တစ်ချိန်က ရွှေမန္တလေးရဲ့ ကျက်သရေဆောင် မြို့မ တူရိယာအသင်းကြီးဟာ ခုတော့ဖြင့် စိတ်ဓာတ်ရေးရာ ပျက်စီး ခြင်းကို ဦးတည်နေပါပြီ . . .အရင်လတွေက နစက က ခေါ်တဲ့ ပွဲမှာ လိုက်ပြီး ဖျော်ဖြေခဲ့သလို ခုလည်း နစက နဲ့ ပရောပရီလုပ်နေပြန်ပါပြီ. . .တမလွန်က ဆရာ မြို့မငြိမ်း မြင်ရင် ဘယ်လိုနေမယ်မသိ
မန္တလေး၊ စက်တင်ဘာ၂၇
နစကဥက္ကဌက မန္တလေးမြို့မ တူရိယာအသင်း အတွက် ပေးအပ်ချီးမြှင့်သည့် တူရိယာပစ္စည်းများအား ယမန်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ သည်။ လွှဲပြောင်းပေးခဲ့သည့် တူရိယာပစ္စည်းများမှာ Drum Set မျိုးစုံ၊ Percussion (LPUSA) မျိုးစုံ၊ Violinငါးလက်၊ Flute တစ်လက်၊ clarinet တစ်လက်၊ Trumpetတစ်လက်၊Saxophoneတစ်လက် နှင့် Cello & Stand တစ်စုံတို့ဖြစ်ပြီး အသင်းနာယကက လက်ခံခဲ့သည်။
ယင်းနောက် …..
ယင်းနောက် ဆန်အိတ် ၄၀၊ ဆီပိဿာ ၂၀၊ ကုလားပဲပိဿာ ၄၀၊ ကြက်သွန်နီ ပိဿာ ၄၀ နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်း ပေးအပ် ခဲ့သေးကြောင်းလည်း သိရသည်။