ဗဟုသုတ

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည့် အိမ်မြှောင်စုတ်ထိုးခြင်း အကြောင်း

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူသည့် အိမ်မြှောင်စုတ်ထိုးခြင်း အကြောင်း

အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ် ကောက်ကြလေ့ ရှိတတ်ကြရဲ့။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။

မိဘနဲ့ သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံ သာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နား မခံသာ။ နတ်တို့ နားမခံသာလို့ ရှောင်သွားမည်။

သို့မဟုတ် လက်ပိုက်ကြည့်နေမည်ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မ ဆက်ဆံချင်ဖြစ်ပြီ သားတို့ သမီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။

လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများ ကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။ လောကသုံးပါး ရှေ့ဆောင် လမ်း ပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ် စောင့်နတ်” က ရပ်ကွက် အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ “အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။

ကံထိန်း (မိမိဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ် ရှင်နဲ့ တူတယ်။ ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန တွက် ချက် ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။

သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။ သူတို့ကူမှ စီးပွားတက်တာ သူတို့ ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။ သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေ ရဲ့။ သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ၊ အိမ် ထောင်ရေး အခြေလှ လူမှု ရေးတွေမှာ မျက်နှာပန်းလှရော။ အဲ့သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။

သားတို့သမီးတို့ အိမ်တစ်အိမ်မှာ ညနေနေဝင်ခါနီးကွဲ့။ မီးဖို ချောင် စီးပွားသိုလှောင်ရာအရပ်တို့က အိမ်မြှောင် စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။ အချို့အိမ် ဆန်အိုး ဆန်မလျှော့ ဆီအိုး ဆီမဘောလျှာ့ ဖြစ် တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။ တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။

အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရေ စတတ်တယ်။ နတ်မတယ်ဆိုတာ နား ကင်းကြီးနဲ့ ရော့အင့် မျိုး မဟုတ်ဘူး။အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများ တတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။ အိပ်ခန်းထဲကစုတ်ထိုး လျှင်တော့ လင်မယားချင်း ရန်ဖြစ်ကြကရော။

အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူ့(နတ်)လာတာ မြင်ရ သိရသတဲ့။ ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ် တို့ရဲ့ဆက်သွယ်ရေး အချက်ပြသင်္ကေတသဖွယ်လည်း ရှိပါတယ်။ လူ ချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ ဘက်ကကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်

(Zawgyi)

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူသည့် အိမ်မြှောင်စုတ်ထိုးခြင်း အကြောင်း

အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။

မိဘနဲ့ သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံ သာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နား မခံသာ။ နတ်တို့ နားမခံသာလို့ ရှောင်သွားမည်။

သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ်။ နေသမျှလူ စိတ်မအေးရ။ လာသမျှ ဧည့် မဆက်ဆံချင်ဖြစ်ပြီ။ သားတို့ သမီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။

လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများ ကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။ လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက် အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ “အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။

ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။ ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန တွက်ချက် ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။

သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။ သူတို့ကူမှ စီးပွားတက်တာ သူတို့ ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။ သူတို့ကို ယုံလည်း ယုံမယ်၊ ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။ သူတို့ ပျော်လို့ သားတို့ အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ၊ အိမ်ထောင်ရေး အခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။ အဲ့သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။

သားတို့သမီးတို့ အိမ်တစ်အိမ်မှာ ညနေနေဝင်ခါနီးကွဲ့။ မီးဖိုချောင် စီးပွားသိုလှောင်ရာအရပ်တို့က အိမ်မြှောင် စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။ အချို့အိမ် ဆန်အိုး ဆန်မလျှော့ ဆီအိုး ဆီမလျော့တာ ဖြစ်တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။ တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။

အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရ စေတတ်တယ်။ နတ်မတယ်ဆိုတာ နား ကင်းကြီးနဲ့ ရော့အင့် မျိုး မဟုတ်ဘူး။ အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများ တတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။ အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင် းရန်ဖြစ်ကြကရော။

အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူ့(နတ်)လာတာ မြင်ရ သိရသတဲ့။ ဒါကြောင့် အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ် တို့ရဲ့ဆက်သွယ်ရေး အချက်ပြသင်္ကေတသဖွယ်လည်း ရှိပါတယ်။ လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ ဘက်ကကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်

Credit – Uploader