ကျွန်တော့်ရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံလိုက်ရပြီ။ freeze အလုပ်ခံလိုက်ရပါပြီ။ စစအပိတ်ခံရခြင်းတုန်းက ကျွန်တော်မသိခဲ့ဘူး။ (၉.၉.၂၀၂၁)ရက်နေ့၊ မနက်ပိုင်းလောက်အထိ ငွေဝင်/ငွေထွက် ရှိနေသေးတယ်။ ၉ ရက်နေ့ ညနေပိုင်းလောက်မှာ မိတ်ဆွေတွေက ကျွန်တော့်ဆီ ‘ငွေလွှဲလို့မရတော့ဘူး၊ transfer incomplete ဖြစ်နေတယ်၊ တစ်ချက်စစ်ကြည့်ပေးပါဦး’ ဆိုပြီး လှမ်းပြောကြတယ်။
ကျွန်တော်လည်း တခြားအရေးကြီးကိစ္စတစ်ခု လုပ်လက်စဖြစ်နေတာနဲ့ KPAY အကောင့်ကို စစ်မကြည့်ဖြစ်ဘူး။ စိတ်ထဲကလည်း အပိတ်ခံရတယ်လို့မထင်မိဘဲ၊ တစ်နေ့တာ ငွေလွှဲပမာဏကျော်သွားတာကြောင့်လို့ပဲ ထင်မိတယ်။ အဲဒါကြောင့် ‘ မနက်ဖြန်မှ လွှဲကြည့်ပေးပါလား၊ ငွေလွှဲတာများနေလို့ဖြစ်ပါလိမ့်မယ်’ ဆိုပြီး မိတ်ဆွေတွေကို ပြန်ပြောခဲ့တယ်။ (၁၀.၉.၂၀၂၁)ရက်နေ့ မနက်မှာလည်း ငွေလွှဲမရတဲ့အကြောင်း စာတွေပို့ထားကြတော့ စိတ်ထင့်သွားမိတယ်။ စစ်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ အပိတ်ခံလိုက်ရပြီ။
ပုံမှန်ဆိုရင် ဘဏ်သွားပြီး complain တက်လို့ရပေမယ့် ကိုယ့်အခြေအနေအရ ဘဏ်သွားဖို့က မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် KBZ ဘဏ်မှာလုပ်ဖူးတဲ့ သူငယ်ချင်းနဲ့တိုင်ပင်ရတယ်။
အခြေအနေကို ပြောပြရတယ်။ သူလည်း ထိထိရောက်ရောက်ကူညီမပေးနိုင်တော့ Call Center ကို ဆက်ပြီးပဲ complain တက်ဖို့ အကြံပေးတယ်။ ‘ မှားပြီးပိတ်တာဆိုရင် ပြန်ရနိုင်တယ်၊ တမင် နာမည်ပေါက်(by name) အရ ပိတ်ခိုင်းတာဆိုရင်တော့ ပြန်မရနိုင်ဘူး’ ဆိုပြီး ပြောပါတယ်။ အစည်းအဝေးတစ်ခုရှိတာနဲ့ အဲ့နေ့က ဖုန်းမဆက်ဖြစ်လိုက်ဘူး။
(၁၁.၉.၂၀၂၁)ရက်နေ့၊ စနေနေ့ နေ့လယ်မှာ KBZ Call Center – 09951018555 ကို ဖုန်းလှမ်းဆက်ဖြစ်တယ်။ ဖုန်းအဆင့်ဆင့်လွှဲပေးရင်း KPAY တာဝန်ခံဆီရောက်တယ်။ နာမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ ဘယ်နေ့ကအပိတ်ခံရတာလဲ၊ အကောင့်ထဲရှိငွေပမာဏတွေ မေးပါတယ်။ စစ်ကြည့်လိုက်တော့ မှားပိတ်တာမဟုတ်ဘဲ အထက်ကခိုင်းလို့ပိတ်ရတဲ့အကြောင်း ပြောတယ်။ ကျန်တာပြောပြလို့မရကြောင်း ဖြေတယ်။
ကျွန်တော်က ‘ ဘာကြောင့် ပိတ်ရတာလဲ၊ အကြောင်းပြချက်ကို သိချင်တယ်၊ ပြီးတော့ ဘယ်လိုလုပ်ရင် အကောင့်ပြန်ပွင့်နိုင်သလဲ၊ ပိုက်ဆံတွေပြန်ရနိုင်သလဲ’ မေးပါတယ်။ သူ့အနေနဲ့ မဖြေနိုင်ကြောင်း၊ ကုတ်နံပါတ်(ဂဏန်း ၇ လုံး) ပေးပြီး ရုံးဖွင့်ရက်မှာ တစ်ချက်ပြန်ဆက်ကြည့်ပေးဖို့ ပြောပါတယ်။
(၁၃.၉.၂၀၂၁)ရက်နေ့၊ တနင်္လာနေ့ နေ့လယ်မှာ ကျွန်တော် ဖုန်းပြန်ဆက်ပါတယ်။ အဲဒီ့ဝန်ထမ်း အမျိုးသမီးနဲ့ပဲ ဖုန်းပြန်ပြောဖြစ်ပါတယ်။ ထုံးစံအတိုင်း ဒီစကားကိုပဲထပ်ပြောပါတယ်။ ‘ညီမတို့လည်း အကြောင်းရင်းကို သေချာမသိဘူး၊ အထက်ကနေပြီး ဒီအကောင့်ကိုပိတ်ပေးပါဆိုလို့ ခေတ္တပိတ်ရတာပါ၊ ပိတ်ထားတဲ့အတောအတွင်း ငွေသွင်း/ငွေထုတ် လုပ်မရပါဘူး၊ ပြန်ဖွင့်ပေးတဲ့အချိန်ကျရင်တော့ စာပို့ပြီး အကြောင်းကြားပေးမှာပါ’ ဆိုပြီးပဲ ဖြေပါတယ်။
ကျွန်တော်က ‘ပိတ်ရတဲ့အကြောင်းရင်း(reason) နဲ့ ဘယ်လိုလုပ်ရင် ပြန်ဖွင့်ပေးမှာလဲဆိုတဲ့ (solution)’ အဲ့နှစ်ချက်ကိုပဲ ထပ်မေးပါတယ်။ သူက ဗဟိုဘဏ်ကို ဆက်သွယ်ပြီး မေးပါတဲ့။(၁၄.၉.၂၀၂၁)ရက်နေ့၊ အင်္ဂါနေ့မှာ ဗဟိုဘဏ်(ရုံးချုပ်) ၊ ဖုန်းနံပါတ် 067-418203 ကို ဆက်သွယ်ပြီး မေးလိုက်ပါတယ်။
ဘဏ်အကောင့်တွေနဲ့သက်ဆိုင်တဲ့ဌာနခွဲ 067-418694 ကို ဆက်ခိုင်းပါတယ်။ ဖုန်းလာကိုင်တဲ့ ဝန်ထမ်းက ‘ အကောင့်ပိတ်တာ ဗဟိုဘဏ်က ပိတ်တာမဟုတ်ကြောင်း၊ ပြည်ထဲရေးက ပိတ်တာဖြစ်ကြောင်း၊ ပြည်ထဲရေးလက်အောက်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကို ဆက်သွယ်ပြီးမေးဖို့’ ပြောပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ ဖုန်းနံပါတ် 067 – 421761 ကို ပေးပါတယ်။
ဖုန်းဆက်ကြည့်လိုက်တော့ နာမည်တွေ၊ KPAY ဖွင့်ထားတဲ့ဖုန်းနံပါတ်တွေ၊ အကောင့်ဖွင့်ထားတဲ့လိပ်စာတွေ မေးပါတယ်။ အထက်ကိုတင်ပြပြီး ဖုန်းပြန်ဆက်ပေးမယ် ပြောပါတယ်။ အချိန်အတော်ကြာတဲ့အထိ ဖုန်းပြန်မဆက်တော့ ကျွန်တော် ထပ်ဆက်လိုက်ပါတယ်။ ဖုန်းလာကိုင်တဲ့အမျိုးသားက ‘ စောစောက ဖုန်းဖြေတဲ့အမျိုးသမီးဟာ သူမသိလို့ပြောနေတာဖြစ်ကြောင်း၊ ဘဏ်အကောင့်တွေပိတ်တာ ဗဟိုဘဏ်နဲ့သက်ဆိုင်ရာဘဏ်တွေကသာ ပိတ်တာဖြစ်ကြောင်း၊ သူတို့အဖွဲ့အစည်းက အဲ့ဒါမျိုးတွေ မလုပ်ကြောင်း’ ပြောပါတယ်။
ကျွန်တော့်စိတ်ထဲ ခံစားမိလိုက်တာက ဘောလီဘောအပုတ်ခံနေရပြီ ဆိုတာပါပဲ။ ယခင် စစ်အစိုးရလက်ထက်တုန်းက ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံကို ပြန်ကြုံရပါတယ်။ ကျွန်တော် စိတ်မလျှော့သေးဘဲ KBZ ဘဏ်ကို ပြန်ဆက်ပြီး အခြေအနေအကျဉ်းချုပ်ကို ထပ်ပြောလိုက်ပါတယ်။
ထုံးစံအတိုင်း လေသံအပျော့နဲ့ပဲ ‘ ညီမတို့လည်း အထက်ကပိတ်ခိုင်းလို့ ပိတ်ရတာပါအစ်ကို၊ ဒီ့ထက်ပိုပြီးလည်း မသိရဘူး၊ ပြောပိုင်ခွင့်လည်း မရှိဘူး၊ အစ်ကို့ကိုလည်း ကိုယ်ချင်းစာပါတယ် ’ ဆိုပြီး ဓာတ်ပြားအဟောင်းပဲ ပြန်ဖွင့်ပြပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပတ်သက်တဲ့ စကားလုံးတွေကို မကြားရပါဘူး။
‘ဘာဖြစ်လို့ ဒီလောက်အလုပ်ရှုပ်ခံပြီး ဖုန်းဆက်နေတာလဲ၊ အမည်ပေါက်နဲ့ အပိတ်ခံရရင် ဘာမှလုပ်မရတော့ဘူးဆိုတာ မသိဘူးလား ’ လို့ မိတ်ဆွေတချို့က မေးနိုင်ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်က တကယ်လို့ မှားယွင်းပြီး အပိတ်ခံရတဲ့သူတွေအတွက် ဘယ်လိုမျိုး complain တက်လို့ရတယ်၊ ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာကို သိချင်တဲ့ စေတနာနဲ့ပါ။ အမည်ပေါက်နဲ့ တမင်အပိတ်ခံရသူတွေအတွက် ဘဏ်ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို သေချာသိချင်လို့ပါ။ အခြေအနေတွေကတော့ ကြားသိရတဲ့အတိုင်းပါပဲ။
စိတ်ထဲ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုခံစားနေရသလဲဆိုရင် စသိသိခြင်းမှာ အံ့ဩပါတယ်၊ သေချာသိပြီးတဲ့နောက်မှာ စိတ်ပျက်ပါတယ်။ စစ်ကောင်စီအပေါ် သစ္စာခံပြီး customer တွေအပေါ် သစ္စာဖောက်တဲ့ KBZ ဘဏ်ကို စိတ်ပျက်မိပါတယ်၊ အရေးတော်ပုံအောင်ပြီးရင် ပြည်သူတွေဆီက ယုံကြည်မှုကို မမျှော်လင့်ဖို့ အခုကတည်းက သတိပေးချင်ပါတယ်။ စစ်ကောင်စီအပေါ်တော့ ပိုပြီး စက်ဆုပ်ရွံရှာမိပါတယ်။ နှိုင်းပြစရာ စကားလုံးမရှိအောင်ကို ယုတ်မာတဲ့သူတွေပါ။
ကျွန်တော့် လုံခြုံရေးကို စိတ်ပူတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်တော့ သန်းခေါင်ထက် ညမနက်တော့ပါဘူး။ ဒီ့ထက်ပိုပြီးလည်း စွန့်လွှတ်စရာ၊ ဆုံးရှုံးစရာမရှိတော့ပါဘူး။ ကိုယ့်အသက်နဲ့ မိဘတွေအသက်ပဲ ကျန်ပါတော့တယ်။ အဲဒါကိုလည်း လိုအပ်ခဲ့ရင် စွန့်လွှတ်ဖို့အတွက် ဆုံးဖြတ်ပြီးသားမို့ တုန်လှုပ်စရာမရှိတော့ပါ။
ကျွန်တော် ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်တာက KPAY ထဲ ရှိနေတဲ့ ၂၈ သိန်းကျော်ပဲ။ ကိုယ့်အကောင့်ထဲရှိနေတဲ့ ပိုက်ဆံတွေအတွက် လုံးဝမနှောမြောဘူး။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပဲ။ ပြည်သူတွေရဲ့ပိုက်ဆံတွေကို အချိန်မီ လိုအပ်တဲ့သူတွေဆီ မပို့လိုက်နိုင်တာကိုဘဲ ခံပြင်းတာပါ။
အလှူရှင်တွေကို အလေးအနက်တောင်းပန်ပါတယ်။ ကျွန်တော့်ညံ့ဖျင်းမှုကြောင့် ဖြစ်ရတာပါ။ အကူညီလာတောင်းထားတဲ့သူတွေကိုလည်း အားနာပါတယ်။ ပြောထားတဲ့ရက်မှာ မကူညီနိုင်လို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော် နည်းလမ်းရှာပြီး အဆင်ပြေအောင် ကူညီသွားမှာပါ။
‘ ဒီလောက်အထိ လုပ်ပေးခဲ့ပြီးပြီပဲ၊ တာဝန်ကျေတာထက်ကို ပိုနေပြီ၊ ကိုယ့်လုံခြုံရေးအတွက် နားသင့်ပြီ ’ ဆိုတာမျိုး မိတ်ဆွေတချို့က အကြံပေးကြပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် မနားပါဘူး။ နားလို့လည်း မဖြစ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတာဟာ တာဝန်ကျေဖို့အတွက် လုပ်နေတာမဟုတ်ပါဘူး။
အရေးတော်ပုံအောင်မြင်ဖို့အတွက် လုပ်နေတာဖြစ်ပါတယ်။ ဘယ်အချိန်တာဝန်ကျေမလဲဆိုရင် အရေးတော်ပုံအောင်မှသာ တာဝန်ကျေမှာပါ။ တာဝန်ပြီးဆုံးမှာပါ။ ပန်းတိုင်ရောက်ခါနီး အခက်အခဲဆုံးအဆင့်ရောက်မှ ‘ ခင်ဗျားတို့ပဲ သွားကြတော့’ ဆိုပြီး ကျန်တဲ့သူတွေကို မလွှတ်လိုက်နိုင်ပါဘူး။ အရေးတော်ပုံအောင်တော့မှ နေရာကောင်းယူပြီး အောင်ပွဲဝင်ခံရမှာ လိပ်ပြာမလုံပါ။ အဲဒါကြောင့် ဆက်ပြီး တော်လှန်နေမှာပါ။
ကျွန်တော့်အတွက် ဘဏ်အကောင့်တွေ အပိတ်ခံရတာဟာ ဂုဏ်ပြုခံရတာလို့ပဲ မှတ်ယူပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်ပြီး တော်လှန်ရင် အသက်သေအောင်၊ ဘဝပျက်အောင် ယုတ်မာနေတာမဟုတ်လား။ စိတ်ကိုပြင်ဆင်ထားပြီးသားမို့ အေးဆေးပါပဲ။
ဒီစာကိုရေးတာဟာလည်း စစ်ကျွန်ဘဏ် KBZ ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအခြေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေ ဘာတစ်ခုမှမလုံခြုံတော့ဘူးဆိုတာ ပြည်သူတွေ သေချာသိစေချင်ရုံပါ။ မိတ်ဆွေတို့အနေနဲ့ ထဲထဲဝင်ဝင်အလုပ်လုပ်နေပြီဆိုရင် အကောင့်လုံခြုံရေးကို သေချာဂရုစိုက်ကြစေလိုပါတယ်။
အရေးတော်ပုံမုချအောင်ရမည် ။ မိုးခ
Zawgyi
ကြၽန္ေတာ့္ရဲ႕ ဘဏ္အေကာင့္ေတြ အပိတ္ခံလိုက္ရၿပီ။ freeze အလုပ္ခံလိုက္ရပါၿပီ။ စစအပိတ္ခံရျခင္းတုန္းက ကြၽန္ေတာ္မသိခဲ့ဘူး။ (၉.၉.၂၀၂၁)ရက္ေန႔၊ မနက္ပိုင္းေလာက္အထိ ေငြဝင္/ေငြထြက္ ရွိေနေသးတယ္။ ၉ ရက္ေန႔ ညေနပိုင္းေလာက္မွာ မိတ္ေဆြေတြက ကြၽန္ေတာ့္ဆီ ‘ေငြလႊဲလို႔မရေတာ့ဘူး၊ transfer incomplete ျဖစ္ေနတယ္၊ တစ္ခ်က္စစ္ၾကည့္ေပးပါဦး’ ဆိုၿပီး လွမ္းေျပာၾကတယ္။
ကြၽန္ေတာ္လည္း တျခားအေရးႀကီးကိစၥတစ္ခု လုပ္လက္စျဖစ္ေနတာနဲ႔ KPAY အေကာင့္ကို စစ္မၾကည့္ျဖစ္ဘူး။ စိတ္ထဲကလည္း အပိတ္ခံရတယ္လို႔မထင္မိဘဲ၊ တစ္ေန႔တာ ေငြလႊဲပမာဏေက်ာ္သြားတာေၾကာင့္လို႔ပဲ ထင္မိတယ္။ အဲဒါေၾကာင့္ ‘ မနက္ျဖန္မွ လႊဲၾကည့္ေပးပါလား၊ ေငြလႊဲတာမ်ားေနလို႔ျဖစ္ပါလိမ့္မယ္’ ဆိုၿပီး မိတ္ေဆြေတြကို ျပန္ေျပာခဲ့တယ္။ (၁၀.၉.၂၀၂၁)ရက္ေန႔ မနက္မွာလည္း ေငြလႊဲမရတဲ့အေၾကာင္း စာေတြပို႔ထားၾကေတာ့ စိတ္ထင့္သြားမိတယ္။ စစ္ၾကည့္လိုက္ေတာ့ ထင္တဲ့အတိုင္းပဲ အပိတ္ခံလိုက္ရၿပီ။
ပုံမွန္ဆိုရင္ ဘဏ္သြားၿပီး complain တက္လို႔ရေပမယ့္ ကိုယ့္အေျခအေနအရ ဘဏ္သြားဖို႔က မျဖစ္ႏိုင္ပါဘူး။ အဲဒါေၾကာင့္ KBZ ဘဏ္မွာလုပ္ဖူးတဲ့ သူငယ္ခ်င္းနဲ႔တိုင္ပင္ရတယ္။ အေျခအေနကို ေျပာျပရတယ္။ သူလည္း ထိထိေရာက္ေရာက္ကူညီမေပးႏိုင္ေတာ့ Call Center ကို ဆက္ၿပီးပဲ complain တက္ဖို႔ အႀကံေပးတယ္။ ‘ မွားၿပီးပိတ္တာဆိုရင္ ျပန္ရႏိုင္တယ္၊ တမင္ နာမည္ေပါက္(by name) အရ ပိတ္ခိုင္းတာဆိုရင္ေတာ့ ျပန္မရႏိုင္ဘူး’ ဆိုၿပီး ေျပာပါတယ္။ အစည္းအေဝးတစ္ခုရွိတာနဲ႔ အဲ့ေန႔က ဖုန္းမဆက္ျဖစ္လိုက္ဘူး။
(၁၁.၉.၂၀၂၁)ရက္ေန႔၊ စေနေန႔ ေန႔လယ္မွာ KBZ Call Center – 09951018555 ကို ဖုန္းလွမ္းဆက္ျဖစ္တယ္။ ဖုန္းအဆင့္ဆင့္လႊဲေပးရင္း KPAY တာဝန္ခံဆီေရာက္တယ္။ နာမည္၊ ဖုန္းနံပါတ္၊ မွတ္ပုံတင္နံပါတ္၊ ေမြးသကၠရာဇ္၊ ဘယ္ေန႔ကအပိတ္ခံရတာလဲ၊ အေကာင့္ထဲရွိေငြပမာဏေတြ ေမးပါတယ္။ စစ္ၾကည့္လိုက္ေတာ့ မွားပိတ္တာမဟုတ္ဘဲ အထက္ကခိုင္းလို႔ပိတ္ရတဲ့အေၾကာင္း ေျပာတယ္။ က်န္တာေျပာျပလို႔မရေၾကာင္း ေျဖတယ္။
ကြၽန္ေတာ္က ‘ ဘာေၾကာင့္ ပိတ္ရတာလဲ၊ အေၾကာင္းျပခ်က္ကို သိခ်င္တယ္၊ ၿပီးေတာ့ ဘယ္လိုလုပ္ရင္ အေကာင့္ျပန္ပြင့္ႏိုင္သလဲ၊ ပိုက္ဆံေတြျပန္ရႏိုင္သလဲ’ ေမးပါတယ္။ သူ႔အေနနဲ႔ မေျဖႏိုင္ေၾကာင္း၊ ကုတ္နံပါတ္(ဂဏန္း ၇ လုံး) ေပးၿပီး ႐ုံးဖြင့္ရက္မွာ တစ္ခ်က္ျပန္ဆက္ၾကည့္ေပးဖို႔ ေျပာပါတယ္။
(၁၃.၉.၂၀၂၁)ရက္ေန႔၊ တနလၤာေန႔ ေန႔လယ္မွာ ကြၽန္ေတာ္ ဖုန္းျပန္ဆက္ပါတယ္။ အဲဒီ့ဝန္ထမ္း အမ်ိဳးသမီးနဲ႔ပဲ ဖုန္းျပန္ေျပာျဖစ္ပါတယ္။ ထုံးစံအတိုင္း ဒီစကားကိုပဲထပ္ေျပာပါတယ္။ ‘ညီမတို႔လည္း အေၾကာင္းရင္းကို ေသခ်ာမသိဘူး၊ အထက္ကေနၿပီး ဒီအေကာင့္ကိုပိတ္ေပးပါဆိုလို႔ ေခတၱပိတ္ရတာပါ၊
ပိတ္ထားတဲ့အေတာအတြင္း ေငြသြင္း/ေငြထုတ္ လုပ္မရပါဘူး၊ ျပန္ဖြင့္ေပးတဲ့အခ်ိန္က်ရင္ေတာ့ စာပို႔ၿပီး အေၾကာင္းၾကားေပးမွာပါ’ ဆိုၿပီးပဲ ေျဖပါတယ္။ ကြၽန္ေတာ္က ‘ပိတ္ရတဲ့အေၾကာင္းရင္း(reason) နဲ႔ ဘယ္လိုလုပ္ရင္ ျပန္ဖြင့္ေပးမွာလဲဆိုတဲ့ (solution)’ အဲ့ႏွစ္ခ်က္ကိုပဲ ထပ္ေမးပါတယ္။ သူက ဗဟိုဘဏ္ကို ဆက္သြယ္ၿပီး ေမးပါတဲ့။
(၁၄.၉.၂၀၂၁)ရက္ေန႔၊ အဂၤါေန႔မွာ ဗဟိုဘဏ္(႐ုံးခ်ဳပ္) ၊ ဖုန္းနံပါတ္ 067-418203 ကို ဆက္သြယ္ၿပီး ေမးလိုက္ပါတယ္။ ဘဏ္အေကာင့္ေတြနဲ႔သက္ဆိုင္တဲ့ဌာနခြဲ 067-418694 ကို ဆက္ခိုင္းပါတယ္။ ဖုန္းလာကိုင္တဲ့ ဝန္ထမ္းက ‘ အေကာင့္ပိတ္တာ ဗဟိုဘဏ္က ပိတ္တာမဟုတ္ေၾကာင္း၊ ျပည္ထဲေရးက ပိတ္တာျဖစ္ေၾကာင္း၊ ျပည္ထဲေရးလက္ေအာက္က ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕ကို ဆက္သြယ္ၿပီးေမးဖို႔’ ေျပာပါတယ္။ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕ ဖုန္းနံပါတ္ 067 – 421761 ကို ေပးပါတယ္။
ဖုန္းဆက္ၾကည့္လိုက္ေတာ့ နာမည္ေတြ၊ KPAY ဖြင့္ထားတဲ့ဖုန္းနံပါတ္ေတြ၊ အေကာင့္ဖြင့္ထားတဲ့လိပ္စာေတြ ေမးပါတယ္။ အထက္ကိုတင္ျပၿပီး ဖုန္းျပန္ဆက္ေပးမယ္ ေျပာပါတယ္။ အခ်ိန္အေတာ္ၾကာတဲ့အထိ ဖုန္းျပန္မဆက္ေတာ့ ကြၽန္ေတာ္ ထပ္ဆက္လိုက္ပါတယ္။ ဖုန္းလာကိုင္တဲ့အမ်ိဳးသားက ‘ ေစာေစာက ဖုန္းေျဖတဲ့အမ်ိဳးသမီးဟာ သူမသိလို႔ေျပာေနတာျဖစ္ေၾကာင္း၊ ဘဏ္အေကာင့္ေတြပိတ္တာ ဗဟိုဘဏ္နဲ႔သက္ဆိုင္ရာဘဏ္ေတြကသာ ပိတ္တာျဖစ္ေၾကာင္း၊ သူတို႔အဖြဲ႕အစည္းက အဲ့ဒါမ်ိဳးေတြ မလုပ္ေၾကာင္း’ ေျပာပါတယ္။
ကြၽန္ေတာ့္စိတ္ထဲ ခံစားမိလိုက္တာက ေဘာလီေဘာအပုတ္ခံေနရၿပီ ဆိုတာပါပဲ။ ယခင္ စစ္အစိုးရလက္ထက္တုန္းက ဝန္ထမ္းေတြရဲ႕ ဆက္ဆံပုံကို ျပန္ႀကဳံရပါတယ္။ ကြၽန္ေတာ္ စိတ္မေလွ်ာ့ေသးဘဲ KBZ ဘဏ္ကို ျပန္ဆက္ၿပီး အေျခအေနအက်ဥ္းခ်ဳပ္ကို ထပ္ေျပာလိုက္ပါတယ္။
ထုံးစံအတိုင္း ေလသံအေပ်ာ့နဲ႔ပဲ ‘ ညီမတို႔လည္း အထက္ကပိတ္ခိုင္းလို႔ ပိတ္ရတာပါအစ္ကို၊ ဒီ့ထက္ပိုၿပီးလည္း မသိရဘူး၊ ေျပာပိုင္ခြင့္လည္း မရွိဘူး၊ အစ္ကို႔ကိုလည္း ကိုယ္ခ်င္းစာပါတယ္ ’ ဆိုၿပီး ဓာတ္ျပားအေဟာင္းပဲ ျပန္ဖြင့္ျပပါတယ္။ တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ပတ္သက္တဲ့ စကားလုံးေတြကို မၾကားရပါဘူး။
‘ဘာျဖစ္လို႔ ဒီေလာက္အလုပ္ရႈပ္ခံၿပီး ဖုန္းဆက္ေနတာလဲ၊ အမည္ေပါက္နဲ႔ အပိတ္ခံရရင္ ဘာမွလုပ္မရေတာ့ဘူးဆိုတာ မသိဘူးလား ’ လို႔ မိတ္ေဆြတခ်ိဳ႕က ေမးႏိုင္ပါတယ္။ ကြၽန္ေတာ့္ရည္႐ြယ္ခ်က္က တကယ္လို႔ မွားယြင္းၿပီး အပိတ္ခံရတဲ့သူေတြအတြက္ ဘယ္လိုမ်ိဳး complain တက္လို႔ရတယ္၊ ဘယ္လိုေျဖရွင္းလို႔ရမလဲဆိုတာကို သိခ်င္တဲ့ ေစတနာနဲ႔ပါ။ အမည္ေပါက္နဲ႔ တမင္အပိတ္ခံရသူေတြအတြက္ ဘဏ္ရဲ႕တာဝန္ယူမႈ၊ တာဝန္ခံမႈေတြကို ေသခ်ာသိခ်င္လို႔ပါ။ အေျခအေနေတြကေတာ့ ၾကားသိရတဲ့အတိုင္းပါပဲ။
စိတ္ထဲ ဘယ္လိုျဖစ္ေနလဲ၊ ဘယ္လိုခံစားေနရသလဲဆိုရင္ စသိသိျခင္းမွာ အံ့ဩပါတယ္၊ ေသခ်ာသိၿပီးတဲ့ေနာက္မွာ စိတ္ပ်က္ပါတယ္။ စစ္ေကာင္စီအေပၚ သစၥာခံၿပီး customer ေတြအေပၚ သစၥာေဖာက္တဲ့ KBZ ဘဏ္ကို စိတ္ပ်က္မိပါတယ္၊ အေရးေတာ္ပုံေအာင္ၿပီးရင္ ျပည္သူေတြဆီက ယုံၾကည္မႈကို မေမွ်ာ္လင့္ဖို႔ အခုကတည္းက သတိေပးခ်င္ပါတယ္။ စစ္ေကာင္စီအေပၚေတာ့ ပိုၿပီး စက္ဆုပ္႐ြံရွာမိပါတယ္။ ႏႈိင္းျပစရာ စကားလုံးမရွိေအာင္ကို ယုတ္မာတဲ့သူေတြပါ။
ကြၽန္ေတာ့္ လုံၿခဳံေရးကို စိတ္ပူတဲ့သူေတြကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သန္းေခါင္ထက္ ညမနက္ေတာ့ပါဘူး။ ဒီ့ထက္ပိုၿပီးလည္း စြန႔္လႊတ္စရာ၊ ဆုံးရႈံးစရာမရွိေတာ့ပါဘူး။ ကိုယ့္အသက္နဲ႔ မိဘေတြအသက္ပဲ က်န္ပါေတာ့တယ္။ အဲဒါကိုလည္း လိုအပ္ခဲ့ရင္ စြန႔္လႊတ္ဖို႔အတြက္ ဆုံးျဖတ္ၿပီးသားမို႔ တုန္လႈပ္စရာမရွိေတာ့ပါ။
ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ ခြင့္မလႊတ္ႏိုင္တာက KPAY ထဲ ရွိေနတဲ့ ၂၈ သိန္းေက်ာ္ပဲ။ ကိုယ့္အေကာင့္ထဲရွိေနတဲ့ ပိုက္ဆံေတြအတြက္ လုံးဝမေႏွာေျမာဘူး။ ပစၥည္းသခၤါရ၊ လူသခၤါရပဲ။ ျပည္သူေတြရဲ႕ပိုက္ဆံေတြကို အခ်ိန္မီ လိုအပ္တဲ့သူေတြဆီ မပို႔လိုက္ႏိုင္တာကိုဘဲ ခံျပင္းတာပါ။ အလႉရွင္ေတြကို အေလးအနက္ေတာင္းပန္ပါတယ္။
ကြၽန္ေတာ့္ညံ့ဖ်င္းမႈေၾကာင့္ ျဖစ္ရတာပါ။ အကူညီလာေတာင္းထားတဲ့သူေတြကိုလည္း အားနာပါတယ္။ ေျပာထားတဲ့ရက္မွာ မကူညီႏိုင္လို႔ ေတာင္းပန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ နည္းလမ္းရွာၿပီး အဆင္ေျပေအာင္ ကူညီသြားမွာပါ။
‘ ဒီေလာက္အထိ လုပ္ေပးခဲ့ၿပီးၿပီပဲ၊ တာဝန္ေက်တာထက္ကို ပိုေနၿပီ၊ ကိုယ့္လုံၿခဳံေရးအတြက္ နားသင့္ၿပီ ’ ဆိုတာမ်ိဳး မိတ္ေဆြတခ်ိဳ႕က အႀကံေပးၾကပါတယ္။ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ မနားပါဘူး။ နားလို႔လည္း မျဖစ္ဘူး။ ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးလုပ္ေနတာဟာ တာဝန္ေက်ဖို႔အတြက္ လုပ္ေနတာမဟုတ္ပါဘူး။
အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္ လုပ္ေနတာျဖစ္ပါတယ္။ ဘယ္အခ်ိန္တာဝန္ေက်မလဲဆိုရင္ အေရးေတာ္ပုံေအာင္မွသာ တာဝန္ေက်မွာပါ။ တာဝန္ၿပီးဆုံးမွာပါ။ ပန္းတိုင္ေရာက္ခါနီး အခက္အခဲဆုံးအဆင့္ေရာက္မွ ‘ ခင္ဗ်ားတို႔ပဲ သြားၾကေတာ့’ ဆိုၿပီး က်န္တဲ့သူေတြကို မလႊတ္လိုက္ႏိုင္ပါဘူး။ အေရးေတာ္ပုံေအာင္ေတာ့မွ ေနရာေကာင္းယူၿပီး ေအာင္ပြဲဝင္ခံရမွာ လိပ္ျပာမလုံပါ။ အဲဒါေၾကာင့္ ဆက္ၿပီး ေတာ္လွန္ေနမွာပါ။
ကြၽန္ေတာ့္အတြက္ ဘဏ္အေကာင့္ေတြ အပိတ္ခံရတာဟာ ဂုဏ္ျပဳခံရတာလို႔ပဲ မွတ္ယူပါတယ္။ ဘာလို႔လဲဆိုေတာ့ စစ္ေကာင္စီဟာ သူတို႔ကို ဆန႔္က်င္ၿပီး ေတာ္လွန္ရင္ အသက္ေသေအာင္၊ ဘဝပ်က္ေအာင္ ယုတ္မာေနတာမဟုတ္လား။ စိတ္ကိုျပင္ဆင္ထားၿပီးသားမို႔ ေအးေဆးပါပဲ။
ဒီစာကိုေရးတာဟာလည္း စစ္ကြၽန္ဘဏ္ KBZ ရဲ႕ တာဝန္ယူမႈ၊ တာဝန္ခံမႈအေျခအေနနဲ႔ စစ္ေကာင္စီလက္ေအာက္မွာ ျပည္သူေတြရဲ႕ အသက္၊ အိုးအိမ္စည္းစိမ္ေတြ ဘာတစ္ခုမွမလုံၿခဳံေတာ့ဘူးဆိုတာ ျပည္သူေတြ ေသခ်ာသိေစခ်င္႐ုံပါ။ မိတ္ေဆြတို႔အေနနဲ႔ ထဲထဲဝင္ဝင္အလုပ္လုပ္ေနၿပီဆိုရင္ အေကာင့္လုံၿခဳံေရးကို ေသခ်ာဂ႐ုစိုက္ၾကေစလိုပါတယ္။
အေရးေတာ္ပုံမုခ်ေအာင္ရမည္ ။ မိုးခ