ဗဟုသုတ

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသားဟာ အိမ်ရာမဲ့တစ်ဦးအတွက် နွေးထွေးတဲ့ကြင်နာမှုတစ်ခုပြုလုပ်ပေးခဲ့လို့ လူအများက ချီးကျူးဂုဏ်ပြုနေခဲ့ကြပါတယ်။

သတင်းဖော်ပြချက်အရ အိုးမဲ့အိမ်မဲ့အဘိုးတစ်ဦးဟာ လက်ဖြင့်ရေးဆွဲထားတဲ့ ဘဏ်ငွေစက္ကူအတုတွေကို အသုံးပြုကာ ခေါက်ဆွဲဝယ်ယူနေခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီး အဆိုပါအဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ပေးခဲ့ပါတယ်။

အဆိုပါအဘိုးက ငွေစက္ကူအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် ၂ ယွမ် ( ၄၅၀ ကျပ်) ဖြင့် ပေးချေဝယ်စားတတ်ပါသေးတယ်။ဓာတ်ပုံထဲအရ အဆိုပါအိုးအိမ်မဲ့အဘိုးက သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့တူအောင် အရောင်စုံပါခြယ်ထားပုံပါဘဲ ။

ခေါက်ဆွဲဆိုင်ပိုင်ရှင်က သူဟာမသိသလိုဘဲ ဟန်ဆောင်နေခဲ့ပြီး အဆိုပါကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေတာကြောင့်ခေါက်ဆွဲကိုဆက်ရောင်းပေးဖို့ ရွေးချယ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အခုအဖြစ်အပျက်ကို ကြားသိခဲ့ရတဲ့ အင်တာနက်အသုံးပြုသူတွေ ၊ သူတို့ဆိုင်ရဲ့စီးပွါးရေး သာယာဝပြောမှုအတွက် ဆန္ဒရှိသူများစွာက ခေါက်ဆွဲဆိုင်ရှင်နဲ့ ဇနီးတို့အား သူတို့ရဲ့ကြင်နာတဲ့လုပ်ရပ်အတွက် ချီးကျူးနေခဲ့ကြပါတယ်။

တစ်ကယ်လည်း တစ်ခါတစ်လေ သေးငယ်တဲ့ကြင်နာမှုလုပ်ရပ်ဟာ ဒီလောကကြီးမှာရှိတဲ့ အခြားလူတစ်ယောက်အတွက် ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေနိုင်ပါတယ်ဗျာ။