၁၈ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် ထရာဗစ်လုဒ်လို(Travis Ludlow)ဟာ အင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြင့် ၆ ပတ်ကြာတစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းပြီး ကမ္ဘာ့အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာခဲ့ပါတယ်။
ယူကေ၊ ဘတ်ကင်ဟမ်ရှိုင်းယား(Buckinghamshire),Ibstone မှ ဆယ်ကျော်သက်လူငယ် ထရာဗစ်လုဒ်လို(Travis Ludlow)ဟာ မိုင်ပေါင်း ၂၅,၀၀၀ မိုင်ခရီးကို ၄၄ ရက်ကြာအောင်ပျံသန်းပြီးနောက် နယ်သာလန်နိုင်ငံသို့ (၁၂.၇.၂၀၂၁) အင်္ဂါနေ့အစာပိုင်းတွင် ဆိုက်ရောက်ခဲ့ပြီး အသက်အငယ်ဆုံးလေယာဉ်မှူးအဖြစ် ဂင်းနစ်စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။
Travis Ludlow ဟာ အသက် ၁၈ နှစ်နှင့် ၁၅၀ရက်ရှိပြီး ယခင်စံချိန်တင်သူထက် ၁၃ ရက်ငယ်ပါတယ်။ ယခင်၂၀၁၈ခုနှစ်အောက်တိုဘာတွင် စံချိန်တင်ထားသူ အမေရိကန်နိုင်ငံသား မာစန်အန်ဒရူး (Mason Andrews) မှာ အသက် ၁၈ နှစ်နှင့် ၁၆၃ ရက်ဖြစ်ပါတယ်။
သူ၏လေယာဉ်မှာ အင်ဂျင်တစ်လုံးတပ် လေယာဉ်အမျိုးအစား Cessna 172 N5010 လေယာဉ်ဖြစ်သဖြင့် အလွန်ခက်ခဲသောခရီးဖြစ်ခဲ့ပြီး တစ်နေ့ ၈နာရီမောင်းနှင်ခဲ့ပါတယ်။ တစ်ခါတစ်ရံ မိုင် ၁၀၀၀ ကို မရပ်မနားမောင်းခဲ့ရတယ်လို့ဆိုပါတယ်။
Travis ဟာ လွန်ခဲ့သော ၄၄ ရက် (မေလ၂၉)က သူ၏ကမ္ဘာ့စံချိန်တင်ကြိုးပမ်းမှုခရီးစဥ်ကို နယ်သာလန်နိုင်ငံ၊ Teuge မှ စတင်ခဲ့ပြီး နယ်သာလန်မှာပဲ အဆုံးသတ်ခဲ့တာပါ။
နယ်သာလန်၊ပိုလန်၊ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ဂရင်းလန်း၊ အိုက်စလန်၊ ယူကေ၊ အိုင်ယာလန်၊ စပိန်၊ မော်ရိုကို၊ပြင်သစ်နှင့်ဘယ်လ်ဂျီယံများဆီသို့ ပျံသန်းခဲ့တာပါ။
ကမ္ဘာ့စံချိန်ကိုချိုးဖောက်ရန် ထရာဗစ်၏လမ်းကြောင်းသည် မိုင်ပေါင်း ၂၄,၅၂၀ ကိုဖြတ်ကျော်ခဲ့ရပါတယ်။ ဒါဟာ “ထူးဆန်းတဲ့ခံစားမှု” ဖြစ်တယ်လို့ သူကပြောပါတယ်။
ဆယ်ကျော်သက်လေယာဉ်မှူးက ရက်သတ္တပတ်များအတွင်းပထမဆုံးအကြိမ်ပြောကြားခဲ့တာကတော့ သူဟာစောစောထခြင်း၊အိပ်ရာနောက်ကျခြင်း၊သူပျံသန်းရမည့်ခက်ခဲသည့်မြေပြင်အနေအထားသို့မဟုတ် မုန်တိုင်းများအကြောင်း စိတ်ပူစရာမလိုခဲ့ဘူးလို့ဆိုပါတယ်။
“ဒါဟာထူးဆန်းတဲ့ခံစားမှုတစ်ခုပါ။ ဒီနေရာမှာငါရောက်နေပြီ။ မနက်ဖြန်မှာဘာမှပူစရာမလိုတော့ဘူး။ ဒါကထူးဆန်းပါတယ်”
ထရာဗစ်ဟာ အသက် ၁၂ နှစ်က ပျံသန်းမှုကိုစတင်ခဲ့ပြီး အသက် ၁၄ နှစ်တွင် ယူကေနိုင်ငံ၏အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာခဲ့သူပါ။
Zawgyi
၁၈ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္လူငယ္ ထရာဗစ္လုဒ္လို(Travis Ludlow)ဟာ အင္ဂ်င္တစ္လုံးတပ္ေလယာဥ္ျဖင့္ ၆ ပတ္ၾကာတစ္ကိုယ္ေတာ္ ကမာၻပတ္ပ်ံသန္းၿပီး ကမာၻ႔အသက္အငယ္ဆုံး ေလယာဥ္မႉးျဖစ္လာခဲ့ပါတယ္။
ယူေက၊ ဘတ္ကင္ဟမ္ရႈိင္းယား(Buckinghamshire) , Ibstone မွ ဆယ္ေက်ာ္သက္လူငယ္ ထရာဗစ္လုဒ္လို(Travis Ludlow)ဟာ မိုင္ေပါင္း ၂၅,၀၀၀ မိုင္ခရီးကို ၄၄ ရက္ၾကာေအာင္ပ်ံသန္းၿပီးေနာက္ နယ္သာလန္ႏိုင္ငံသို႔ (၁၂.၇.၂၀၂၁) အဂၤါေန႔အစာပိုင္းတြင္ ဆိုက္ေရာက္ခဲ့ၿပီး အသက္အငယ္ဆုံးေလယာဥ္မႉးအျဖစ္ ဂင္းနစ္စံခ်ိန္သစ္ ေရးထိုးႏိုင္ခဲ့ပါတယ္။
Travis Ludlow ဟာ အသက္ ၁၈ ႏွစ္ႏွင့္ ၁၅၀ ရက္ရွိၿပီး ယခင္စံခ်ိန္တင္သူထက္ ၁၃ ရက္ငယ္ပါတယ္။ ယခင္၂၀၁၈ ခုႏွစ္ ေအာက္တိုဘာတြင္ စံခ်ိန္တင္ထားသူ အေမရိကန္ႏိုင္ငံသား မာစန္အန္ဒ႐ူး (Mason Andrews) မွာ အသက္ ၁၈ ႏွစ္ႏွင့္ ၁၆၃ ရက္ျဖစ္ပါတယ္။
သူ၏ေလယာဥ္မွာ အင္ဂ်င္တစ္လုံးတပ္ ေလယာဥ္အမ်ိဳးအစား Cessna 172 N5010 ေလယာဥ္ျဖစ္သျဖင့္ အလြန္ခက္ခဲေသာခရီးျဖစ္ခဲ့ၿပီး တစ္ေန႔ ၈ နာရီေမာင္းႏွင္ခဲ့ပါတယ္။ တစ္ခါတစ္ရံ မိုင္ ၁၀၀၀ ကို မရပ္မနားေမာင္းခဲ့ရတယ္လို႔ဆိုပါတယ္။
Travis ဟာ လြန္ခဲ့ေသာ ၄၄ ရက္ (ေမလ၂၉)က သူ၏ကမာၻ႔စံခ်ိန္တင္ႀကိဳးပမ္းမႈခရီးစဥ္ကို နယ္သာလန္ႏိုင္ငံ၊ Teuge မွ စတင္ခဲ့ၿပီး နယ္သာလန္မွာပဲ အဆုံးသတ္ခဲ့တာပါ။
နယ္သာလန္၊ပိုလန္၊ ႐ုရွား၊ အေမရိကန္၊ ကေနဒါ၊ ဂရင္းလန္း၊ အိုက္စလန္၊ ယူေက၊ အိုင္ယာလန္၊ စပိန္၊ ေမာ္႐ိုကို၊ျပင္သစ္ႏွင့္ဘယ္လ္ဂ်ီယံမ်ားဆီသို႔ ပ်ံသန္းခဲ့တာပါ။
ကမာၻ႔စံခ်ိန္ကိုခ်ိဳးေဖာက္ရန္ ထရာဗစ္၏လမ္းေၾကာင္းသည္ မိုင္ေပါင္း ၂၄,၅၂၀ ကိုျဖတ္ေက်ာ္ခဲ့ရပါတယ္။ ဒါဟာ “ထူးဆန္းတဲ့ခံစားမႈ” ျဖစ္တယ္လို႔ သူကေျပာပါတယ္။
ဆယ္ေက်ာ္သက္ေလယာဥ္မႉးက ရက္သတၱပတ္မ်ားအတြင္း ပထမဆုံးအႀကိမ္ ေျပာၾကားခဲ့တာကေတာ့ သူဟာေစာေစာထျခင္း၊ အိပ္ရာေနာက္က်ျခင္း၊ သူပ်ံသန္းရမည့္ခက္ခဲသည့္ေျမျပင္အေနအထားသို႔မဟုတ္ မုန္တိုင္းမ်ားအေၾကာင္း စိတ္ပူစရာမလိုခဲ့ဘူးလို႔ဆိုပါတယ္။
“ဒါဟာထူးဆန္းတဲ့ခံစားမႈတစ္ခုပါ။ ဒီေနရာမွာငါေရာက္ေနၿပီ။ မနက္ျဖန္မွာဘာမွပူစရာမလိုေတာ့ဘူး။ ဒါကထူးဆန္းပါတယ္”
ထရာဗစ္ဟာ အသက္ ၁၂ ႏွစ္က ပ်ံသန္းမႈကိုစတင္ခဲ့ၿပီး အသက္ ၁၄ ႏွစ္တြင္ ယူေကႏိုင္ငံ၏အသက္အငယ္ဆုံး ေလယာဥ္မႉးျဖစ္လာခဲ့သူပါ။