ဗဟုသုတ

အရေပြားအထူးကုဆရာဝန်တွေ အသုံးပြုဖို့ အားမပေးတဲ့ အလှအပထုတ်ကုန် (၆) မျိုး

၁။ လက်နှင့် ခန္ဓာကိုယ် lotion

အရေပြားအထူးကုဆရာဝန်များသည် lotion ထက် ခရမ်တွေကို သုံးပါတယ်။ ဘာလို့လဲဆိုတော့ ခရမ် က လိုးရှင်းထက် ပိုပျစ်ပြီး ရေဓါတ်ပိုမိုထိန်းသိမ်းပေးလို့ပါပဲ။ အရမ်းခြောက်သွေ့တဲ့အသားအရေအတွက် ခရမ်ကိုရွေးချယ်တာ ပိုကောင်းပြီး ခရမ်က အသားအရေကို အစိုဓါတ် ဆုံးရှုံးမှုကနေ ကာကွယ်ပေးပါတယ်။

Body Lotion တွေက များသောအားဖြင့် ရေပါဝင်မှုမြင့်မားပါတယ်။ Lotion က အသားအရေပေါ်မှာ စေးကပ်ပြီး ချွဲကျိကျိမနေတာကြောင့် အလွန်အကျွံမခြောက်တဲ့ အသားအရေအတွက်တော့ ကောင်းပါတယ်။

၂။ မီးသွေးမျက်နှာပေါင်းတင် masks

ဒီလူကြိုက်များတဲ့ အလှကုန်ကို အရေပြားအထူးကုဆရာဝန်များက ဆန့်ကျင့်ထားပါတယ်။ ဒီပေါင်းတင်ဆေးအမျိုးအစားတွေဟာ နာကျင်မှုမရှိပေမယ့် အသားအရေတည်ဆောက်ပုံကို ပျက်စီးစေတယ်လို့ အထူးကုများက အခိုင်အမာဆိုထားပါတယ်။ ဒီ mask ရဲ့ပါဝင်ပစ္စည်းများဟာအလွန်ပြင်းထန်ပြီး အသားအရေမှ ဆီ၊ ပါးလွှာတဲ့ မွှေးညင်းလေးတွေ၊ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။

၃။ Snscreen spray

ကျွမ်းကျင်သူများက သူတို့တစ်ကိုယ်ရေသုံးဖို့အတွက် နေရောင်ကာစပရေးတွေထက် ခရမ်တွေကို ပိုလိုလားကြပါတယ်။ စပရေးက ထူထဲတဲ့အလွှာမှာ လိမ်းဖို့ မဖြစ်နိုင်လို့ပါပဲ။ ဒါ့အပြင် ဒီအလှကုန်သည် ဖြန်းလိုက်တဲ့အခါ အရေပြားကိုမရောက်ခင် ၎င်းရဲ့ active ဒြပ်စင်တွေ ဆုံးရှုံးသွားလို့ပါပဲ။

အရေပြားအထူးကုဆရာဝန်များက ဇင့်အောက်ဆိုဒ်ပါဝင်ထားတဲ့ နေရောင်ကာကွယ်ဆေးတွေက အရေပြားကိုပိုနူးညံ့စေပြီး ပိုပြီးထိရောက်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီခရမ်အလှကုန်များဟာ ခရမ်းလွန်ရောင်ခြည်ကို တန်ပြန်ပြီး သူတို့ကို စုပ်ယူမှု မရှိပါဘူး။

၎။ Hydrocortisone cream

ဒီခရမ်ဟာ steroid အလှကုန်တစ်မျိုး ဖြစ်ပါတယ်။ ဆိုးရွားတဲ့ အရေပြားရောဂါရှိသူတွေ အသုံးပြုလို့ရတယ်လို့ ယူဆရပါတယ်။ သို့သော် တချို့လူတွေက ဆရာဝန်တစ်ဦးရဲ့ ဆေးညွန်းမပါဘဲ ဝက်ခြံအတွက် အသုံးပြုကြပါတယ်။ တာရှည်အသုံးပြုပြီးနောက် steroid ဝက်ခြံနှင့် အရေပြားပါးလွှာ၊ ရောင်ရမ်းခြင်း၊ အဖုများကို ဖြစ်စေနိုင်တာကြောင့် ဒါကတော်တော်လေးဆိုးပါတယ်။

၅။ Foot masks

အရေပြားအထူးကုဆရာဝန်များက ခြေထောက်ပေါင်းတင်ဖို့အတွက် moisturizing or nourishing အသုံးပြုတာကို အကြံမပြုကြပါဘူး။ ခရမ်တွေကသာ တူညီတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် foot masks ဟာတော်တော်လေးအသုံးမဝင်သလို အဆင်ပြေမှုလည်းမရှိပါဘူး။ food mask အစားခရမ်တွေကို လိမ်းတာက အလုပ်ရှုပ်သက်သာစေပါတယ်။

၆။ အုန်းဆီ

အုန်းဆီက အထူးသဖြင့် အိမ်သုံးဖို့အတွက် အရမ်းပေါ်ပြူလာဖြစ်ပါတယ်။ ဒါပေမယ့် အရေပြားအထူးကုများက မျက်နှာလိမ်းဖို့အတွက်တော့ အားမပေးပါဘူး။ အုန်းဆီက အရေပြားကို အဆီပြန်စေပြီး ချွေးပေါက်ပိတ်စေပါတယ်။ အကျိုးဆက်တစ်ခုအနေနဲ့ ဝက်ခြံများနှင့် တင်းတိပ်ကိုဖြစ်စေပါတယ်။