ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတဲ့လေးခွနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတဲ့ ရှေ့တန်းက PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်
ယခုရက်ပိုင်းမှာတော့ ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာ တွေ့ရပါတယ်။
အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် ကယားပြည်နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အားလုံးပူးပေါင်းတိုက်ခိုက်နေရတာ ဖြစ်ပါတယ် ။
Demoso PDF, PDF Loikow, KNDF, KPDF ,K.A တို့လို ကရင်နီတပ်ဖွဲ့တွေက အားလုံးပူးပေါင်းပြီး တိုက်ပွဲဝင်နေရတာလည်း ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည်ကန်တိုက်ပွဲမှာတော့ Loikaw PDF ဘက်က လူငယ်တစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။
မနေ့ကဆိုရင်လည်း ကျည်ကုန်သွားလို့ဆိုပြီး လေးခွနဲ့ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲက PDF လူငယ်လေးက ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတာလေးနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတာ ဖြစ်ပါတယ်။
အဆုံးအစွန်အထိ တိုက်ပွဲဝင်သွားမယ့်စိတ်ဓာတ်ကိုပြသခဲ့တဲ့ PDF လူငယ်လေးရဲ့အပြုအမူကိုကြည့်ပြီး ပြည်သူတွေက လေးစားချီးကျူးနေကြသလို ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ် ။
KNDF အဖွဲ့က လူငယ်တစ်ဦးကတော့ ဒီဗီဒီယိုဖိုင်ကိုမျှဝေပြီး ပြည်သူတွေအနေနဲ့ သူတို့လိုအပ်နေတာတွေကို ကူညီပေးဖို့ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။ ကျည်ကုန်သွားလို့ဆိုပြီး လေးခွထုတ်ကာ ကြိုးစားပမ်းစားလိုက်ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(Zawgyi)
ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတဲ့လေးခွနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတဲ့ ရှေ့တန်းက PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်
ယခုရက်ပိုင်းမှာတော့ ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာ တွေ့ရပါတယ်။
အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့်ကယားပြည်နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အားလုံးပူးပေါင်းတိုက်ခိုက်နေရတာ ဖြစ်ပါတယ် ။
Demoso PDF, PDF Loikow, KNDF, KPDF ,K.A တို့လို ကရင်နီတပ်ဖွဲ့တွေက အားလုံးပူးပေါင်းပြီး တိုက်ပွဲဝင်နေရတာလည်း ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည်ကန်တိုက်ပွဲမှာတော့ Loikaw PDF ဘက်က လူငယ်တစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။
မနေ့ကဆိုရင်လည်း ကျည်ကုန်သွားလို့ဆိုပြီး လေးခွနဲ့ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီ ဗီဒီယိုထဲက PDF လူငယ်လေးက ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတာလေးနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတာ ဖြစ်ပါတယ်။
အဆုံးအစွန်အထိ တိုက်ပွဲဝင်သွားမယ့်စိတ်ဓာတ်ကိုပြသခဲ့တဲ့ PDF လူငယ်လေးရဲ့အပြုအမူကို ကြည့်ပြီး ပြည်သူတွေက လေးစားချီးကျူးနေကြသလို ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ် ။