ယခုလိုနိုင်ငံရေးစီးပွားရေးမပြေလည်တဲ့ကာလကြီးမှာအခြေခံပြည်သူတွေဟာစားဝတ်နေရေးကိုတောင်အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ လူရွှင်တော်မိုးစက်တစ်ယောက်ဟာလည်း ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ၊ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေကို သူတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးလျက် ရှိနေတာ ဖြစ်ပါတယ်။
လူရွှင်တော်မိုးစက်တစ်ယောက်ကတော့ ယခုမှာ စားဝတ်နေရေးခက်ခဲနေကြတဲ့ တောင်ဒဂုံက သားအမိနှစ်ယောက်ကို သူတတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်လေးတစ်ဦးကတော့ ဆွံ့အနားမကြားဖြစ်ပေမယ့် မိခင်ဖြစ်သူကို လုပ်ကြွေးပြုစုရင်း လေဖြတ်သွားခဲ့ပါတယ်။
အဆိုပါလူငယ်လေးရဲ့ မိခင်ဖြစ်သူကလည်း ရေဖျဥ်းဆွဲနေတာကြောင့် အိမ်အကူ အလုပ်တွေ သိပ်မလုပ်နိုင်ဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ အဆိုပါသားအမိနှစ်ယောက် စားဝတ်နေရေးပြေလည်စေဖို့နဲ့ ဆေးဖိုးအတွက် လူရွှင်တော်မိုးစက်က အလှူငွေတစ်သိန်းကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။
သူတတ်နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ လူရွှင်တော်မိုးစက်ရဲ့ အဆိုပါအလှူလေးအတွက် ပြည်သူတွေက သာဓုခေါ်ဆိုနေကြပါတယ်။ ကူညီထောက်ပံ့ချင်တဲ့ မိတ်ဆွေတွေအနေနဲ့ အမှတ်(126) ၊ ချမ်းသာလမ်း ၊(၁၉)တိုးချဲ့ ၊တောင်ဒဂုံမြို့နယ်။ဒေါ်တင်ဝိုင်း ၊ကိုရွှေအ(ခ) ကိုနေဝိုင်း အိမ်သို့တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း လူရွှင်တော်မိုးစက်က ရေးသားပြောဆိုထားပါတယ်။
အခက်အခဲတွေရင်ဆိုင်နေရတဲ့ တောင်ဒဂုံမြို့နယ်က သားအမိနှစ်ယောက်ကို အလှူငွေတွေ လှူဒါန်းပေးနေတဲ့ လူရွှင်တော်မိုးစက်ရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Moe Sat ‘ s Facebook Acc