စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြိုးပစ်ခဲ့သောကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို်နယ် မယ်ဘေ့ကုန်းကျေးရွာမှ နွားလေးကောင် သေဆုံးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို နယ် မယ်ဘေ့ကုန်းကျေးရွာ ရွာဦးကျောင်းဝင်းအတွင်း တမာပင်ကို မိုးကြိုးထိမှန်ရာမှ ထိုတမာပင်အောက်တွင် ချည်ထားသည့် နွားများပါ မိုးကြိုးထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးခဲ့သည့် နွားများသည် မယ်ဘေ့ကုန်းကျေးရွာ အရှေ့ပိုင်းရှိ တောင်သူ ဦးလှတိုး၏ နွားများဖြစ်ကြောင်း သိရသည်။
“ရွာဦးကျောင်းအတွင်းက တမာပင်မှာ ချည်ထားတဲ့နွားတွေဖြစ်ပြီး မျိုးလွယ်ထားတဲ့နွားမကြီးက နှစ်ကောင် နွားထီးကြီးတစ်ကောင်နဲ့ နွားငယ်တစ်ကောင် သေဆုံးခဲ့တာပါ ” ဟု မယ်ဘေ့ကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ မိုးကြိုးထိမှန်မှုကြောင့် အခြား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးရာသီတွင် မိုးဦးပိုင်းမှ မိုးလယ်ပိုင်းအထိ မိုးရွာသွန်းမှုနည်းလွန်းခဲ့သော်လည်း အောက်တိုဘာ လကုန်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ယခင်နှစ်များကထက် မိုးနှောင်းပိုင်း မိုးအားကောင်းလွန်းလျက်ရှိကြောင်း သိရသည်။
crd