ဗဟုသုတ

ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီတောင်းဆို

ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။

Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကိုစက်တင်ဘာ ၂၀ ရက်နေ့က (၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းမှာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရပြီး NUG အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်တာကြောင့် ၎င်းရဲ့ ပါဝင်တက်ရောက်မှုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများရဲ့ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး တရားမဝင် ကိုယ်စားလှယ်များနဲ့ ထိတွေ့ဆောင်ရွက်ခြင်းနဲ့အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုထားပါတယ်။

(Zawgyi)

ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။

Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်နေ့ က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းမှာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရပြီး NUG အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်တာကြောင့် ၎င်းရဲ့ ပါဝင်တက်ရောက်မှုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများရဲ့ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး တရားမဝင်ကိုယ်စားလှယ်များနဲ့ ထိတွေ့ဆောင်ရွက်ခြင်းနဲ့အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုထားပါတယ်။

Credit