အမွှာလေးတွေဆိုတာကတော့ရုပ်ချင်းတူတာအများစုရှိပေမဲ့၊အချို့သောအမွှာတွေကတော့ရုပ်အနည်းငယ်ကွဲပြားတာတွေလဲရှိတတ်ကြပါတယ်။ဒါပေမဲ့အမွှာဆိုတည်းက၊သာမာန်လူတစ်ယောက်အနေနဲ့တစ်ယောက်နဲ့တစ်ယောက်ကိုဘယ်လိုမှသေချာတပ်အပ်ခွဲတတ်ကြမယ်လို့မထင်မိပါဘူး။
ယခုဖော်ပြပေးမဲ့ကျောင်းဆရာမတစ်ယောက်ကတော့၊ သူမအတွက်ခေါင်းစားစေမဲ့အကြောင်းရာလေးကို ပထမဆုံးကျောင်းစဖွင့်၊ စတက်ရတဲ့နေ့လေးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးကို မျှဝေပေးထားပါတယ်။
အကြောင်းကတော့ကျောင်းတက်ပထမဆုံးနေ့အနေနဲ့၊ကျောင်းသားပေါင်း(70)ရဲ့အတန်းပိုင်ဆရာမတစ်ယောက်ဟာကျောင်းသား/သူတွေရဲ့အမည်ကိုခေါ်နေတုန်း၊နာမည်လေးတွေမတိမ်းမယိမ်းဖြစ်နေတဲ့အမည်လေးတွေကြောင့်တွေဝေသွားခဲ့ပါတယ်။
ဒါကြောင့်သူမအနေနဲ့ကျောင်းသားတွေကိုစစ်လိုက်တဲ့အခါမှာတော့၊ သူမရဲ့စာသင်ခန်းထဲကိုတနယ်စီကလာတက်ကြတဲ့ အမွှာပေါင်းခုနှစ်စုံက၊ တစ်ပြိုင်တည်းရှိနေတာကိုသတိထားမိခဲ့ပီး သူမအနေနဲ့ထူးဆန်းအံ့အားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။
ဆရာမကတော့အမွှာမဟုတ်တဲ့ကျောင်းသားတွေရဲ့ရုပ်ကိုသေချာအောင်မှတ်ရမှာထက်၊အမွှာခုနှစ်စုံနဲ့ခေါင်းချာချာလည်မဲ့အရေးကိုပြေးမြင်မိတယ်ဆိုပီး၊ဆရာမကသူမရဲ့ fb မှာစာမျက်နှာပေါ်မှာယခုလိုပဲဟာသနှောပီးမျှဝေပေးသွားခဲ့ပါတယ်။
Unicode
အမွှာခုနှစ်စုံလုံးကျောင်းခန်းတစ်ခန်းထဲမှာမထင်မှတ်ပဲလာဆုံခဲ့ကြတဲ့ထူးဆန်းအဖြစ်ကြောင့်၊အံ့သြခဲ့ရတဲ့ဆရာမအဖြစ်
အမွှာလေးတွေဆိုတာကတော့ရုပ်ချင်းတူတာအများစုရှိပေမဲ့၊အချို့သောအမွှာတွေကတော့ရုပ်အနည်းငယ်ကွဲပြားတာတွေလဲရှိတတ်ကြပါတယ်။ဒါပေမဲ့အမွှာဆိုတည်းက၊သာမာန်လူတစ်ယောက်အနေနဲ့တစ်ယောက်နဲ့တစ်ယောက်ကိုဘယ်လိုမှသေချာတပ်အပ်ခွဲတတ်ကြမယ်လို့မထင်မိပါဘူး။
ယခုဖော်ပြပေးမဲ့ကျောင်းဆရာမတစ်ယောက်ကတော့၊သူမအတွက်ခေါင်းစားစေမဲ့အကြောင်းရာလေးကိုပထမဆုံးကျောင်းစဖွင့်၊စတက်ရတဲ့နေ့လေးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးကိုမျှဝေပေးထားပါတယ်။
အကြောင်းကတော့ကျောင်းတက်ပထမဆုံးနေ့အနေနဲ့၊ကျောင်းသားပေါင်း(70)ရဲ့အတန်းပိုင်ဆရာမတစ်ယောက်ဟာကျောင်းသား/သူတွေရဲ့အမည်ကိုခေါ်နေတုန်း၊နာမည်လေးတွေမတိမ်းမယိမ်းဖြစ်နေတဲ့အမည်လေးတွေကြောင့်တွေဝေသွားခဲ့ပါတယ်။
ဒါကြောင့်သူမအနေနဲ့ကျောင်းသားတွေကိုစစ်လိုက်တဲ့အခါမှာတော့၊သူမရဲ့စာသင်ခန်းထဲကိုတနယ်စီကလာတက်ကြတဲ့အမွှာပေါင်းခုနှစ်စုံက၊တစ်ပြိုင်တည်းရှိနေတာကိုသတိထားမိခဲ့ပီးသူမအနေနဲ့ထူးဆန်းအံ့အားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။