Cele News

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြလာတဲ့ ရတနာမိုင်

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြလာတဲ့ ရတနာမိုင်

အဆိုတော်၊ သရုပ်ဆောင် ရတနာမိုင်ကတော့ တေးသံရှင်မိုင်ရဲ့ သမီးချောလေးဖြစ်ပြီး မိခင်ဆီကနေ လက်ဆင့်ကမ်းရရှိပြီး ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ နား ဝင်ချိုပြီး သာယာတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ကတော့ သီချင်းတွေကို ပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုတတ်တာ ဖြစ်ပါတယ်။

အလုပ်တွေကို ကြိုးစား လုပ်ကိုင်သလို မိဘနှစ်ပါးအပေါ်လည်း သိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။ စက်တင်ဘာလ (၂၅) ရက်နေ့ညမှာတော့ ရတနာမိုင်ရဲ့ ဖခင်ဖြစ်သူဟာ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြောင့် အားလုံး က စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။

ယနေ့ မှာတော့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံး ခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တွေကိုဝေမျှလာပါတယ်။ ပရိသတ်ကြီးအတွက် ဒီသတင်းကိုဝေမျှပေးရင်း အန်ကယ်လည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo – Yadanar My

-Zawgyi Font ဖြင့်ဖတ်ရန်-


ကောင်းရာ သုဂတိလားပါစေ အန်ကယ်🙏




Photo – Yadanar My