သြစတေးလျ၊ Queensland ပြည်နယ်၊ Caloundra မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ဖိနပ်ချွတ်စင်ပေါ်မှာ ချွတ်ထားတဲ့ ကမ်းခြေစီးဖိနပ်ကို ယူစီးမယ်ဆိုပြီး သေချာကြည့်စဉ်မှာ ကံကောင်းထောက်မစွာနဲ့ အဆိပ်ပြင်းမြွေတစ်ကောင် ရောက်နေခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။
မြွေအမျိုးအစားကတော့ Red-bellied black snake လို့ ခေါ်တဲ့ အဆိပ်ပြင်း မြွေအမျိုးအစားဖြစ်ပြီး အကောင်ကတော့ အကောင်ပေါက်အရွယ်သာ ရှိပါသေးတယ်။ သူရဲ့အရောင်နက်နက်က ဖိနပ်ရဲ့ အရောင်နက်နက်နဲ့ ရောထွေးနေပြီး ရုတ်တရက် မြင်နိုင်ဖို့ ခက်ပါတယ်။ ဗိုက်သားပြင်ဟာ အနီရောင်သန်းနေတတ်ပါတယ်။
ဒီအဖြစ်အပျက်ကို Sunshine Coast Snake Catchers Facebook မှာ ပြန်လည် မျှဝေထားပြိး အဆိုပါ စာမျက်နှာမှာတော့ ” Caloundra မှာ ထိုင်တဲ့ အမျိုးသမီးကတော့ ခရစ်စမတ်လက်ဆောင်အဖြစ် ဒီမြွေပေါက်ကလေး သူမရဲ့ ဖိနပ်ပေါ်မှာ တွယ်ကပ်နေတာကို တွေ့ခဲ့ရပါတယ် … သြဇီမှာတော့ တွေ့ရလေ့ရှိတဲ့ Red-bellied black snake မြွေ ဖြစ်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။
မှတ်ချက်ရေးသူတစ်ယောက်ကတော့ “စာကိုသာ သေချာမဖတ်မိဘူးဆိုရင် ကျွန်တော်လည်း မြင်မှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ အဆိုပါ မြွေမျိုးဟာ ရန်လိုတဲ့သတ္တဝါတွေ ဖြစ်ကြပြီး၊ သူတို့အတွက် အန္တရာယ်လို့ထင်တဲ့ သတ္တဝါတွေကို ဦးတည်တိုက်ခိုက်လေ့ရှိပါတယ်။ အဆိပ်လည်းရှိပြီး လူကိုတော့ မသေနိုင်စေပေမယ့် ခံရခတ်တဲ့ အဆိပ်ကို ပိုင်ဆိုင်ကြပါတယ်။
သြစတေးလျ၊ Queensland ပြည်နယ်၊ Caloundra မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ဖိနပ်ချွတ်စင်ပေါ်မှာ ချွတ်ထားတဲ့ ကမ်းခြေစီးဖိနပ်ကို ယူစီးမယ်ဆိုပြီး သေချာကြည့်စဉ်မှာ ကံကောင်းထောက်မစွာနဲ့ အဆိပ်ပြင်းမြွေတစ်ကောင် ရောက်နေခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။
မြွေအမျိုးအစားကတော့ Red-bellied black snake လို့ ခေါ်တဲ့ အဆိပ်ပြင်း မြွေအမျိုးအစားဖြစ်ပြီး အကောင်ကတော့ အကောင်ပေါက်အရွယ်သာ ရှိပါသေးတယ်။ သူရဲ့အရောင်နက်နက်က ဖိနပ်ရဲ့ အရောင်နက်နက်နဲ့ ရောထွေးနေပြီး ရုတ်တရက် မြင်နိုင်ဖို့ ခက်ပါတယ်။ ဗိုက်သားပြင်ဟာ အနီရောင်သန်းနေတတ်ပါတယ်။
ဒီအဖြစ်အပျက်ကို Sunshine Coast Snake Catchers Facebook မှာ ပြန်လည် မျှဝေထားပြိး အဆိုပါ စာမျက်နှာမှာတော့ ” Caloundra မှာထိုင်တဲ့ အမျိုးသမီးကတော့ ခရစ်စမတ်လက်ဆောင်အဖြစ် ဒီမြွေပေါက်ကလေး သူမရဲ့ ဖိနပ်ပေါ်မှာ တွယ်ကပ်နေတာကို တွေ့ခဲ့ရပါတယ် … သြဇီမှာတော့ တွေ့ရလေ့ရှိတဲ့ Red-bellied black snake မြွေ ဖြစ်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။