News

“ကြံ့ဖွံ့ပါတီဝင်များ ထပ်မံထိခိုက်မှုရှိလာပါက လက်တုံ့ ပြန်သွားမည်ဟု ဘူးလတ်လှဆွေ ကြုံးဝါး”

အာဏာသိမ်းစစ်တပ်မှ လက်နက်ဖြင့်ပြည်သူအပေါ် အ ကြမ်းဖက်ဖမ်းဆီးပစ်ခတ်သတ်ဖြတ်နေသည်ကို ထောက် ခံနေသည့် ကြံ့ဖွံ့ပါတီဝင်များအား ဒေသကာ ကွယ်ရေးအဖွဲ့များက ရှင်းလင်းရှင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ပါ တီဝင်များကို ထပ်မံထိခိုက်လာပါက လက်နက်များကိုင်ဆောင်ပြီး လက်တုံ့ပြန်သွားမည်ဟု ဂန့်ဂေါခရိုင် ကြံ့ဖွံ့ပါတီ၏ တာဝန်ခံနှင့်ဗဟိုကော်မတီဝင်ဖြစ်သူ ဘူးလတ်လှဆွေက မကွေးတိုင်းကြံ့ဖွံ့ပါတီရုံး အပါအဝင် စစ်တပ်နှင့်ရဲတို့ကို အသိပေးအကြောင်းကြားထားသည့်စာ ထွက်ပေါ်လာသည်။

လက်လုပ်သေနတ်၊ တူမီး၊ ဓါး၊ လှံ၊ ဝါးချွန် အပါအဝင် လက်လုပ်မိုင်းများ စနစ်တကျ ကိုင်ဆောင်ပြီး အာဏာ သိမ်းစစ်တပ်၏ လက်အောက်ခံ နယ်မြေခံတပ်များ အ ပါအဝင်ရဲတို့နှင့်အတူ ပူးပေါင်းပြီး ပြည်သူဘက်ကရပ်တည်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များ၊ PDF များကို တုန့်ပြန်ကာကွယ်သွားမည်ဟု အသိပေးအ ကြောင်းကြားထားခြင်း ဖြစ်သည်။

Zawgyi

အာဏာသိမ္းစစ္တပ္မွ လက္နက္ျဖင့္ျပည္သူအေပၚ အ ၾကမ္းဖက္ဖမ္းဆီးပစ္ခတ္သတ္ျဖတ္ေနသည္ကို ေထာက္ ခံေနသည့္ ႀကံ့ဖြံ႕ပါတီဝင္မ်ားအား ေဒသကာ ကြယ္ေရးအဖြဲ႕မ်ားက ရွင္းလင္းရွင္းႏွင့္ပတ္သက္၍ ၎တို႔၏ ပါ တီဝင္မ်ားကို ထပ္မံထိခိုက္လာပါက လက္နက္မ်ားကိုင္ေဆာင္ၿပီး လက္တုံ႔ျပန္သြားမည္ဟု ဂန႔္ေဂါခ႐ိုင္ ႀကံ့ဖြံ႕ပါတီ၏ တာဝန္ခံႏွင့္ဗဟိုေကာ္မတီဝင္ျဖစ္သူ ဘူးလတ္လွေဆြက မေကြးတိုင္းႀကံ့ဖြံ႕ပါတီ႐ုံး အပါအဝင္ စစ္တပ္ႏွင့္ရဲတို႔ကို အသိေပးအေၾကာင္းၾကားထားသည့္စာ ထြက္ေပၚလာသည္။

လက္လုပ္ေသနတ္၊ တူမီး၊ ဓါး၊ လွံ၊ ဝါးခြၽန္ အပါအဝင္ လက္လုပ္မိုင္းမ်ား စနစ္တက် ကိုင္ေဆာင္ၿပီး အာဏာ သိမ္းစစ္တပ္၏ လက္ေအာက္ခံ နယ္ေျမခံတပ္မ်ား အ ပါအဝင္ရဲတို႔ႏွင့္အတူ ပူးေပါင္းၿပီး ျပည္သူဘက္ကရပ္တည္ေနသည့္ ေဒသကာကြယ္ေရးအဖြဲ႕မ်ား၊ PDF မ်ားကို တုန႔္ျပန္ကာကြယ္သြားမည္ဟု အသိေပးအ ေၾကာင္းၾကားထားျခင္း ျဖစ္သည္။