ကံကောင်းလွန်းတဲ့အိမ်အကူတစ်ဦးဟာ သူမရဲ့ကြင်နာတတ်တဲ့ပြင်သစ်အလုပ်ရှင်များ၏အကူအညီဖြင့် ယခုအခါသူမဟာ ကားများနှင့်စီးပွါးရေးလုပ်ငန်းများကိုပိုင်ဆိုင်နိုင်နေပြီဖြစ်ကြောင်း သတင်းပြန့်နှံ့သွားခဲ့ပါတယ်။ သူမဟာ ဆွစ်ဇာလန်နိုင်ငံသားတစ်ယောက်လည်းဖြစ်လာခဲ့ပြီး သူမရဲ့ကလေးအနာဂတ်ကိုလည်း လုံခြုံအောင်စီမံနိုင်ခဲ့ပါတယ်။
ဒါဟာအံ့ဩစရာပါဘဲ။ OFWs များစွာ (ပြည်ပဖိလစ်ပိုင်အလုပ်သမားများ) ဟာ ၎င်းတို့၏အလုပ်ရှင်များ၏လက်ချက်ကြောင့် ဒုက္ခရောက်တတ်ကြသလို ၎င်းတို့၏အလုပ်ရှင်များ၏ကူညီမှုကြောင့် အမှန်တကယ်ကြီးမြတ်စွာကံကောင်းတဲ့သူများလည်းရှိနေတတ်ပါတယ်။
ဥပမာအားဖြင့် ပြည်ပလုပ်သားတစ်ဦးဖြစ်တဲ့ Cherrie Salamanca အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခုအခါ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းများနှင့်ကားများစွာကို ပိုင်ဆိုင်ထားသလို သူမဟာ သူမကလေးရဲ့အနာဂတ်ကိုလည်းလုံခြုံစွာ ပြုလုပ်နိုင်ပြီး ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်သားတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။
Salamanca ဟာ OFW အဖြစ် ၁၁ နှစ်ကျော်ကြာလုပ်ကိုင်ခဲ့သော်လည်းသူမ၏လက်ရှိအလုပ်ရှင်နှင့်လုပ်သက်က ၈ နှစ်သာရှိခဲ့ပါသေးတယ်။ သူမဟာ ဒူဘိုင်းတွင်နှစ်ပေါင်းများစွာအခြေစိုက်ခဲ့ကြောင်းပြောခဲ့သော်လည်း ၂၀၁၅ ခုနှစ်က အားလပ်ရက်အလည်ခရီးကြောင့် ဆွစ်ဇာလန်သို့ရောက်ခဲ့ပါသေးတယ်။
ကပ်ရောဂါကာလအတွင်း သူမ၏အလုပ်ရှင်များဟာ ဆွစ်ဇာလန်နိုင်ငံအား ၎င်းတို့၏အမြဲတမ်းအိမ်ဖြစ်စေရန် ဆုံးဖြတ်ခဲ့ပေမဲ့ ၎င်းတို့က Salamanca ကိုအိမ်အကူအဖြစ်ခေါ်သွားရုံသာမက သူမရဲ့အနာဂတ်ကိုပါ လုံခြုံစေချင်ခဲ့ကြပါတယ်။ ထို့ကြောင့်သူမ၏အလုပ်ရှင်များက သူမရဲ့စာရွက်များကိုစီမံပြီး နေထိုင်ခွင့်ဗီဇာမရမချင်းအရာအားလုံးအတွက် ငွေပေးချေပေးခဲ့ပါတယ်။
Salamanca ၏အဆိုအရ သူမ၏အလုပ်ရှင်များဟာ ငွေကြေးကုမ္ပဏီပိုင်ရှင်များဖြစ်ပါတယ်။ ၎င်းတို့ကရွက်လှေကို ပိုင်ဆိုင်ထားပြီး သူမက ကလေးထိန်းသူမို့ သူမကို ၎င်းတို့မိသားစုအားလပ်ရက်တွေမှာအမြဲခေါ်သွားလေ့ရှိတာကြောင့် သူမဟာ ဥရောပရှိနေရာများစွာသို့လည်း သွားရောက်ခဲ့ဖူးပါသေးတယ်။
သူမရထိုက်တဲ့လစာကိုပေးသည့်အပြင် ၎င်းတို့အလုပ်ရှင်ဇနီးမောင်နှံဟာ သူမ၏ ၁၆ နှစ်အရွယ်သမီးကို ဒူဘိုင်းသို့ခေါ်ဆောင်ကာကျောင်းပို့ပေးခဲ့ပါသေးတယ်။
လက်ရှိကလေးက ၁၈ နှစ်ရှိပြီ ၊ သူမကဖိလစ်ပိုင်ကိုပြန်ရောက်နေပေမယ့် Salamanca ရဲ့အလုပ်ရှင်တွေက ကျောင်းသူတစ်ယောက်အနေနဲ့ သူမရဲ့ငွေကြေးလိုအပ်ချက်ကိုလည်းဆက်ပြီးကူညီပေးနေဆဲပါဘဲ။
Salamanca ဟာ သူမငှါးရမ်းထားတဲ့တိုက်ခန်း၊ စိုက်ပျိုးရေးမြေနှင့် ကားများပါ၀င်တဲ့တိုက်ခန်းငယ်နှစ်ခုကို၀ယ်ယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူမ၏အလုပ်ရှင်များလည်း သူမ၏ကလေးနှင့်ခင်ပွန်းကို ဆွစ်ဇာလန်သို့ခေါ်ဆောင်ဖို့ စီစဉ်ပေးနေလျက်ရှိပါတယ်။
အလုပ်ရှင်က အခုလိုသဘောကောင်းပုံအရ အလုပ်သမားဖြစ်တဲ့ Salamanca ကလည်း အလုပ်ရှင်စိတ်တိုင်းကျအောင် သဘောကျအောင် အိမ်အကူအလုပ်ကို စိတ်စေတနာပါပါလုပ်ကိုင်တတ်လို့လည်းဖြစ်မှာပါ။
အလုပ်တစ်ခုမှာ နှစ်ဦးနှစ်ဖက်မျှတလျှင် ၎င်းအလုပ်ဟာ အဆင်ပြေချောမွေ့နေစမြဲပါဘဲဗျာ။Salamanca အတွက် ဝမ်းသာသလို သူမလိုအလုပ်သမားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အလုပ်ရှင်များအတွက်လည်း ဝမ်းသာမိပါတယ်။