Fionna Murray လို့ အမည်ရတဲ့ အသက် 28 နှစ်အရွယ် အမျိုးသမီးဟာ ယခင်က 26 စတုံခွဲ (371 ပေါင်) အလေး ချိန်ရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဒါပေမယ့် လွန်ခဲ့တဲ့ 4 နှစ်ကမှ အဆီပိုတွေနဲ့ ပိုလျှံအရေပြားတွေကို ခွဲစိတ်ဖယ် ရှားခဲ့ လို့ 13 စတုံ (182 ပေါင်) အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီအတွက် တစ်ခြားဘာပြဿနာမှ မရှိပေမယ့် လေယာဉ်စီးဖို့ လေဆိပ်ကို သွားချိန်မှာတော့ ပြဿနာတွေ အများကြီးတက်ခဲ့ပါတယ်။
လေဆိပ်လုံခြုံရေးတွေဟာ ပက်စ်ပို့ဓာတ်ပုံထဲကနဲ့ လုံး၀ ကွဲပြားနေတဲ့ Fionna ကို မသင်္ကာဖြစ်သွားပြီး၊ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
သူမဟာ လန်ဒန်မှ တူရကီကို သွားရောက်စဉ်တုန်းက ဘာပြဿနာမှ ရှိခဲ့ပေမယ့် တူရကီမှ လန်ဒန် အရှေ့တောင်ပိုင်း Deptford ကို ပြန်လာစဉ်မှာတော့ လေဆိပ်မှာ လုံခြုံရေးတွေရဲ့ စစ်ဆေးမှုကို ခံခဲ့ရတာပါ။
အခန်းတစ်ခုထဲမှာ ခါးအထက်ပိုင်းအဝတ်တွေကိုပါ ချွတ်ဖို့အထိ ဖိအားပေးခံခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ Fionna က ” ကျွန်မကို တရားခံတစ်ယောက်လို ပြုမူခံခဲ့ရလို့ သိပ်ကို စိတ်ဆိုးပါတယ် .. သိပ်ကို ကြောက်ခံရတယ်
ဒါဟာ ကျွန်မရဲ့ အရှက်တရားနဲ့ သိက္ခာကို အတင်းစော်ကားလိုက်တာပါဘဲ သူတို့က ကျမကို သူများပက်စ်ပို့ ခိုးလာတဲ့သူလို့ ထင်နေတာပါ “လို့ ပြောခဲ့ပါတယ်။
Fionna က ဆက်လက်ပြီး “အပေါ်ပိုင်းကို ချွတ်ပြလိုက်တော့မှ သူတို့တစ်တွေ ခွဲစိတ်စဉ်က ကျန်ခဲ့တဲ့ အမာရွတ်နဲ့ အနာ ကြပ်စည်းရာတွေကို မြင်သွားခဲ့တာပါသူတို့က တောင်းပန်ဖို့မပြောနဲ့ လူကို ငေါက်ငမ်းပြီး သွားနိုင်ပြီ မင်းလေယာဉ်က ထွက်တော့မှာဆိုပြီး ပြောခဲ့ပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။
သူမဟာ ဒီပက်စ်ပို့နဲ့ပဲ အမေရိကန်၊ ဂျာမနီနိုင်ငံတွေကို အားလပ်ရက် အလည်သွားခဲ့ပေမယ့် တစ်ခြားဘာပြဿနာမှ မရှိခဲ့ပါဘူး။ အခုကိစ္စအတွက် တူရကီရှိ လေဆိပ်တာဝန်ခံတွေဘက်က တောင်းပန်စာရော၊ သတင်းထုတ်ပြန်ချက်ပါ အခုထက်ထိ ဘာမှ မတုန့်ပြန်သေးဘူးလို့ သိရပါတယ်။
Fionna Murray လို့ အမည်ရတဲ့ အသက် 28 နှစ်အရွယ် အမျိုးသမီးဟာ ယခင်က 26 စတုံခွဲ (371 ပေါင်) အလေး ချိန်ရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဒါပေမယ့် လွန်ခဲ့တဲ့ 4 နှစ်ကမှ အဆီပိုတွေနဲ့ ပိုလျှံအရေပြားတွေကို ခွဲစိတ်ဖယ် ရှားခဲ့ လို့ 13 စတုံ (182 ပေါင်) အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီအတွက် တစ်ခြား ဘာပြဿနာမှ မရှိပေမယ့် လေယာဉ်စီးဖို့ လေဆိပ်ကို သွားချိန်မှာတော့ ပြဿနာတွေ အများကြီးတက်ခဲ့ပါတယ်။
လေဆိပ်လုံခြုံရေးတွေဟာ ပက်စ်ပို့ဓာတ်ပုံထဲကနဲ့ လုံး၀ ကွဲပြားနေတဲ့ Fionna ကို မသင်္ကာဖြစ်သွားပြီး၊ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
သူမဟာ လန်ဒန်မှ တူရကီကို သွားရောက်စဉ်တုန်းက ဘာပြဿနာမှ ရှိခဲ့ပေမယ့် တူရကီမှ လန်ဒန်အရှေ့တောင်ပိုင်း Deptford ကို ပြန်လာစဉ်မှာတော့ လေဆိပ်မှာ လုံခြုံရေးတွေရဲ့ စစ်ဆေးမှုကို ခံခဲ့ရတာပါ။
အခန်းတစ်ခုထဲမှာ ခါးအထက်ပိုင်းအဝတ်တွေကိုပါ ချွတ်ဖို့အထိ ဖိအားပေးခံခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ Fionna က ” ကျွန်မကို တရားခံတစ်ယောက်လို ပြုမူခံခဲ့ရလို့ သိပ်ကို စိတ်ဆိုးပါတယ် .. သိပ်ကို ကြောက်ခံရတယ်ဒါဟာ ကျွန်မရဲ့ အရှက်တရားနဲ့ သိက္ခာကို အတင်းစော်ကားလိုက်တာပါဘဲ သူတို့က ကျမကို သူများပက်စ်ပို့ ခိုးလာတဲ့သူလို့ ထင်နေတာပါ “လို့ ပြောခဲ့ပါတယ်။
Fionna က ဆက်လက်ပြီး “အပေါ်ပိုင်းကို ချွတ်ပြလိုက်တော့မှ သူတို့တစ်တွေ ခွဲစိတ်စဉ်က ကျန်ခဲ့တဲ့ အမာရွတ်နဲ့ အနာ ကြပ်စည်းရာတွေကို မြင်သွားခဲ့တာပါ … သူတို့က တောင်းပန်ဖို့မပြောနဲ့ လူကို ငေါက်ငမ်းပြီး … သွားနိုင်ပြီ … မင်းလေယာဉ်က ထွက်တော့မှာဆိုပြီး ပြောခဲ့ပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။