Local News

နေ့စဉ်အမြဲမပြတ် ကြက်တူရွေးအကောင်ပေါင်း ၃၀၀၀ ခန့်ကို အစားကျွေးတဲ့ ငှက်လူသား တစ်ဦး

ငှက်အကောင်ပေါင်း ၃၀၀၀ ခန့်ကို အမြဲအစာကျွေးနေသူကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မြို့က Harsukh Bhai Dobariya ဆိုတဲ့ မြေပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ၂၀၀၀ ခုနှစ်လောက်တုန်းက ခြေထောက်ကျိုးခဲ့ပြီး အိပ်ယာထဲမှာ အမြဲနေခဲ့ရသူပါ။ အိမ်နီးချင်းတစ်ယောက် ကောက်နှံတွေဝယ်လာတာကိုမြင်တော့ သူအကြံတစ်ခုရခဲ့ပါတယ်။

အဲဒါကတော့ ကောက်နှံတချို့ကို လသာဆောင်မှာ ထားဖို့ပါ။ ကောက်နှံတချို့ကို လသာဆောင်မှာထားပြီး စောင့်ကြည့်တဲ့အခါ ကြက်တူရွေးလေးတစ်ကောင်ဟာ သူထားထားတဲ့ကောက်နှံကိုစားနေတာကို မြင်တွေ့ရလို့ အလွန်ကြည်နူးခဲ့တယ်လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်းကောက်နှံတွေကိုထားထားပေးတဲ့အခါ ကြက်တူရွေး ၂ ကောင် နောက် ၄ ကောင် နောက်တဖြည်းဖြည်းများလာပြီး ရာဂဏန်းကျော်လာခဲ့ပါတယ်။

ကြက်တူရွေးတွေကို အစာကျွေးရတဲ့အတွက် သူအလွန်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းတွေအတွက်တော့ သူအစာကျွေးတဲ့ငှက်တွေဟာ များပြားလွန်းတာကြောင့် ဒုက္ခပေးသလိုဖြစ်နေပါတယ်။ ငှက်တွေကို အစာကျွေးချင်လွန်းတဲ့သူဟာ အိမ်နီးချင်းတွေကို စိတ်အနှောက်အယှက်မပေးလိုတာကြောင့် မြို့လယ်က အိမ်ကိုစွန့်ကာ မြို့စွန်မှာ ၄ ဧက မြေကိုဝယ်ကာ လွတ်လွတ်လပ်လပ်ကျွေးပါတော့တယ်။

အခုဆိုရင် သူ့ဆီလာစားတဲ့ ကြက်တူရွေးအကောင်ပေါင်း ၂၅၀၀ ကနေ ၃၀၀၀ ကြားရှိနေပြီဖြစ်ပါတယ်။ သူ့ကိုလည်း လူတချို့က ခုလိုငှက်တွေကို အစားကျွေးလေ့ရှိတာကြောင့် ငှက်လူသားလို့ ခေါ်ကြလေ့ရှိပါတယ်။

Credit

Zawgyi