ဒီနေ့ အိန္ဒြာကျော်ဇင်အကြောင်းတွေးမိပြီး ဆရာကြီးမင်းသိင်္ခရဲ့၊ ရွှေမြသာဝထ္ထုကိုသတိရသွားတယ်၊
ဆရာကြီးမင်းသိင်္ခက ညစောင့်လုပ်ဖူးတယ်၊ ကွန်မြူနစ်နဲ့ဆက်သွယ်တယ်ဆိုပြီး ထောင်ကျတယ်၊ ၈၈ မှာဆရာစံဇာဏီဘိုတို့နဲ့ အတူ အဖမ်းခံရပြန်တယ်၊
ပြန်လွတ်လာတော့ ဆရာကြီးဟာ ထွက်ရပ်ပေါက်လိုင်းဘက်ကို လိုက်လာသလို ယူဆရတယ်။
ပြန်ကောက်ရရင် ပုဂ္ဂိုလ်ထူးတွေနဲ့ အိန္ဒြာကျော်ဇင်ကို နှိုင်းတာမဟုတ်ပါဘူး၊ သို့ပေမယ့် အယူတော်မင်္ဂလာနည်းအရ ကံဆိုတာ ညံ့ပြီးရင် ကောင်းဖို့ပဲဆိုတာကိုလက်ခံမိတယ်၊ဆိုတော့ကာ၊ အိန္ဒြာကျော်ဇင်အဖမ်းခံရတယ်။
ယုံကြည်ချက်အတွက်၊ အေးအေးဆေးဆေး နေလို့ရပေမယ့် စွန့်လွှတ်ရမှာတွေကိုသိလျက်နဲ့ စွန့်စားခဲ့တယ်၊ ကံနိမ့်သွားတယ်၊ မိသားစုတကွဲတပြား၊သတင်းစကားတောင်မကြားရဘူး၊ သို့ပေမယ့်ကံနိမ့်ပြီးတဲ့အချိန်မှာ လျှမ်းလျှမ်းတောက်အောင် ကမ္ဘာကျော်သွားတယ်။
ဆုရခြင်းက အကြောင်း၂ချက်ရှိတယ်၊ ပထမအချက်က မတရားမှု့ကိုရဲရဲဝံ့ဝံ့တုန့်ပြန်တဲ့ မြန်မာမင်းသမီးကို ကမ္ဘာကအသိအမှတ်ပြုတာ၊ ဒုတိယအချက်က ကံညံ့ပြီးလျှမ်းလျှမ်းတောက်အောင်မြင်လာတတ်တယ်ဆိုတဲ့ အယူတော်မင်္ဂလာနိမိတ်ကောက်နည်းဖြစ်တယ်။
ဒီတော့၊ လက်ရှိမြန်မာပြည်သူတွေလောက်ကံညံ့နေသူတွေ ကမ္ဘာမှာမရှိပါဘူး၊ အယူတော်မင်္ဂလာနိမိတ်ကောက်နည်းအရ အိန္ဒြာကျော်ဇင်ကသက်သေပြခဲ့ပြီဆိုတော့၊ မြန်မာပြည်ဟာ လျှမ်းလျှမ်း တောက် တိုးတက်လာဖို့ကလွဲပြီး အခြားမရှိတော့ပါဘူးဆိုပြီး ရေးသားထားပါတယ်၊
စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လာ်ဖော်ပြပေးလိုက်ပါတယ်နော်။
(Zawgyi)
ဒီနေ့အိန္ဒြာကျော်ဇင်အကြောင်းတွေးမိပြီး ဆရာကြီးမင်းသိင်္ခရဲ့၊ရွှေမြသာဝထ္ထု့ကိုသတိရသွားတယ်၊
ဆရာကြီးမင်းသိင်္ခက ညစောင့်လုပ်ဖူးတယ်၊ကွန်မြူနစ်နဲ့ဆက်သွယ်တယ်ဆိုပြီး ထောင်ကျတယ်၊ ၈၈ မှာဆရာစံဇာဏီဘိုတို့နဲ့ အတူ အဖမ်းခံရပြန်တယ်၊ ပြန်လွတ်လာတော့ ဆရာကြီးဟာ ထွက်ရပ်ပေါက်လိုင်းဘက်ကိုလိုက်လာသလို ယူဆရတယ်။
ပြန်ကောက်ရရင် ပုဂ္ဂိုလ်ထူးတွေနဲ့ အိန္ဒြာကျော်ဇင်ကို နှိုင်းတာမဟုတ်ပါဘူး၊ သို့ပေမယ့် အယူတော်မင်္ဂလာနည်းအရ ကံဆိုတာညံ့ပြီးရင် ကောင်းဖို့ပဲဆိုတာကို လက်ခံမိတယ်၊ ဆိုတော့ကာ၊အိန္ဒြာကျော်ဇင်အဖမ်းခံရတယ်။
ယုံကြည်ချက်အတွက်၊ အေးအေးဆေးဆေး နေလို့ရပေမယ့် စွန့်လွှတ်ရမှာတွေကိုသိလျက်နဲ့ စွန့်စားခဲ့တယ်၊ ကံနိမ့်သွားတယ်၊ မိသားစုတကွဲတပြား၊သတင်းစကားတောင်မကြားရဘူး၊ သို့ပေမယ့်ကံနိမ့်ပြီးတဲ့အချိန်မှာ လျှမ်းလျှမ်းတောက်အောင် ကမ္ဘာကျော်သွားတယ်။
ဆုရခြင်းက အကြောင်း၂ချက်ရှိတယ်၊ ပထမအချက်က မတရားမှု့ကိုရဲရဲဝံ့ဝံ့တုန့်ပြန်တဲ့ မြန်မာမင်းသမီးကို ကမ္ဘာကအသိအမှတ်ပြုတာ၊ ဒုတိယအချက်က ကံညံ့ပြီးလျှမ်းလျှမ်းတောက်အောင်မြင်လာတတ်တယ်ဆိုတဲ့ အယူတော်မင်္ဂလာနိမိတ်ကောက်နည်းဖြစ်တယ်။
ဒီတော့၊ လက်ရှိမြန်မာပြည်သူတွေလောက် ကံညံ့နေသူတွေ ကမ္ဘာမှာမရှိပါဘူး၊ အယူတော်မင်္ဂလာနိမိတ်ကောက်နည်းအရ အိန္ဒြာကျော်ဇင်ကသက်သေပြခဲ့ပြီဆိုတော့၊မြန်မာပြည်ဟာ လျှမ်းလျှမ်း တောက်တိုးတက်လာဖို့ကလွဲပြီး အခြားမရှိတော့ပါဘူးဆိုပြီး ရေးသားထားပါတယ်၊
စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လာ်ဖော်ပြပေးလိုက်ပါတယ်နော်။
Credit