အဒေါ်ဖြစ်သူအကယ်ဒမီမင်းသမီးကြီး ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့လေးကိုဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ ဒီနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ အဒေါ်ဖြစ်သူဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေး လာခဲ့ပါတယ်။
ဒေါ်မြင့်မြင့်ခိုင်ကလည်း လက်ရှိမှာအနုပညာအလုပ်တွေမလုပ်ကိုင်တော့ပေမဲ့တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး သရုပ်ဆောင်ပီပြင်လွန်းလှတာကြောင့် ထပ်ဆင့်အကယ်ဒမီဆုတွေကိုပါရရှိထားတဲ့ပရိသတ်အချစ်တော် မင်းသမီးကြီးဖြစ်တာ နဲကအညီ ယနေ့တိုင်ပရိသတ်ချစ်ခင်နေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။
ဒီနေ့မှာကျရောက်တဲ့ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့အတွက်ကို ခိုင်နှင်းဝေက “Happy Birthday ကြီးတော်ကြီး မိခင်ရင်းကဲ့သို့ ချစ်ရပါတဲ့ကျွန်မရဲ့ ဒုတိယမေမေမေကြူ၊ ချစ်တဲ့မိသားစုနဲ့ နှစ်ပေါင်းများစွာ သက်ရှည်အနာမဲ့ ကျန်းမာစွာနေထိုင်နိုင်ပါစေ”ဆိုပြီး မွေးနေ့ ဆုမွန်ကောင် းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။
အနုပညာရှင်မောင်နှမတွေ ကလည်း ခိုင်နှင်းဝေရဲ့ Post အောက်မှာ သူတို့လေးစားအားကျခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source – Khine Hnin Wai
zawgyi
Source – Khine Hnin Wai