မနေ့က ၁၀ မိုင်က ခြံတစ်ခြံမှာနေတဲ့ အဖိုးကြီး အဖွားကြီး ထံရောက်ခဲ့ပါတယ် ။ အဖွားကြီးက မဒမ်ထူးဆန်းကို ကျေးဇူးတင်ကြောင်းပြောပေးပါဆိုလို့ အံသြခဲ့ရပါတယ် ။
မဒမ်ထူးဆန်းပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလိုက်တာ အောင်မြင်သွားကြောင်း ၊ အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း ၊ အခုတော့ ကျွတ်တွေမရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့ ။
ကျွန်တော်လည်း အံသြစွာနဲ့ ပြန်ခဲ့ရပါသည် ။ အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်းပေးထားတဲ့ နည်းလမ်းတွေနဲ့ အလုပ်ဖြစ်နေတယ်ပြောတယ် ။ ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာ နဲ့ ပြောမိပါသည် ။
သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ ငယ်ငယ်က သူ့အဖွား လုပ်တဲ့နည်းအတိုင်း လုပ်တာ ။ သူတို့အိမ်မှာလည်း ကျွတ်တွေ မရှိတော့တဲ့အပြင် ဘယ်သူ့ခြံကို သူ ဘယ်တုန်းကပြောလိုက်လိုံ ဘယ်လိုလိုက်လုပ်တဲ့ ခြံတွေမှာလည်း ကျွတ်အန္တရယ်၊ ဘယ်လိုကင်းဝေးသွားတယ်ဆိုတော့ ကထူးဆန်း စောဒကတက်စရာတော့ မရှိဘူးပေါ့ ။
ဒါနဲ့ ထုံးစံ အတိုင်း ရွာထဲ သတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ။ယုံတာ မယုံတာ လုပ်တာ မလုပ်တာတော့ up to you ပါ နော် ..
နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံပါတ်ပါတ်လည် ဆားပက်ပေးပါတဲ့ ။ ပြီး ဘုန်းကြီး ပရိတ်ရွတ်ထားတဲ့ ပရိတ်ရည် နဲ့ ဖြန်းပေးပါတဲ့
ဆားဘယ်လောက် ပရိတ်ရည်ဘယ်လောက်လဲ အထွန့်တက်မေးတော့ ကြည့်ပြီး သင့်တော်မယ်ထင်သလောက်သာလုပ် ဘာမှ အချိုး အစားတွေ မရှိဘူးတဲ့။
ကဲ .. ကိုယ့် ခြံထဲ ကျွတ်တွေပေါများလို့ စိတ်ညစ်နေရင် နှစ်ဆန်း တစ်ရက်နေ့ စောင့်လို့ စမ်းကြည့်ပေါ့ ..ကထူးဆန်းကတော့ တွေးလို့မရဘူး ။
ကျွတ်ဆိုတဲ့ သတ္တဝါက မိုးမှ ထွက်တာ .. နှစ်ဆန်းတစ်ရက် နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်းမသိတဲ့ ကောင်တွေကို အဲ့ဒီအချိန်မှာလုပ်တာ လျော့နည်းပပျောက်စေတယ်ဆိုတော့ မဒမ်ထူးဆန်းကိုလည်း စောဒကမတက်ရဲ ..
ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး အဖွားကြီးကလည်း မျက်မြင်ကိုယ်တွေ့ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံ အပြင် မပိုပါဘူး..
အဲ့ဒီအဖိုးကြီး အဖွားကြီးကဘဲ နောက်ထပ် ခြနှိမ်နှင်းရေးအတွက် ချွေတာရေးနည်းလမ်းကောင်းပေးလိုက်သေးတယ် ။ဆပ်ပြာရည်ထဲမှာ ဆနွင်းနဲနဲ ဖျော်ပြီးလောင်း ။ ခြတွေ အတုန်းအရုံး သေဆိုဘဲ ။
မြေပဒေသာက ဆေးဝယ်စရာမလို ။ ဆပ်ပြာရည်ကိုလည်း သီးသန့်ဖျော်စရာမလို ။ အဝတ်လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကို သာ ပြန်ခံသုံးတဲ့ ။
သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့ ။
ရွှင်လန်းချမ်းမြေ့ပါစေ။ Crd