွာလုံးသိတယ်။

နင်တို့မိသားစုတွေ ဝဋ်မလည်ပါစေနဲ့ နင်တို့မိသားစုတွေ ငါရင်ကွဲသလို မကွဲပါစေနဲ့ ခု နင်တို့သတ်မယ်ဆိုတဲ့ ငါ့ဘဝကလည်း နင်တို့သတ်ပီးသားပါ။

ငါမိသားစုက ဒလန်မဟုတ်ခဲ့ဘူးနော် ဘယ်သူ့မှ ဒုက္ခ ‌မပေးခဲ့ဖူးဘူး ကျီးကုန်းရွာဘုန်းကြီး ကျောင်းမှာ သူစိမ်းတွေတည်းတယ် သိတယ်။

အဖေက ကျီကုန်းကျောင်း ဘုန်းကြီးကို ယုံတယ် ရွာသားတွေကို ယုံတယ် ဘယ်သူမှ ဒီလိုလုပ်မယ်လို့ မထင် ထားဘူးနော် ကျီကုန်းရွာက ငါ့မိသားစု ရန်သူတွေ‌ဖြစ်မယ်မှန်း မသိခဲ့လို့ နောင်တရတယ် ရွာကိုယုံလို့ နောင်တရ တယ် အမျိူးတွေကို အားကိုယုံခဲ့မိလို့ နောင်တရတယ်…

ငါ့မိသားစုက နင်တို့ အပေါ်ယုတ်မာခဲဖူးလို့ နင်တို့ဘဝတွေ ဖျက်ဆီးခံခဲရလို့ ခုလို ဝိုင်းလုပ်ကြံ ကြတာဆိုရင် ပြောပါအုံး..

မိသားစုတစ်စုလုံး မီးရှို့သတ်ရအောင်ထိ လုပ်ခဲ့ဖူးလား..

ငါက ရဲဖြစ်နေလို့ လုပ်တာဆိုရင် ငါက ငါ့ရွာ ဒုက္ခပေးဖူးလား ငါက ငါ့ရွာကို ငါ အကောင်းမြင်ခဲ့တာချည်းပဲ..

ငါက င့ါကို ဆဲဆိုနေတာတောင် ငါ ရန်ပြန်လုတ်ဖူး ငါအပြစ်မမြင်ခဲ့ဘူး.

တစ်ဖက်လူ အတွက် တွေးပေးခဲ့တာ ခုတော့ ငါ့မိသားစုကို ဝိုင်းလုပ်ကြံကြတယ် ကျီးကုန်း ရွာကလူတွေ မိသားစုတွေ တစ်ကွဲတစ်ပြား မဖြစ်ပါစေနဲ့ ငါ့လို မခံစားရပါစေနဲ့

ငါအဖေက ဒလန်လဲမဟုတ်သလို ပျူစောထီးလည်း မဟုတ်ခဲ့ဘူး သေနတ်ဆိုလို့ လေသေနတ်တောင် မရှိခဲ့ဘူး ကျီးကုန်းရွာမှာ ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာ ငါ့အိမ်ကသိပီးသား ဒါပေမဲ့ ငါတို့ ဘာမှ ရန်မစခဲ့ဘူး မသိချင်ယောင်ဆောင်ခဲ့တာ ကိုယ်မှဘာမှ မလုတ်တာဆိုပီး အေးအေးချမ်းချမ်း နေခဲ့တာ ..

ငါ့မိသားစုက ငါတို့ရွာသူရွားသားတွေကို တအားယုံတာ လူတစ်ယောက်ကို သတ်ရလောက်အောင်ထိ မလုပ်ပါဘူးတဲ့လေ..ငါမိသားစုနေတဲ့ ကျီကုန်းရွာက ငါ ရဲဖြစ်နေတာနဲ့ပဲ မအေးချမ်း မသာယာခဲ့လို့လား ပြေးခဲ့ရဖူးလား စစ်ကားရဲကား တစ်ခေါက်လာဖူးလား ရွာသူရွာသားတွေအသိ ငါဟာ ငါမိသားစုရှိတဲ့ရွာဘက် အမြဲကာကွယ်ပေးခဲ့တယ်.

အကောင်းပဲ မြင်ခဲ့တာငါ့သူငယ်ချင်းတွေ ဆိုးဆိုးဝါးဝါး ဆဲဆိုတာတွေ တွေ့ဖူးတယ်ငါတစ်ခွန် ပြန်တုန့်ပြန်ခဲ့ဖူးလား ငါရန်ပြန်လုတ်ဖူးလား ငါ့မိဘတွေ ရွာကလူတွေကို ဒုက္ခပေးဖူးလား ရွာသားတွေ အသိနော်..

ငါ့အဖေက လူမှုကူညီရေးဆို ရှေ့ဆုံးက နော် ငါ့အဖေက သမီးရေ အဖေတို့အတွက် စိတ်ချပါတဲ့လေ ရွာကလူတွေက အာ့လောက်မယုတ်ပါဘူးတဲ့ အနည်းဆုံးတော့ ကျီကုန်းကျောင်းဘုန်းကြီးက ဩဇာကောင်းတယ်တဲ့ သူ့ရွာကလူတော့ အထိခံမာ မဟုတ်ဘူးတဲ့လေ ငါ့အဖေက အာ့လို ယုံကြည်ခဲ့တာ..

အခု ငါအဖေ ငါ့အမေ ငါ့အမ ငါ့တူမ ငါ့ညီမလေး နှစ်ယောက်ကို မီးရှို့သတ်ကြတာ နင့်တို့က ရွာကို ငါ့ကပဲမီးရှို့ပါတယ်ဆိုပီး ပြောကြပြန်တယ် ငါ့မိသားစုကိုသတ်တာလည်း နင်တို့လေ ငါမိသားစုပူလောင်ရသလိုနင်တို့ မပူလောင်ပါစေနဲ့ ယုတ်မာကြတာက နင်တို့လေနင့်တို့ ယုတ်မာကြတာ နင်တို့မသိကြဘူးလား.

ဝဋ်မလည်ပါစေနဲ့ပဲ ငါဆုတောင်းတယ်..

Credit: Yu Yu