စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသည့် သူရဲကောင်း မောင်ပါစ္စကွားလယ် ရုပ်အလောင်းကို မြေမြှုပ်သဂြိုလ်
(PDF သူရဲကောင်း မောင်ပါစ္စကွားလယ်)
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် Loikaw – PDF မှ မောင်ပါစ္စကွားလယ် (ခ) ခိုးခို၏ ရုပ်အလောင်းကို မြေမြှုပ်သဂြိုလ်ခဲ့ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် မောင်ပါစ္စကွားလယ် (ခ) ခိုးခိုသည် စက်တင်ဘာလ ၂၅ ရက်နေ့ ကျောက်ဆည်ကန်တိုက်ပွဲတွင် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ဈာပနအခမ်းအနားကို ယနေ့စက်တင်ဘာလ ၂၇ ရက် မနက် ၈ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
PDF ရဲဘော် ပါစ္စကွားလယ် (ခ) ခိုးခို သည် ပြည်သူလူထုကို ကာကွယ်ရန် ရှေ့တန်းတွင် သတ္တိရှိစွာ တိုက်ပွဲဝင်ရင်း အသက်ပေးကျဆုံးရခြင်း ဖြစ်ပြီး
၎င်း၏ စွန့်လွှတ်ပေးဆပ်မှုတို့ကို အမြဲ အမှတ်ရလျက်၊ အလေးပြုဦးညွှတ်လျက် အရေးတော်ပုံ ပြီးဆုံးသည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သံဓိဌာန်ပြုသည်ဟု လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။
Photo- Loikaw PDF