၂ လ တောင်ရှိပြီ…တရက်မှ မေ့မရဘူး ဖေဖေ 😭😭😭
အခုချိန်ထိ အိမ်ရှေ့ဧည့်ခန်းမှာ အမြဲထိုင်စောင့်နေတဲ့ဖေ့ကို တွေ့ရဖို့မျှော်ပြီး ပြန်လာနိုင်ဖို့ ကြိုးစားနေတုန်းပဲ…
ဖေနဲ့ နေ့တိုင်း စကားတွေပြောချင်နေတယ်…ဖေ့ကို စလိုက် နောက်လိုက်နဲ့ ရန်တွေဖြစ်ချင်သေးတယ်…
ဖေနဲ့ ငြင်းကြခုန်ကြရင်း ဖဲတူတူရိုက် ကစားချင်သေးတယ်…
ဖေနဲ့ အလုပ်ကိစ္စတွေ တိုင်ပင်ချင်သေးတယ်…
ဖေနဲ့ လူတွေရဲ့ အကြောင်း ဆွေးနွေးချင်သေးတယ်…
ဖေ့ရဲ့ အတွေ့အကြုံတွေနဲ့ ဘာသာရေး အကြောင်းတွေ ၊ သမိုင်းအကြောင်း ပြောပြတာတွေ ကြားချင်သေးတယ်…
သမီး ဝမ်းနည်း ပင်ပန်းရတဲ့အကြောင်းတွေ အများကြီး ပြောပြချင်သေးတယ်…
ဖေဖေ့ကို ထားခဲ့ရတာ အပြစ်ရှိသလို ခံစားရတယ်…ဘယ်တော့မှ မမေ့နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးတခုပါပဲ 😢😢😢
အဖူးကြီးက ပြောတယ်…အရင်သွားတဲ့သူက အရင်အနားရတယ်တဲ့…အသက်ရှင်နေတဲ့သူက ကျန်တာဆက်လုပ်ရမယ် သမီးတဲ့…
သမီးရဲ့ ဖေဖေ ခက်ခဲ ပင်ပန်းခဲ့သမျှ အေးချမ်း မြင့်မြတ်တဲ့အရပ်မှာ အနားရပါတယ် လို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး နေရပါတယ်… 😢
ဒီနှစ်သမီးမွေးနေ့ရောက်ရင် ဒီလိုပုံလေးထပ်ရိုက်လို့ မရတော့ဘူးပေါ့နော်… 😢
26 September 2021
Htar Htet Htet