ဗဟုသုတ

ရှေ့တန်းရောက်နေချိန်မှာ ထမင်းနဲ့ဟင်းကို ကြွပ်ကြွပ်အိတ်လေးနဲ့ထုတ်လာပြီး စားသောက်နေတဲ့ PDF ရဲဘော်တွေ (ရုပ်သံ)

ရှေ့တန်းရောက်နေချိန်မှာ ထမင်းနဲ့ဟင်းကို ကြွပ်ကြွပ်အိတ်လေးနဲ့ထုတ်လာပြီး စားသောက်နေရတဲ့ PDF ရဲဘော်တွေရဲ့မြေပြင်ပေါ်ကအခြေအနေ ဗီဒီယိုဖိုင်

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

မြန်မာပြည်တွင်းက တချို့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက အစွမ်းကုန်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ PDF တွေဘက်မှလည်း အနည်းငယ်ကျဆုံးနေတာကြောင့် ပြည်သူလူထုက ဝမ်းနည်းနေရပြီး နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

PDF ရဲဘော်တွေ လိုအပ်မယ့် လက်နက်၊ရိက္ခာ စတာတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။ တချို့နေရာတွေမှာဆိုရင် လူအင်အားများပြီး လက်နက်၊ရိက္ခာမလုံလောက်မှုတို့ကြောင့် PDF တွေလည်း ဖြစ်သလိုသာရုန်းကန်နေရတာဖြစ်ပါတယ်။

ထမင်း၊ဟင်းတောင်နပ်မှန်အောင်မစားရပေမယ့် တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း PDF ရဲဘော်တွေရဲ့ မြေပြင်ပေါ်က ကြုံတွေ့နေရတဲ့အခြေအနေကို ပြည် သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။

ရဲဘော်တွေ ရှေ့တန်းရောက်နေချိန်မှာ ဗိုက်ဖြည့်ဖို့အတွက် ထမင်းနဲ့ကြက်ဥဟင်းကို ကြွပ်ကြွပ်အိတ်နဲ့ ထုတ်လာတာဖြစ်ပါတယ်။ ကြက်ဥဟင်းကိုပဲ ဟင်းကောင်းတယ်လို့ သတ်မှတ်ထားကြပြီး ခွန်အားပြည့်ဖို့အတွက် စားသောက်ရတာဖြစ်ပါတယ်။

ဘယ်နေရာမှာမဆို အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်ပြီး ပြည်သူတွေကိုလည်း အပူမပေးဘဲ အနစ်နာခံပေးဆပ်နေတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(Zawgyi)

ရှေ့တန်းရောက်နေချိန်မှာ ထမင်းနဲ့ဟင်းကို ကြွပ်ကြွပ်အိတ်လေးနဲ့ထုတ်လာပြီး စားသောက်နေရတဲ့ PDF ရဲဘော်တွေရဲ့မြေပြင်ပေါ်ကအခြေအနေ ဗီဒီယိုဖိုင်

မြန်မာပြည်တွင်းက တချို့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက အစွမ်းကုန်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ PDF တွေဘက်မှလည်း အနည်းငယ်ကျဆုံးနေတာကြောင့် ပြည်သူလူထုကဝမ်းနည်းနေရပြီး နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

PDF ရဲဘော်တွေ လိုအပ်မယ့် လက်နက်၊ရိက္ခာ စတာတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။ တချို့နေရာတွေမှာဆိုရင် လူအင်အားများပြီး လက်နက်၊ရိက္ခာမလုံလောက်မှုတို့ကြောင့် PDF တွေလည်း ဖြစ်သလိုသာရုန်းကန်နေရတာဖြစ်ပါတယ်။

ထမင်း၊ဟင်းတောင်နပ်မှန်အောင်မစားရပေမယ့် တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း PDF ရဲဘော်တွေရဲ့ မြေပြင်ပေါ်က ကြုံတွေ့နေရတဲ့အခြေအနေကို ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။

ရဲဘော်တွေ ရှေ့တန်းရောက်နေချိန်မှာ ဗိုက်ဖြည့်ဖို့အတွက် ထမင်းနဲ့ကြက်ဥဟင်းကို ကြွပ်ကြွပ်အိတ်နဲ့ ထုတ်လာတာဖြစ်ပါတယ်။ ကြက်ဥဟင်းကိုပဲ ဟင်းကောင်းတယ်လို့သတ်မှတ်ထားကြပြီး ခွန်အားပြည့်ဖို့အတွက် စားသောက်ရတာဖြစ်ပါတယ်။

ဘယ်နေရာမှာမဆို အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်ပြီး ပြည်သူတွေကိုလည်း အပူမပေးဘဲ အနစ်နာခံပေးဆပ်နေတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit: Original Uploder