ဘဝကို အရှုံးမပေးဘဲ ဈေးရောင်းရုန်းကန်နေရှာတဲ့ အသက်(၉၂) နှစ်အရွယ် အဖွား
မဂ်လာပါ ပရိတ်သတ်ကြီးရေ…သက်ကြီးရွယ်အို အဖိုးအဖွားတွေမှာလက်ရှိအခြေအနေကာလကြီးမှာ စားဝတ်နေရေးခက်ခဲပြီး မှီခိုအားထားစရာမရှိတာကြောင့်ဝမ်းရေးအတွက်ကိုယ်တိုင် ကြိုးစားရုန်းကန် နေကြရတာဖြစ်ပါ တယ်။
မှီခိုအားထားစရာမရှိတဲ့အတွက် ကျန်ရှိနေတဲ့သက်တမ်း အသက်ရှင်နေထိုင်နေရေးအတွက် ပူပင်သောကတွေနဲ့ တုန်တုန် ချိချိ လုပ်ကိုင်စားသောက်နေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ နေထိုင်တဲ့ အသက် (၉၂)နှစ်အရွယ် အဖွားအိုတစ်ဦးမှာလည်း စားဝတ်နေရေးအတွက် လက်တွန်းလှည်းလေးတွန်းကာ ဈေးရောင်းနေရှာတာ တွေ့ရပါတယ်။
အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း ဘဝကိုအရှူံးမပေးဘဲ ဝမ်းရေးအတွက် တွန်းလှည်းလေးနဲ့ ခေါပျဉ်ရောင်းရရှာတဲ့ အဖွားဒေါ်စာဥအတွက် လူရွှင်တော် မိုးစက်ကလည်း အလှူငွေတွေနဲ့အတူ သွားရောက် ဂါဝရပြု ကန်တော့ခဲ့ပါတယ်။
လူရွှင်တော်ဦးလေးဦးကံပွင့်ပြောပြလို့ အဖွားအကြောင်းကို သိခွင့်ရတာဖြစ်ပြီး ဈေးရောင်းတဲ့ တွန်းလှည်းလေးက ကလေးတွန်းလှည်းလေးဖြစ်နေတဲ့အတွက် ရင်ထဲစိတ်မကောင်းတဲ့ အကြောင်းတွေကို လည်း ပြောပြ ထားပါ သေးတယ်။
အဖွားဒေါ်စာဥကတော့ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းကျယ်မှာ နေထိုင်ပြီး (၁၀)ဈေးမှာ မနက်ပိုင်း ဈေးရောင်းကာ မနက်ပိုင်းမကုန်ရင် ညနေဈေးတစ်ခါ ထွက်တယ်လို့ သိရ တာကြောင့် အဖွားဆီ မှာအားပေးနိုင် ကြ ဖို့ မျှ ဝေ တင်ဆက် လိုက်ပါတယ်နော်။
Source : Moe Sat’s Fb Acc