တပ်ရဲ့ မလွယ်ပေါက်ကနေ ရင်တထိတ်ထိတ်နဲ့ ထွက်ပြေးခဲ့ရပုံတွေကို ပြန်လည်ပြောပြလာတဲ့ ဗိုလ်ကြီးခန့်ကို
ဗိုလ်ကြီးခန့်ကို စစ်ဗိုလ်စဖြစ်တော့ ၂၀၁၄ မှာပေါ့။ တပ်ထဲမှာ နေရတာ သူအရမ်းပျော်တယ်။ ၇နှစ် သံယောဇဥ်လေ..။ တပ်ထဲက ညီအစ်ကိုတွေကို သူသံယောဇဥ် အရမ်းကြီးတယ် ။ တပ်ထဲမှာရှိတဲ့ ရဲ ဘော်ရဲဘက် မိသားစု တွေကလည်း သူ့ကိုသိပ်ချစ်ကြတယ် ။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့အထိပါပဲ။ သူ့ရဲ့အိပ်မက်ဆိုးတွေထဲကတစ်ခုဖြစ်တဲ့ညစ်ညမ်း ဆိုးရွားလှတဲ့၊ ရက်စက်ကြမ်းကြုတ်လှတဲ့၊ အနိုင်ကျင့်တဲ့ လူတစ်စု၊ အဲ့ဒီ အာဏာရှင်လူတစ်စု ဘက်ကို သူရောက်မှန်းမသိ ရောက်နေပြီဆိုတာ သူသိလိုက်ရတယ်။
လူချစ်လူခင် ပေါတဲ့ ခန့်ကိုတစ်ယောက် အဲဒီကတည်းက ပြောင်းလဲလာတာပဲ..။ စစ်တပ်က အာဏာသိမ်းပီး နောက်ပိုင်း တပ်ကမုန်းမယ့် အပြုအမူအတွေးအခေါ်တွေကို တပ်တွင်းမှာ စပြောလာတယ်။
သူ မတရားမှုကိုမြင်ရ တော့ စိတ်မချမ်းသာဘူးလေ။ သူက ကိုယ်မှန်တယ်ထင်ရင် ပြောလိုက်ရမှ၊ ရေငုံ နှုတ်ပိတ်ပြီး မအောင့်နိုင်တာ သူ့ အကျင့်..။ ခန့်ကိုက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စစ်ဗိုလ်အဖြစ်နဲ့ တပ်မှာ နာမည်ကြီးလာတယ်။ ရလဒ်ကတော့ စောင့်ကြည့်စာရင်းထဲမှာပါလာတယ်။
စစ်သားတွေ စစ်ဗိုလ်တွေ ပြည်သူ့ရင်ခွင်ပြေးဝင်တဲ့ သတင်းတွေ သူကြားရတော့ သူ အရမ်း ထွက်ပြေးချင်လာတယ်။ တပ်က စောင့်ကြည့်နေကြတော့ ဘယ်လိုမှ ထွက်လို့မရ..။
သူချစ်တဲ့ ညီလေးတွေကို သူ့စိတ်ကူးပြောပြတယ်။ နောက်ဆုံး စိတ်တူကိုယ်တူ ဗိုလ်အဆင့် ညီ လေးတစ် ယောက်တွေ့သွားတယ်။ ခန့်ကိုနဲ့ အဲဒီညီလေးတိတ်တဆိတ်ထွက်ပြေးကြဖို့ တိုင်ပင်ထားတယ်။သူတို့ အဲဒီညက အိပ်မပျော်ဘူး။
မနက် ၄နာရီကြီးပေါ့။ တပ်ရဲ့ မလွယ် ပေါက်က နေ ဆိုင်ကယ်နဲ့ မောင်းပြေးခဲ့တာ..။
အဲဒီနေ့က ၁၆ ရက် ၅လ ၂၀၂၁ ခုနှစ်… မနက် ၄နာရီ.. ခန့်ကို ဘဝမှာ မေ့မရတဲ့နေ့ပါပဲ။ မြို့နဲ့တပ်နဲ့က အဝေးကြီးရယ်….။
မိုင်၃၀ လောက် အကွာအ ဝေးရှိတာမို့ သူတို့ မြို့ပေါ်ရောက်တဲ့ အထိ ခက်ခက်ခဲခဲထွက်ခဲ့ရတယ်။ ပြန်မိရင်တော့ သွားပြီ..။ သူတို့ကို စစ်အာဏာရှင်တို့ပြန်ပေးမှာက သေဒါဏ်..အာဏာရှင်တို့ အမျိုးမျိုး ရိုက်နှိက် နှိပ်စက်တာ မခံလိုတော့ပြီ။
နောက်ဆုံး သူတို့ ကားဂိတ် ရောက်လာတယ်။ အဲဒီနေ့က နေရောင်ခြည်က အရင်နေ့တွေကထက်ပိုနွေးထွေးနေတယ်။ လွတ်မြောက်ပြီ..။ ဆိုင်ကယ်သော့ကို ဆိုင်ကယ်မှာတန်းလန်းချိတ်ပြီး ပစ်ထားခဲ့တယ်။
သူတို့နှစ်ယောက် ရောက်တတ်ရာရာ ဟိုပုန်း ဒီပုန်းပါပဲ။ နောက်ဆုံး အာဏာရှင်ဆန့်ကျင်တဲ့အဖွဲ့တစ်ဖွဲ့နဲ့ ချိတ်မိသွားတယ်။ သူတို့ကို အဲဒီအဖွဲ့က စောင့်ရှောက်ပေးထားခဲ့တယ်။
ဒီလိုနဲ့ သူတို့ ပြည်သူ့ရင်ခွင် – People’s Embrace teamနဲ့ချိတ်ဆက်မိတယ်။ အခုတော့ ခန့်ကိုက CDMစစ်သားနဲ့ ရဲ တွေကို CDM ကူညီပေးနေတဲ့သူ ပြန်ဖြစ်နေပြီ။ သူဝမ်းသာတယ်။
ပြည်သူ့ရင်ခွင် team ရောက်ကတည်းက သူ တစ်ရက်မှ မနားသေးဘူး။ သူ အရမ်းကြိုးစားတယ်။ သူ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလို အာဏာရှင်ကို ဆန့်ကျင်တယ်။
သူ အာဏာရှင်စနစ်ကို မုန်းတာပါ။ မဟုတ် မခံတဲ့ စိတ်ရှိတာပါ။ ရာထူးနဲ့ အာဏာကြောင့် သည်းခံပြီး ကျွန်လိုမနေချင်ခဲ့တာပါ။ မာနရှိတာပါ။
တကယ်တော့ သူတပ်ထဲက သူငယ်ချင်းတွေကို သိပ်သတိရတယ်။ ၇နှစ် နေခဲ့တဲ့တပ်ထဲက သံယောဇဥ် တွေလေ.ဘယ်ကိုပြေးရ ပြေးရ သူသွားလေရာပါ အောင်ယူခဲ့တဲ့ မာဖလာလေး တစ်ခုလည်းသူနဲ့အတူရှိနေတယ်။သူ့ကို ယုံကြည်ချစ်ခင်တဲ့ ညီလေးတစ်ယောက်က သူနောက်ဆုံး တပ်ကထွက်ပြေး ခါနီးလက်ဆောင် ပေးလိုက်တာပေါ့..။အဲဒီ ညီလေးကို ခန့်ကို သတိရနေပါတယ်။
တခါတလေကျ နေရာများစွာဟာ လျှို့ဝှက်နက်နဲစွာဖုံးအုပ်ထားတယ်။ ဒါဟာ အာဏာရှင်စနစ်ဆိုတာ သူ မသိခဲ့။ သူကတော့ Captãin Zéro လို့သိကြတဲ့ CDM ဗိုလ်ကြီး Khant Ko ဖြစ်ပါတယ်။
သူ တပ်ထဲမှာ အပူအပင်မရှိ ပျော်ခဲ့ဖူးတယ်။အခုလည်း သူပျော်ပါတယ်။ ဒါပေမဲ့ သူ့ဘေးမှာရှိတဲ့လူတွေကတော့ပြောင်းသွားပြီ။အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့ တိုက်ပွဲဝင်နေရတာ သူပျော်တယ်။တပ်ထဲမှာကျန်ခဲ့တဲ့ သူ့ညီအစ်ကိုတွေကိုလည်း သူပျော်သလို ပျော်ရွှင်စေလိုပါတယ်။
Crd