Local News

လိုင်းပေါ်မှ စာသင်ကြားရာတွင် ကင်မရာမဖွင့်သဖြင့် တပည့်များက ပြစ်တင်ဝေဖန်လာသောကြောင့် ကင်မရာဖွင့်ပြလိုက်ရာ တပည့်များကို ဝမ်းနည်းစွာ ငိုစေခဲ့သည့် ဆရာ၏အဖြစ်




Unicode

လိုင်းပေါ်မှ စာသင်ကြားရာတွင် ကင်မရာမဖွင့်သဖြင့် တပည့်များက ပြစ်တင်ဝေဖန်လာသောကြောင့် ကင်မရာဖွင့်ပြလိုက်ရာ တပည့်များကို ဝမ်းနည်းစွာ ငိုစေခဲ့သည့် ဆရာ၏အဖြစ်

ကပ်ဆိုးရောဂါကိုခံစားနေရသော ကမ္ဘာကြီးကြောင့် အချို့နိုင်ငံများဟာ ပညာရေးစနစ်ကို လိုင်းပေါ်မှသင်ကြားနေကြရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်းလိုင်းပေါ်မှတစ်ဆင့် ပညာသင်ကြားနေခဲ့ကြရနာလည်းဖြစ်ပါတယ်။

ဆရာတစ်ဦးဟာ လိုင်းပေါ်မှ တစ်ဆင့် ပညာသင်ကြားရာတွင် ကင်မရာပိတ်ပြီး သင်ကြားခဲ့တာဖြစ်ပါတယ်။ထိုအခါ တပည့်များကလည်း ဆရာဖြစ်သူကို အမျိုးမျိုးပြောဆိုနေခဲ့ကြသောကြောင့် ဆရာဟာ ကင်မရာကိုဖွင့်ပေးလိုက်ပါတယ်။

ထို့နောက်ဆရာကို မြင်တွေ့လိုက်ရသောအခါ တပည့်များအာလုံးဟာ ဝမ်းနည်းငိုကြွေးစေခဲ့ပါတယ်။ အကြောင်းကတော့ ဆရာဖြစ်သူဟာ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတတ်ရောက်ကာ ကျောက်ကပ်ဆေးနေရသော်လည်း အတန်းချိန်ကို မပျက်စေဘဲ တပည့်လေးတွေကို ဆေးရုံပေါ်မှတစ်ဆင့် စာသင်ကြားပေးနေခဲ့တာလည်းဖြစ်ပါတယ်။