Local News

သားအမိနှစ်ဦး နေအိမ်ကို စွန့်ခွာပြေးရင်း ၁၂ ရက်ကြာကွဲကွာသွားရာမှ ပြန်လည်ဆုံတွေ့ကြသောအခါ (ရုပ်သံ)

စစ်ရှောင်ထွက်ပြေးရင်း ကွဲကွာသွားပြီး (၁၂)ရက်ကြာမှ ပြန်ဆုံတွေ့ခဲ့ကြတဲ့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေး

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် နိုင်ငံအတွင်း နေရာတော်တော်များများ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် အများပြည်သူတွေမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အခက်အခဲတွေနဲ့ ပိုင်ဆိုင်သမျှတွေကို အကြမ်းဖက်မှုတွေကြောင့် စွန့်လွှတ်ကာ ဒုက္ခသည်တွေအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

တောင်ပေါ်ဒေသတိုင်းရင်းသားတွေဟာ စစ်ဘေးကြောင့် အသက်လုထွက်ပြေးရင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ခံစားနေရပြီးမိသားစုတွေမှာလည်း တကွဲတပြားနဲ့ ဝေးကွားနေကြရတာတွေလည်း ရှိနေပါတယ်။

သားအမိနှစ်ယောက်မှာလည်း စစ်ရှောင်ထွက်ပြေးရင်း ကွဲကွာသွားခဲ့ရပြီး ရက်အတော်ကြာမှ ပြန်ဆုံခဲ့ကြရပါတယ်။

မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဘေးရှောင်မှ မိခင်ဖြစ်သူနဲ့ ကလေးငယ်လေးဟာ စစ်ရှောင်ပြေးရင်း ကွဲကွာသွားကာ (၁၂)ရက်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ စိုးရိမ်စိတ်တွေနဲ့ ဘေးကင်းစေဖို့ ဆုတောင်းနေခဲ့ရပြီး ပြန်လည်တွေ့ဆုံချိန်မှာတော့ သားအမိနှစ်ယောက် ဖက်ပြီးငိုကြွေးနေခဲ့ကြတာ ဖြစ်ပါတယ်။

မိုင်းကိုင်မြို့နယ်ပန်ကေတုစစ်ဘေးရှောင်မှသားအမိနှစ်ယောက်စစ်ပြေးရှောင်ရင်းခွဲခွါသွားပြီး ၁၂ ရက်နေပြီးမှပြန်ဆုံကြသောသားအမိပါ

(Zawgyi)

စစ်ရှောင်ထွက်ပြေးရင်း ကွဲကွာသွားပြီး (၁၂)ရက်ကြာမှ ပြန်ဆုံတွေ့ခဲ့ကြတဲ့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေး

ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် နိုင်ငံအတွင်း နေရာတော်တော်များများ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့်အများပြည်သူတွေမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။အခက်အခဲတွေနဲ့ ပိုင်ဆိုင်သမျှတွေကို အကြမ်းဖက်မှုတွေကြောင့် စွန့်လွှတ်ကာ ဒုက္ခသည်တွေအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

တောင်ပေါ်ဒေသတိုင်းရင်းသားတွေဟာ စစ်ဘေးကြောင့် အသက်လုထွက်ပြေးရင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ခံစားနေရပြီး မိသားစုတွေမှာလည်း တကွဲတပြားနဲ့ ဝေးကွားနေကြရတာတွေလည်း ရှိနေပါတယ်။ သားအမိနှစ်ယောက်မှာလည်း စစ်ရှောင်ထွက်ပြေးရင်း ကွဲကွာသွားခဲ့ရပြီး ရက်အတော်ကြာမှ ပြန်ဆုံခဲ့ကြရပါတယ်။

မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဘေးရှောင်မှ မိခင်ဖြစ်သူနဲ့ ကလေးငယ်လေးဟာ စစ်ရှောင်ပြေးရင်း ကွဲကွာသွားကာ (၁၂)ရက်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ စိုးရိမ်စိတ်တွေနဲ့ ဘေးကင်းစေဖို့ ဆုတောင်းနေခဲ့ရပြီး ပြန်လည်တွေ့ဆုံချိန်မှာတော့ သားအမိနှစ်ယောက် ဖက်ပြီးငိုကြွေးနေခဲ့ကြတာ ဖြစ်ပါတယ်။

မိုင်းကိုင်မြို့နယ်ပန်ကေတုစစ်ဘေးရှောင်မှသားအမိနှစ်ယောက်စစ်ပြေးရှောင်ရင်းခွဲခွါသွားပြီး ၁၂ ရက်နေပြီးမှပြန်ဆုံကြသောသားအမိပါ

Video Credit to Sai Ywat Lai