ဗဟုသုတ

ပစ်ခတ်နေတဲ့ကြားမှာ ကျွတ်ကျွတ်အိတ်ထဲက ထမင်းကို အသက်လုစားနေရတဲ့ PDF တပ်သားတစ်ယောက် (ရုပ်သံ)

ပစ်ခတ်နေတဲ့လက်နက်ကြီးငယ်တွေကြားမှာ ကျွတ်ကျွတ်အိတ်ထဲကထမင်းကို အသက်လုစားနေရတဲ့ PDF တပ်သားတစ်ယောက်ရဲ့ ဗီဒီယို

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

အားလုံးထင်ထားတာထက်ပိုပြီးခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတဲ့ PDF တပ်သားတွေဟာ သူတို့ရဲ့လက်ရှိနေထိုင်မှုပုံရိပ်တွေကို မကြာခဏဆိုသလို လူမှုကွန်ယက်မှာဝေမျှခဲ့ကြပါတယ်။

ဒီလိုဝေမျှတာတွေကြောင့်လည်း ပြည်သူတွေဟာ ဂရုဏာသက်ပြီး လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ကြပါတယ်။ ဒီနေ့မှာလည်း PDF တပ်သားတစ်ယောက်ဟာ ကျွတ်ကျွတ်အိတ်ထဲက ထမင်းတွေစားနေတုန်းမှာတစ်ဖက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ အသံတွေဟာလည်း အတော်လေးကိုဆူညံလွန်းနေခဲ့ပါတယ်။

ထမင်းစားနေတဲ့ဗီဒီယိုလေးကိုမှတ်တမ်းတင်နေစဉ်မှာပဲ အခုလိုအန္တရာယ်အခြေအနေတွေကြားထဲ ရောက်နေခဲ့တာဟာ အတော်လေးကိုစိတ်မကောင်းစရာပါ။

ပစ်နေတဲ့လက်နက်ကြီးငယ်တွေဟာ မတော်တဆများ စားနေတဲ့နေရာကိုကျလာခဲ့မယ်ဆိုရင်ထမင်းကိုတောင် ဖြောင့်အောင်မစားလိုက်ရဘဲ အသက်ဆုံးရှုံးသွားရမှာပါ။ အရာရာကိုသတိကပ်ပြီးနေရတဲ့အနေအထားတွေဟာ အတော်လေးကို မသက်မသာအ၇အခြေအနေပါပဲ။

ဒီဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်ဝေမျှပြီးနောက်မှာတော့ ပြည်သူတွေဟာ စိတ်မကောင်းဖြစ်ပြီး ဂရုဏာသက်ကာ ဘေးကင်းစေဖို့ဆုတောင်းစကားတွေ ဝိုင်းဝန်းပြောပေးခဲ့ကြပါ တယ်။

ထမင်းစားနေတဲ့အချိန်မှာတောင် ပစ်ခတ်သံတွေကြောင့် အေးအေးလူလူမနေနိုင်ဘဲ စားတာကို အမြန်လက်စသတ်ပြီး ဗီဒီယိုကိုလဲ ရပ်ပစ်ခဲ့ပါတယ်။

ကြည့်ရှုသူတွေဟာ PDF တွေရဲ့ ခက်ခဲလွန်းတဲ့ အခြေအနေတွေကိုအတိုင်းသားမြင်တွေ့ခဲ့ပြီး စိတ်မကောင်းဖြစ်ကြောင်း မှတ်ချက်တွေ အများအပြား ပေးခဲ့ကြပါတယ်။

ဖြစ်သလိုစားရတဲ့ဘဝမှာ အသက်နဲ့ရင်းပြီး ပြည်သူ့အောင်ပွဲကို အရယူပေးနေတဲ့ PDF တွေဟာ လေးစားဦးညွှတ်ထိုက်သူတွေဖြစ်ကြောင်း မှတ်ချက်တွေလည်း ထပ်လောင်းပေးခဲ့ပါသေးတယ်။

(Zawgyi)

ပစ်ခတ်နေတဲ့လက်နက်ကြီးငယ်တွေကြားမှာ ကျွတ်ကျွတ်အိတ်ထဲကထမင်းကို အသက်လုစားနေရတဲ့ PDF တပ်သားတစ်ယောက်ရဲ့ ဗီဒီယို

အားလုံးထင်ထားတာထက်ပိုပြီးခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတဲ့ PDF တပ်သားတွေဟာ သူတို့ရဲ့လက်ရှိနေထိုင်မှုပုံရိပ်တွေကို မကြာခဏဆိုသလို လူမှုကွန်ယက်မှာဝေမျှခဲ့ကြပါတယ်။

ဒီလိုဝေမျှတာတွေကြောင့်လည်း ပြည်သူတွေဟာ ဂရုဏာသက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။

ဒီနေ့မှာလည်း PDF တပ်သားတစ်ယောက်ဟာ ကျွတ်ကျွတ်အိတ်ထဲက ထမင်းတွေစားနေတုန်းမှာ တစ်ဖက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ အသံတွေဟာလည်း အတော်လေးကိုဆူညံလွန်းနေခဲ့ပါတယ်။

ထမင်းစားနေတဲ့ဗီဒီယိုလေးကိုမှတ်တမ်းတင်နေစဉ်မှာပဲ အခုလိုအန္တရာယ်အခြေအနေတွေကြားထဲ ရောက်နေခဲ့တာဟာ အတော်လေးကိုစိတ်မကောင်းစရာပါ။ ပစ်နေတဲ့လက်နက်ကြီးငယ်တွေဟာ မတော်တဆများ စားနေတဲ့နေရာကိုကျလာခဲ့မယ်ဆိုရင် ထမင်းကိုတောင် ဖြောင့်အောင်မစားလိုက်ရဘဲ အသက်ဆုံးရှုံးသွားရမှာပါ။

အရာရာကိုသတိကပ်ပြီးနေရတဲ့အနေအထားတွေဟာ အတော်လေးကို မသက်မသာအခြေအနေပါပဲ။ ဒီဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်ဝေမျှပြီးနောက်မှာတော့ ပြည်သူတွေဟာ စိတ်မကောင်းဖြစ်ပြီး ဂရုဏာသက်ကာ ဘေးကင်းစေဖို့ဆုတောင်းစကားတွေ ဝိုင်းဝန်းပြောပေးခဲ့ကြပါတယ်။

ထမင်းစားနေတဲ့အချိန်မှာတောင် ပစ်ခတ်သံတွေကြောင့် အေးအေးလူလူမနေနိုင်ဘဲ စားတာကို အမြန်လက်စသတ်ပြီး ဗီဒီယိုကိုလဲ ရပ်ပစ်ခဲ့ပါတယ်။

ကြည့်ရှုသူတွေဟာ PDF တွေရဲ့ ခက်ခဲလွန်းတဲ့ အခြေအနေတွေကိုအတိုင်းသားမြင်တွေ့ခဲ့ပြီး စိတ်မကောင်းဖြစ်ကြောင်း မှတ်ချက်တွေ အများအပြား ပေးခဲ့ကြပါတယ်။

ဖြစ်သလို စားရတဲ့ဘဝမှာ အသက်နဲ့ရင်းပြီး ပြည်သူ့အောင်ပွဲကို အရယူပေးနေတဲ့ PDF တွေဟာ လေးစားဦးညွှတ်ထိုက်သူတွေဖြစ်ကြောင်း မှတ်ချက်တွေလည်း ထပ်လောင်းပေးခဲ့ပါသေးတယ်။

Source: Chris Paradise Clare Son