ဗဟုသုတ

ဆီးချိုရောဂါခံစားနေရပေမဲ့ သားတွေကို ကျွေးမွေးဖို့ ပြန်လည်အသုံးချနိုင်တဲ့ ပစ္စည်းများကို ကိုယ်တိုင် လိုက်လံစုဆောင်းနေခဲ့တဲ့ မိခင်

ဆီးချိုရောဂါခံစားနေရပေမဲ့ သားတွေကို ကျွေးမွေးဖို့ ကိုယ်တိုင် အမှိုက်သရိုက်တွေကို လိုက်လံစုဆောင်းနေခဲ့တဲ့ မိခင်

မိခင်တွေဟာ ကမ္ဘာပေါ်မှာအလုပ်ကြိုးစားကြသူတွေဖြစ်ပြီး သူတို့သားသမီးများရဲ့အကျိုးအတွက် သူတို့ကောင်းကျိုးတွေကို စွန့်လွှတ်ရုံသာမက သားသမီးများအတွက် အသက်မွေး၀မ်းကျောင်းတစ်ခုဖန်တီးပေးဖို့ အပိုဆောင်းတာဝန်တွေကိုပါ ထမ်းဆောင်ရန်လည်း ဆန္ဒရှိကြပါတယ်။

မလေးရှားနိုင်ငံရှိ အသက် ၆၀ အရွယ် Kan Siew Hong အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ သူမရဲ့သားနှစ်ယောက်အတွက် ငွေရှာရန် မနက် ၇ နာရီမှ ညနေ ၄ နာရီထိ သူမရဲ့နေအိမ်မှစွန့်ခွာပြီး ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းများကို စုဆောင်းနေခဲ့ပါတယ်။

Hong က စာသင်ကျောင်းတစ်ကျောင်းရဲ့စားသောက်ဆိုင်မှ ချက်ပြုတ်သူအဖြစ် အလုပ်ပြုတ်သွားခဲ့ပြီးနောက် သူမဟာ ပြန်လည်အသုံးချနိုင်တဲ့ ပစ္စည်းများကို နောက်ဆုံးခိုကိုးရာအဖြစ် စတင်စုဆောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Hong တို့မိသားစုသုံးယောက်စလုံးဟာ ဝင်ငွေအနည်းငယ်သာရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံအိမ်နီးချင်းတွေထံမှအစားအစာများ ရယူနေခဲ့ရပါတယ်။ Hong ဟာ လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်း ဆီးချိုရောဂါကြောင့် ကျန်းမာရေးမကောင်းခဲ့ပေမဲ့လည်း သူမဟာ ကူညီရေးအဖွဲ့အစည်းအမျိုးမျိုးမှ အကူအညီတောင်းခံခဲ့ရပါတယ်။

သို့ပေမဲ့ သူမဟာ အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ Hong ရဲ့အိမ်နီးချင်းတွေက ကြင်နာတတ်တဲ့နှလုံးသားနဲ့ သူတို့တတ်နိုင်သလောက် အစားအစာတွေ ပေးကမ်းခဲ့တာကို ကျေးဇူးတင်နေမိပါတယ်ဗျာ။