မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကိုရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ် အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိရောက်နိုင်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းမှာ မြေပေါ်မြေအောက် သယံဇာတတွေရှိတဲ့အပြင် ပညာတတ်တွေ၊လုံလောက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေရှိတဲ့အတွက် အာဆီယံမှာ ထိပ်တန်းရောက်ဖို့ဆိုတာ ကြိုးစားရင် မဖြစ်နိုင်တာမရှိကြောင်း စက်တင်ဘာ၂၄ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုချက်ကို စစ်ကောင်စီကထိန်းချုပ်ထားတဲ့ ရုပ်သံသတင်းဌာနမှာထည့်သွင်း ကြေညာသွားတာပါ။
တစ်ဖက်မှာလည်း အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ကိုဗစ်ကပ်ဘေးရိုက်ခတ်မှုကြောင့်မြန်မာ့စီးပွားရေးဟာဆိုရင် လက်ရှိဘဏ္ဍာနှစ်မှာ ၁၈ရာခိုင်နှုန်း ကျုံ့သွားမှာဖြစ်ပြီးတော့ဆင်းရဲနွမ်းပါးသူအရေအတွက် နှစ်ဆခန့် မြင့်နိုင်ကြောင်းကိုပြီးခဲ့တဲ့ ဇူလိုင်လထဲက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးဆိုင်ရာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အလုပ်အကိုင်လည်း ၁ သန်းလောက် ဆုံးရှုံးသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
(Zawgyi)
မြန်မာနိုင်ငံဟာ ၁၀ နှစ်အတွင်း အာဆီယံမှာထိပ်တန်းရောက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကိုရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိရောက်နိုင်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းမှာ မြေပေါ်မြေအောက် သယံဇာတတွေရှိတဲ့အပြင် ပညာတတ်တွေ၊လုံလောက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေရှိတဲ့အတွက်အာဆီယံမှာ ထိပ်တန်းရောက်ဖို့ဆိုတာ ကြိုးစားရင် မဖြစ်နိုင်တာမရှိကြောင်း စက်တင်ဘာ ၂၄ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးအတွင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုချက်ကို စစ်ကောင်စီကထိန်းချုပ်ထားတဲ့ ရုပ်သံသတင်းဌာနမှာထည့်သွင်း ကြေညာသွားတာပါ။
တစ်ဖက်မှာလည်း အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ကိုဗစ်ကပ်ဘေးရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဟာဆိုရင် လက်ရှိဘဏ္ဍာနှစ်မှာ ၁၈ရာခိုင်နှုန်းကျုံ့သွားမှာဖြစ်ပြီးတော့ဆင်းရဲနွမ်းပါးသူအရေ အ
တွက် နှစ်ဆခန့် မြင့်နိုင်ကြောင်းကိုပြီးခဲ့တဲ့ ဇူလိုင်လထဲက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးဆိုင်ရာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အလုပ်အကိုင်လည်း ၁ သန်းလောက် ဆုံးရှုံးသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
BBC Burmese