ဗဟုသုတ

ဧရာဝတီလူမင်းရဲ့ မွေးနေ့ရက်မှာ မွေးနေ့ဆုမွန်ကောင်းအနေနဲ့ မိသားစုတွေပြန်လည်ဆုံစည်းစေဖို့ ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်

ဧရာဝတီလူမင်းရဲ့ မွေးနေ့ရက်မှာ မွေးနေ့ဆုမွန်ကောင်းအနေနဲ့ မိသားစုတွေပြန်လည်ဆုံစည်းစေဖို့ ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်ဒါရိုက်တာလူမင်းကတော့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရတာ လအတော်ကြာနေခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာလ (၂၃)ရက်လေးကတော့ လူမင်းရဲ့ သမီးဖြစ်သူ ဧရာဝတီလူမင်းရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပါ။

ဒီနေ့မွေးနေ့ရက်လေးမှာ ဖခင်ဖြစ်သူနဲ့ အတူရှိနေခွင့်မရရှိတဲ့ ဧရာဝတီလူမင်းအတွက်တော့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

ခိုင်သင်းကြည်ကလည်း လူမင်းရဲ့ သမီးလေး မွေးနေ့အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။

”Happy Birthday သမီးလေးဧရာဝတီ”ဆိုပြီး မွေးနေ့ဆုတောင်းလေးနဲ့အတူ“ဒီနှစ်မွေးနေ့လေးမှာဖေဖေနဲ့အတူမရှိနိုင်ပေမဲ့မိသားစုတွေပျော်ရွှင်စွာနဲ့အမြန်ဆုံးပြန်ပြီးဆုံစည်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်”လို့လည်း မိသားစုတွေအမြန်ဆုံးပြန်လည်ဆုံစည်းစေဖို့ကို မွေးနေ့တောင်းဆုအနေနဲ့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေလည်း မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။