ဗဟုသုတ

ဝါသနာတစ်ခုကြောင့် ဇနီးသည်က စွန့်ပစ်တာကို ခံခဲ့ရပေမယ့် အောင်မြင်အောင် ဆက်လက်ကြိုးစားခဲ့တဲ့ အမျိုးသား






Unicode

ဇနီးသည်၏ စွန့်ပစ်ခြင်းကို ခံရသည်အထိ ကြိုးစားကာ အများစွန့်ပစ်ထားသော အမှိုက်ပုံမှပစ္စည်များကို ကောက်ယူပြီး အချိန်၂နှစ်ကြာအောင် စက်ရုပ်လိပ်ပုံကြီးကို တီထွင်ဖန်တီးခဲ့သည့်အမျိုးသား

လူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ပညာများသည် လူအများမှ မမြင်နိုင်သကဲ့သို့ ခိုးယူ၍လည်း ရရှိနိုင်မည့်မဟုတ်ပေ။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အသက်၆၄နှစ်အရွယ်အမျိုးသား၏ ဖန်တီးထားနိုင်သည့် ပညာရပ်တစ်ခုကြောင့် လူတိုင်းက လေးစားလာခဲ့ရပါတယ်။

အဖိုးအိုဟာ အများကစွန့်ပစ်ထားသော ပစ္စည်းများကိုသာ အမြဲတမ်းလိုက်ကောက်နေသည့်အတွက် လူအများက အမှိုက်ကောက်သမားဟုသာ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ထို့အပြင် အမှိုက်များသာ ကောက်နေခဲ့သည့်အတွက် ဇနီးသည်ကလည်း စိတ်ကုန်ပြီး စွန့်ပစ်ကာ ထွက်သွားခဲ့ပါတယ်။

သို့သော်လည်း အဖိုးဟာ သူ၏စိတ်ကူးလေးထဲကအတိုင်း အမှိုက်များဖြင့် အချိန်၂နှစ်ကြာအောင် စက်ရုပ်ကြီးကို ဖန်တီးနိုင်ခဲ့သောအခါတွင်တော့ လူတိုင်းဟာ ပါးစပ်အဟောင်းသားဖြစ်ပြီး အံ့သြနေခဲ့ရပါတယ်။