ဗဟုသုတ

သံပုရာသီးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ လမ်းဘေးကြောင်တွေကို အစာဝယ်ကျွေးလေ့ရှိတဲ့ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး

သံပုရာသီးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ လမ်းဘေးကြောင်တွေကို အစာဝယ်ကျွေးလေ့ရှိတဲ့ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး

ထိုင်းနိုင်ငံရှိ Loong Dum အမည်ရှိအိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးဟာ လမ်းတွေပေါ်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ရထားဘူတာမှာဘဲ အိပ်လေ့ရှိပါတယ်။ Loong Dum ဟာ သူ့ဘဝအခက်အခဲများကြားမှ အတတ်နိုင်ဆုံးရှင်သန်နေထိုင်နိုင်ရန်အတွက် သံပုရာသီးတွေကို ရောင်းချပါတယ်။Loong Dum ဟာ မိမိဝင်ငွေအားလုံးကိုမဖြုန်းဘဲ လမ်းပေါ်ရှိ လေလွင့်နေတဲ့ကြောင်များစွာအတွက် အစားအစာတွေဝယ်ပေးဖို့ သူ့ရဲ့ဝင်ငွေအချို့ကို အသုံးပြုလေ့ရှိပါတယ်။

Loong ဟာ များသောအားဖြင့် ကိုယ့်အတွက်ကို အရင်မတွေးဘဲ လမ်းဘေးကြောင်တွေကို အရင်ဆုံးဂရုစိုက်ပေးလေ့ရှိပါတယ်။Loong ဟာ ဘယ်လိုလူတန်းစားဘဲဖြစ်​နေဖြစ်နေ မည်သူမဆို ကောင်းတဲ့အရာတွေလုပ်နိုင်ကြောင်းကို ကမ္ဘာကြီးအား ပြသခဲ့ပါတယ်။

Warunta Wattanasupachoke အမည်ရှိအမျိုးသမီးဟာ သူမရဲ့သံပုရာသီးအချို့ကို ၀ယ်ယူလေ့တဲ့ Loong ရဲ့ဇာတ်ကြောင်းကို online ပေါ် မျှဝေပေးခဲ့ပြီးနောက်လူအများက တိရိစ္ဆာန်တွေအပေါ်ထားတဲ့ Loong ရဲ့ကြင်နာမှုကို သတိပြုမိသွားခဲ့ကြပါတယ်။

Warunta က လူအများအား Loong ရဲ့ သံပုရာသီးတွေကို ၀ယ်ယူအားပေးကြရန် သူမကိုယ်တိုင်ကြိုးပမ်းပေးခဲ့ပြီးနောက် လူအများက Loong နှင့်သူချစ်မြတ်နိုးတဲ့လမ်းဘေးအိမ်မွေးတိရိစ္ဆာန်များအတွက် အစားအစာများစွာကို ထောက်ပံ့ပေးခဲ့ကြသလို လူတစ်ယောက်ကလည်း Loong ကို ဆံပင်ညှပ်ပေးခဲ့ပါသေးတယ်။

Warunta က Loong ဟာ အိုးမဲ့အိမ်မဲ့ဖြစ်တာကြောင့် ကြမ်းတမ်းတဲ့အသွင်ရှိပေမဲ့လည်း သူ့မှာကြီးမားတဲ့နှလုံးသားတစ်စုံရှိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။