ဗဟုသုတ

တရုတ်ပြည်မှ တင်သွင်းသော ငါးသေတ္တာဘူးများတွင် သံကောင်များပါဝင်နေကြောင်း လေ့လာတွေ့ရှိ

Zawgyi

တရုတ်ပြည်မှ တင်သွင်းသော ငါးသေတ္တာဘူးများတွင် သံကောင်များပါဝင်နေကြောင်း လေ့လာတွေ့ရှိ

ငါးသေတ္တာဘူးတွေဟာ နိုင်ငံတကာက စူပါမားကတ်တွေ မီနီမားကတ်တွေအတွက်တော့ အရောင်းရဆုံး မရှိမဖြစ် စားသောက်ကုန်တွေပဲဖြစ်ပါတယ်။ လူတွေ ဝယ်ယူကြတယ်ဆိုတာ တကယ်လည်း ငါးသေတ္တာဘူးတွေရဲ့ အသုံးဝင်မှုတွေက များပြားလွန်းလို့ပါ။

အလွယ်တကူ ပြန်ချက်စားဖို့သာမက ဆန်းဒွစ်ရှ်တွေ၊ အသီးအရွက်ကြော်တွေနဲ့ ထမင်းကြော်တွေထဲအထိ ထည့်ကြော်ဖို့ပဲဖြစ်ဖြစ် တန်ဖိုးနည်းပြီး အချိန်ကုန်သက်သာလို့ အိမ်ရှင်မတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်နေတာပဲဖြစ်ပါတယ်။

ငါးသေတ္တာဘူးတွေကို များသောအားဖြင့်တော့ ကုန်ကြမ်းရော လုပ်သားအင်အားပေါတဲ့ တရုတ်ဘက်ကနေ ထုတ်တာများပါတယ်။ တရုတ်ပြည်မှာငါးသေတ္တာ လုပ်တဲ့စက်ရုံတွေ အမြောက်အများတွေ့နိုင်ပြီး မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ တော်တော်များများကို တင်ပို့လျက်ရှိပါတယ်။

ဒါပေမဲ့ မေလ ၂၀၁၈ ခုနှစ်မှာတော့ မလေးရှားနိုင်ငံက MAQIS ဆိုတဲ့ အဖွဲ့အစည်းရဲ့တွေ့ရှိချက်အရတရုတ်ကတင်ပို့လာတဲ့ ဆာဒင်းငါးသေတ္တာတွေထဲမှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ သံကောင်တွေ ပါဝင်လျက်ရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီသံကောင်တွေကိုများသောအားဖြင့် ပင်လယ်စာအစိမ်းတွေမှာတွေ့ရလေ့ရှိပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တွယ်ကပ်ပြီး မျိုးပွားနိုင်တဲ့ အဲ့ဒီသံကောင်တွေကြောင့် လူရဲ့ ကိုယ်ခံအားစနစ်ကို တဖြေးဖြေးချင်း ကျဆင်းလာစေနိုင်တယ်လို့ဆိုပါတယ်။

သံကောင်တွေ ဗိုက်ထဲရောက်သွားပြီဆိုရင်လတ်တလော ကြုံနိုင်တဲ့ ပြဿနာကတော့ မူးဝေ အော့အန်တာနဲ့ ဝမ်းပျက် ဝမ်းလျှောစေတာပါပဲ။ဒီကောင်တွေဟာ လူကို ချက်ချင်းကြီးသေစေနိုင်တာမျိုးတော့ မဟုတ်ပေမဲ့ ဗိုက်ထဲမှာ တဖြေးဖြေးပွားများလာပြီး တစိမ့်စိမ့် ဒုက္ခပေးနိုင်တဲ့ ကပ်ပါးကောင်တွေပဲဖြစ်ပါတယ်။

ငါးသေတ္တာဘူးတွေကိုပြန်တောင်မချက်ပြုတ်ဘဲ ဒီတိုင်းအလွယ်စားတတ်သူတွေအတွက်ဆိုရင်တော့ တွေးတောင်မတွေးရဲစရာပါနော်.။ အခုဆိုရင် မြန်မာနိုင်ငံမှာဆိုရင်လည်း ငါးသေတ္တာဘူးတွေဟာ သုံးစွဲသူ များသလောက် brand တွေလည်း မျိုးစုံစွာရှိနေပါပြီ။

သို့ပေမဲ့လည်းဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုပီပီ အသေးစိတ် စစ်ဆေး အရေးယူမှုတွေအနည်းငယ် အားနည်းတဲ့အတွက် ငါးသေတ္တာစားသုံးလေ့ရှိသူတွေအနေနဲ့ ကိုယ်တိုင်ဂရုစိုက်ပေးဖို့အကြံပြုချင်ပါတယ်။

ငါးသေတ္တာဘူးတွေကိုစားသုံးတဲ့အခါမှာသေချာ ပြန်ပြီးချက်ပြုတ်တာပဲဖြစ်ဖြစ်၊ မစားခင် သန်ကောင်တွေ ပါ မပါ သေချာ စစ်ဆေးကြည့်တာပဲဖြစ်ဖြစ် သတိလေးနည်းနည်းကပ်ပြီးတော့ စားသုံးကြဖို့ သတိပေးနှိုးဆော်လိုက်ရပါစေလားခင်ဗျာ. . .။

crd

Unicode

တရုတ်ပြည်မှ တင်သွင်းသော ငါးသေတ္တာဘူးများတွင် သံကောင်များပါဝင်နေကြောင်း လေ့လာတွေ့ရှိ

ငါးသေတ္တာဘူးတွေဟာ နိုင်ငံတကာက စူပါမားကတ်တွေ မီနီမားကတ်တွေအတွက်တော့ အရောင်းရဆုံး မရှိမဖြစ် စားသောက်ကုန်တွေပဲဖြစ်ပါတယ်။ လူတွေ ဝယ်ယူကြတယ်ဆိုတာ တကယ်လည်း ငါးသေတ္တာဘူးတွေရဲ့အသုံးဝင်မှုတွေက များပြားလွန်းလို့ပါ။

အလွယ်တကူ ပြန်ချက်စားဖို့သာမက ဆန်းဒွစ်ရှ်တွေ၊ အသီးအရွက်ကြော်တွေနဲ့ ထမင်းကြော်တွေထဲအထိ ထည့်ကြော်ဖို့ပဲဖြစ်ဖြစ် တန်ဖိုးနည်းပြီး အချိန်ကုန်သက်သာလို့အိမ်ရှင်မတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်နေတာပဲဖြစ်ပါတယ်။ငါးသေတ္တာဘူးတွေကို များသောအားဖြင့်တော့ ကုန်ကြမ်းရော လုပ်သားအင်အားပေါတဲ့ တရုတ်ဘက်ကနေ ထုတ်တာများပါတယ်။

တရုတ်ပြည်မှာငါးသေတ္တာ လုပ်တဲ့ စက်ရုံတွေ အမြောက်အများတွေ့နိုင်ပြီး မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ တော်တော်များများကို တင်ပို့လျက်ရှိပါတယ်။ဒါပေမဲ့ မေလ ၂၀၁၈ ခုနှစ်မှာတော့ မလေးရှားနိုင်ငံက MAQIS ဆိုတဲ့ အဖွဲ့အစည်းရဲ့တွေ့ရှိချက်အရတရုတ်ကတင်ပို့လာတဲ့ ဆာဒင်းငါးသေတ္တာတွေထဲမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သံကောင်တွေ ပါဝင်လျက်ရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီသံကောင်တွေကိုများသောအားဖြင့် ပင်လယ်စာအစိမ်းတွေမှာတွေ့ရလေ့ရှိပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တွယ်ကပ်ပြီး မျိုးပွားနိုင်တဲ့ အဲ့ဒီသံကောင်တွေကြောင့် လူရဲ့ ကိုယ်ခံအားစနစ်ကို တဖြေးဖြေးချင်း ကျဆင်းလာစေနိုင်တယ်လို့ဆိုပါတယ်။

သံကောင်တွေ ဗိုက်ထဲရောက်သွားပြီဆိုရင်လတ်တလော ကြုံနိုင်တဲ့ ပြဿနာကတော့ မူးဝေ အော့အန်တာနဲ့ ဝမ်းပျက် ဝမ်းလျှောစေတာပါပဲ။ဒီကောင်တွေဟာ လူကို ချက်ချင်းကြီးသေစေနိုင်တာမျိုးတော့ မဟုတ်ပေမဲ့ ဗိုက်ထဲမှာ တဖြေးဖြေးပွားများလာပြီး တစိမ့်စိမ့် ဒုက္ခပေးနိုင်တဲ့ ကပ်ပါးကောင်တွေပဲဖြစ်ပါတယ်။

ငါးသေတ္တာဘူးတွေကိုပြန်တောင်မချက်ပြုတ်ဘဲ ဒီတိုင်းအလွယ်စားတတ်သူတွေအတွက်ဆိုရင်တော့ တွေးတောင်မတွေးရဲစရာပါနော်. . .။အခုဆိုရင် မြန်မာနိုင်ငံမှာဆိုရင်လည်း ငါးသေတ္တာဘူးတွေဟာ သုံးစွဲသူ များသလောက် brand တွေလည်း မျိုးစုံစွာရှိနေပါပြီ။

သို့ပေမဲ့လည်းဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုပီပီ အသေးစိတ် စစ်ဆေး အရေးယူမှုတွေအနည်းငယ် အားနည်းတဲ့အတွက် ငါးသေတ္တာစားသုံးလေ့ရှိသူတွေအနေနဲ့ ကိုယ်တိုင်ဂရုစိုက်ပေးဖို့အကြံပြုချင်ပါတယ်။

ငါးသေတ္တာဘူးတွေကို စားသုံးတဲ့အခါမှာသေချာ ပြန်ပြီးချက်ပြုတ်တာပဲဖြစ်ဖြစ်၊ မစားခင် သန်ကောင်တွေ ပါ မပါ သေချာ စစ်ဆေးကြည့်တာပဲဖြစ်ဖြစ် သတိလေးနည်းနည်းကပ်ပြီးတော့ စားသုံးကြဖို့ သတိပေးနှိုးဆော်လိုက်ရပါစေလားခင်ဗျာ. . .။

crd